News

မကြာခင်ထွက်ရှိတော့မယ့် iPhoneမျိုးဆက်သစ်

Appleကတော့ ၎င်းတို့ရဲ့အိုင်ဖုန်းအသစ်ကို လာမယ့်စက်တင်ဘာ ၁၀ရက်နေ့မှာ ပွဲထုတ်ကြေညာတော့မှာ ဖြစ်ပါတယ်။ တကယ်တမ်း ဖြန့်ဖြူးရောင်းချမှာကတော့ စက်တင်ဘာ ၂၀ရက်လို့ သတင်းတွေထွက်နေပြီး အဆိုပါ အိုင်ဖုန်းအသစ်နဲ့ ပတ်သက်လို့ ရရှိထားသမျှ သတင်းအချက်အလက် တွေကိုမြန်မာ အိုင်စီတီ ပရိတ်သတ်ကြီးအတွက် စုစည်းတင်ပြပေးလိုက် ပါတယ်။

၁။ အိုင်ဖုန်းအသစ်ကို iPhone 5Sလို့ နာမည်ပေးနိုင်ဖွယ် ရှိနေပြီး လက်ရှိiPhone5 နဲ့ အတော်ကို ဆင်တူပါတယ်။

၂။ ဒါပေမယ့် ပုံကိုကြည့်ပါ။ အတွင်းပိုင်းတွေက iPhone5 နဲ့ တစ်သွေမတိမ်း တူအောင် ဖန်တီးထားတာ မဟုတ်ပါဘူး။ (တရား၀င် Announceမလုပ်သေးတော့ ဒါဟာလည်း ခန့်မှန်းချက် တစ်ခုသာ ဖြစ်ပါတယ်။)

၃။ ပေါက်ကြားထားတဲ့ သတင်းတွေအရ iPhoneမျိုးဆက်သစ်ရဲ့ အတွင်းပိုင်းတွေဟာ သူ့အရှေ့က iPhoneတွေထက် လုံး၀ ကွဲပြားခြားနား တယ်လို့လည်း သိရပါတယ်။

၄။ Appleရဲ့ မျိုးဆက်သစ် Processorဖြစ်တဲ့ A7 Processorကို အသုံးပြုထားပြီး iPhoneအသစ်ကို အခုလိုပြင်ဆင် ပြောင်းလဲမှုတွေ လုပ်လိုက်တဲ့အတွက် ပိုမိုမြန်ဆန်လာမယ် လို့လည်း ဆိုပါတယ်။

၅။ ပြီးတော့လည်း iPhoneချစ်သူတွေ မျှော်လင့်နေတဲ့ Batteryကြာရှည်ခံဖို့ ကိစ္စလည်း ဒီiPhoneအသစ်မှာ ပါ၀င်လာပါတယ်။ ပိုမိုစွမ်းရည်ပြည့်၀သော Batteryအသစ်နဲ့ iPhoneအသစ်ကို ကြာရှည်ခံစေမှာပါ။

၆။ Cameraလည်း ပိုကောင်းလာမှာ ဖြစ်ပါတယ်။

၇။ ဒါ့အပြင် Appleဟာ ၎င်းတို့ရဲ့ iPhoneအသစ်မှာ Dual LED Flashကိုလည်း ထည့်သွင်းသွားနိုင်ဖွယ် ရှိပါတယ်။ ဓာတ်ပုံတွေရိုက်တဲ့အခါ Red Eyeတွေ ဖြစ်မနေတော့ဘူးပေါ့။

၈။ “Fingerprint”နည်းပညာကိုလည်း ထည့်သွင်းအသုံးပြုသွား နိုင်ချေရှိတယ်လို့ ထင်ကြေးပေးလျက် ရှိကြပါတယ်။ အဆိုပါ ကောလာဟလ ထွက်လာခဲ့ရတဲ့ အကြောင်းကတော့ Appleက လက်ဗွေနည်းပညာ ကုမ္ပဏီ Authentecကို ၀ယ်ယူလိုက်လို့ပဲ ဖြစ်ပါတယ်။ အဆိုပါ ကုမ္ပဏီဟာ Fingerprintနည်းပညာသာမက စီးပွားရေးလုပ်ငန်း အကြီးစားတွေရဲ့ လုံခြုံရေးFeatures တွေကိုပါ လုပ်ဆောင်နေတဲ့ ကုမ္ပဏိလည်း ဖြစ်ပါတယ်။ ဒါကြောင့် လူတွေက အခုလိုပြောနေကြတာ ဖြစ်ပြီး Appleအနေနဲ့လည်း သူတို့ရဲ့ iPhoneအသစ်ကို Featureအသစ်တွေနဲ့ တည်ဆောက်သွားဖို့ ဆန္ဒရှိနေပါတယ်။

၉။ အဆိုပါ Fingerprintဟာ Home Buttonမှာ ပါ၀င်လာနိုင်ဖွယ် ရှိပြီးHome Buttonဟာလည်း အခွက်ပုံစံအစား အခုံးဖြစ်လာမယ်လို့ သိရပါတယ်။ ခြစ်ရာ၊ ကုတ်ရာတွေကို ကာကွယ်ဖို့ Sapphire Glassနဲ့ ပြုလုပ်ဖန်တီးသွားမှာလည်း ဖြစ်ပါတယ်။

၁၀။ ပြီးခဲ့တဲ့ သြဂုတ် ၁၀ရက်နေ့က All Things Dသတင်းဋ္ဌာနဟာ “Appleရဲ့ ခမ်းနားကြီးကျယ်တဲ့ iPhoneအသစ် မိတ်ဆက်ပွဲ အတွက် သင့်ပြက္ခဒိန်ရဲ့ စက်တင်ဘာ ၁၀ရက်နေ့ကို ၀ိုင်းထားလိုက်ပါ” လို့တောင် ပြောကြားခဲ့ပါတယ်။ စက်တင်ဘာ ၁၀ရက်နေ့မှာ Announceလုပ်မှာ ဖြစ်ပြီး ၂၀ရက်နေ့ကျရင်တော့ ဖြန့်ချိရောင်းချ သွားမယ်လို့ သိရပါတယ်။

၁၁။ Appleအနေနဲ့ တရုတ်ပြည်မှာ ရောင်းချဖို့ တန်ဖိုးနည်း iPhoneတွေ ထုတ်လုပ်သွား လိမ့်မယ်လို့လည်း အချို့လူတွေက မျှော်လင့်နေပါတယ်။

၁၂။ အဆိုပါ တန်ဖိုးနည်းiPhoneဟာ ပလတ်စတစ်ကိုယ်ထည်နဲ့ ပြုလုပ်သွားမှာ ဖြစ်ပြီး ဒေါ်လာ ၃၅၀နဲ့ ရောင်းချသွားမှာပါ လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

၁၃။ နောက်ဆုံးရရှိထားတဲ့ သတင်းများအရတော့ တန်ဖိုးနည်း iPhoneတွေဟာ ပုံပါအတိုင်းပဲ ဖြစ်ပါတယ်။

၁၄။ တန်ဖိုးနည်း iPhoneတွေမှာလည်း Appleရဲ့ iPhone Softwareအသစ် ဖြစ်တဲ့ iOS 7ကို အသုံးပြု မောင်းနှင်သွားမှာ ဖြစ်ပါတယ်။

၁၅။ အဆိုပါ iPhoneကို iPhone 5Cလို့ နာမည်ပေး သွားမှာ ဖြစ်တယ်လို့လည်း အစောပိုင်းက ထွက်ရှိခဲ့တဲ့ သတင်းတွေက ဆိုထားပါတယ်။

3 thoughts on “မကြာခင်ထွက်ရှိတော့မယ့် iPhoneမျိုးဆက်သစ်

  1. Thein Tan says:

    Display ဘယ်နှ လက်မလဲ မပြော ဘူးနော်..

  2. Myanmar ICT says:

    Display ဘယ်နှလက်မလဲ ဆိုတာ တရားဝင်ထွက်ရှိတော့မှပဲသိရမှာပါ ခင်ဗျာ

  3. Thein Tan says:

    Thanks a lot !!!

Leave a Reply

Your email address will not be published. Required fields are marked *