News

Nokiaက Microsoftကို မရောင်းခင် Lumiaဖုန်းတွေမှာ Androidကို စမ်းသပ်ခဲ့

မကြာသေးခင်ကမှ Microsoftဟာ Windows Phoneတွေရဲ့ Platformကို ပိုမိုတိုးတက် ကောင်းမွန်စေဖို့ အတွက် Nokiaရဲ့ စမတ်ဖုန်းအုပ်စုကို ၀ယ်ယူခဲ့ပါတယ်။ ဒါပေမယ့် ဒီနေရာမှာ စိတ်၀င်စားဖို့ ကောင်းတဲ့ သတင်းတစ်ခု ထွက်လာပါတယ်။ နယူးယောက်တိုင်းမ် သတင်းစာရဲ့ ထုတ်ပြန်ချက်တစ်ခုအရ Nokiaဟာ ၎င်းတို့ရဲ့ Lumiaဖုန်းတွေမှာ Android OSကို စမ်းသပ်ခဲ့ပါသတဲ့။ ဒီလိုစမ်းသပ်ခြင်းဟာ Microsoftကို မရောင်းချခင်က ဖြစ်ပြီး Windows 8 OSတွေကိုသာ တစိုက်မတ်မတ် သုံးကာ ထုတ်လုပ်ခဲ့တဲ့ Lumiaဖုန်းတွေရဲ့ ဖန်တီးရှင် Nokiaရဲ့ ထူးခြားချက် တစ်ခုပါ။

Microsoftရော Nokiaကပါ အဆိုပါ သတင်းအတွက် ထင်မြင်ချက် တစ်စုံတစ်ရာပေးဖို့ ငြင်းဆိုခဲ့ကြပြီး Androidသုံးထားတဲ့ Lumiaဖုန်းတွေ တကယ်ပဲ ထွက်ရှိလာမလား ဆိုတာကတော့ စောင့်ကြည့်ရမယ့် အချက်တစ်ခုဖြစ်နေပါတယ်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *