News

Windows 8.1 RT ကို Update လုပ်တဲ့ Windows RT Tablets တွေမှာဖြစ်ပေါ်တဲ့ Error တွေအတွက် Microsoft က Fix ပြုလုပ်ပေး

ပြီးခဲ့တဲ့ရက်ပိုင်းက Windows RT 8.1 ကို Update လုပ်လိုက်တဲ့ Windows RT Tablets တွေမှာ ပြဿနာဖြစ်ပေါ် ခဲ့ပါတယ်။အဲဒီအတွက် Boot ဖိုင်တွေပျက်ဆီးသွားတဲ့စက်တွေကိုပြင်ဆင်ဖို့  Recovery Media ကို Guide နဲ့အတူ Microsoft ကပြုလုပ်ပေးလိုက်ပါပြီ။ Windows Store ကနေ Windows RT 8.1 Update ကိုပြန်ပေးဖို့လုပ်ဆောင်နေပါတယ်။အဆင်မပြေမှုတွေအတွက်တောင်းပန်ပါတယ် လို့ Microsoft ကထပ်မံပြောဆိုပါတယ်။

ပြီးခဲ့တဲ့ စနေနေ့က Windows 8.1 RT Update ကို Windows Store ကနေဖယ်ရှားလိုက်တာပါ။ အသုံးပြုသူတွေကပြဿနာတွေကို Report လုပ်လိုက်လို့ဖြစ်ပါတယ်။ ပြဿနာက Upgrade လုပ်တဲ့အခါမှာပေါ်လာတဲ့ Start Screen မှာဖြစ်ပါတယ်။ ”Boot Configuration File is missing some required information.” ဆိုပြီး Blue Screen ပေါ်လာတယ်လို့ အသုံးပြုသူတွေကပြောပါတယ်။

အဲဒီပြဿနာဟာ Surface RT ကိုအသုံးပြုပြီး Windows RT 8.1 ကို Upgrade ပြုလုပ်သူ အယောက်တစ်ထောင်မှာ တစ်ယောက်သာ ဖြစ်တာပါ လို့ Microsoft ရဲ့  Blog Post တစ်ခုမှာရေးသားထားပါတယ်။

အဲဒီအတွက် Microsoft က Recovery Image ကို သူ့ Website  မှာပြုလုပ်ပေးထားပါတယ်။ ညွှန်ကြားချက် ဖိုင်လည်းပါရှိပြီး Boot မတက်တော့တဲ့ Surface RT တွေကိုပြန်ပြင်ဆင်နိုင်ပါပြီ။

Windows RT 8.1 ကို Windows Store မှာဘယ်နေ့ Update ပြန်ပေးမလဲဆိုတာကိုတော့မပြောကြားသွားပါဘူး။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *