News

CDMA ဆင်းမ်ကတ် ရောင်းချမှု ရပ်ဆိုင်း

မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း (MEC)က ဧပြီလမှစူတင်၍ အလုံးရေ အကန့်အသတ် ဖြင့် လစဉ်ဖြန့်ချီ နေသည့် ကျပ် ၁၅၀၀ တန် (CDMA 800 MHz) မိုဘိုင်း ဖုန်းဆင်းကတ်များကို အောက်တိုဘာလ မှ စတင်၍ ရောင်းချမှုရပ်ဆိုင်း လိုက်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း(MPT)က ထုတ်ပြန်သည်။

ဧပြီလမှ ဇွန်လအထိလစဉ် CDMA ကတ်သုံးသိန်းငါးသောင်း ကိုဖြန့်ချီခဲ့ပြီး ဇူလိုင်လ မှ စက်တင်ဘာလအထိ လစဉ်ကတ် တစ်သိန်းငါးသောင်း သို့ လျှော့ချခဲ့ရာမှ ယခုလတွင် ရောင်းချမှု လုံး၀ရပ်ဆိုင်း လိုက်ခြင်းဖြစ်သည်။

“လိုင်းထပ်တိုးလို့ မရတော့ဘူး ၊ အဲဒါကြောင့်ရပ်လိုက်တာ “ ဟုမြန်မာဆက်သွယ်ရေး လုပ်ငန်း မှ တာ၀န်ခံ အင်ဂျင်နီယာ တစ်ဦးက ရှင်းပြသည်။ CDMA လိုင်းတပ်ဆင် အားကို ထပ်မံတိုးချဲခြင်းမရှိ သည့်အတွက် ဖုန်းလိုင်း ထပ်တိုးရောင်းချရန် မဖြစ်နိုင်ကြောင်း၊ CDMA ဖုန်းကတ်များထပ်မံရောင်းချရန် အစီအစဉ်ရှိမရှိ မှာမူ MEC ကလိုင်းအင်အား ထပ်တိုးမတိုး အပေါ်မူတည်ကြောင်း ၄င်းကထပ် လောင်းပြောကြား သည်။

ယင်းသို့ CDMA ကတ်များ ရောင်းချ မှုရပ်ဆိုင်းလိုက်သဖြင့် အောက်တိုဘာလ အတွက် GSM/WCDMA ဖုန်းလိုင်း များကို သုံးသိန်း ခြောက်သောင်း အထိတိုးမြှင့်၍ တိုင်းဒေသကြီးနှင့် ပြည်နှယ်များသို့ ခွဲဝေဖြန့်ချီ မည်ဖြစ်ကြောင်း မြန်မာဆက်သွယ်ရေး လုပ်ငန်း ကဆိုသည်။ အောက်တိုဘာ ၂၃ရက် နေ့ မှစတင်၍ GSM ကတ် ၂၅၈,၀၀၀ နှင့် WCDMA ၁၀၂,၀၀၀ ကိုခွဲဝေ ရောင်းချမည်ဖြစ်ရာ ရန်ကုန်တိုင်းဒေသကြီးတွင် စုစုပေါင်း ကတ်ခုနှစ်သောင်း ကျော်အများဆုံး ရောင်းချမည် ဟုသိရ သည်။

သမ္မတ ဦးသိန်းစိန်၏ ညွှန်ကြားချက်အရ ဧပြီလမှစတင်၍ CDMA ကတ် ၁ဒသမ ၅သန်းနှင့် GSM / WCDMA စုစုပေါင်း ခြောက်သိန်း ကျော်ရောင်းချထားပြီး ဖြစ်သည်ဟု ဆိုသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *