News

ဈေးသက်သာတဲ့ Nokia ရဲ့ Lumia 525 Windows Phone

သတင်းတွေထွက်နေတာကြာပြီဖြစ်တဲ့ Lumia 525 ကို Nokia က တရား၀င် ထုတ်ဖော်ပြသလိုက်ပါတယ်။ Lumia 520 ရဲ့ မျိုးဆက်သစ်ဖြစ်ပြီး Lumia 525 ဟာ 520 နဲ့ အတော် ဆင်တူပါတယ်။ အတွင်းပိုင်းမှာလည်း ပြောင်းလဲမှုသိပ်မရှိပါဘူး။ 5 Megapixel Camera ကို တပ်ဆင်ထားပြီး မျက်နှာချင်းဆိုင် ကင်မရာတော့ မပါရှိပါဘူး။ လေးလက်မ WVGA Display ကို တပ်ဆင်ထားပြီး 1GHz Processor ကိုတပ်ဆင်ထားပါတယ်။ 8 GB Storage ပါရှိပြီး ရွေးချယ်နိုင်တယ်လို့ သိရပါတယ်။

Lumia 520 နဲ့ အဓိက ကွာခြားချက်က RAM ဖြစ်ပြီး Lumia 520 မှာ 512 RAM သာပါရှိပြီး 1GB RAM လိုအပ်တဲ့ တစ်ချို့ Apps တွေနဲ့ ဂိမ်းတွေ ဆော့ကစားရင် ပြဿနာ အနည်းငယ်ရှိပါတယ်။ 525 မှာ တော့ ဒီပြဿနာကိုဖြေရှင်းထားပြီး 1GB RAM ထည့်ပေးထားပါတယ်။ အနက်၊ အဖြူ၊ လိမ်မော် ၊ အဝါ ရောင်တို့ရွေးချယ်၀ယ်ယူနိုင်မှာဖြစ်ပြီး ကာဗာတွေကို ဖြုတ်တပ် လဲလှယ်လို့ရပါတယ်။

Lumia 520 ဟာ အမေရိက ဖုန်းဈေးကွက်မှာတော့ ရောင်းအားကောင်းခဲ့ပေမယ့် Lumia 525 ကိုတော့ အမေရိက မှာရောင်းချမှာမဟုတ်ပါဘူး။ Africa, Asia Pacific, the Middle East တို့မှာ ရောင်းချမှာဖြစ်ပါတယ်။ ဈေးနှုန်း ဒေါ်လာ ၁၉၉ (စင်ကာပူ ဒေါ်လာ ၂၄၉) သတ်မှတ်ထားပြီး ဒီဇင်ဘာလ (၁၄) ရက်နေ့မှာ စင်ကာပူ မှာ စတင်ရောင်းချမှာဖြစ်တယ်လို့ Nokia က ပြောကြားပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *