သုံးခွေမြောက် တစ်ကိုယ်တော် “မိန်းကလေးတစ်ယောက် အသဲကွဲနေတယ်” ဒီဗီဒီခွေ ထွက်ရှိမည့် စက်တင်ဘာ ၂၁ရက်တွင် ၄င်း၏ နောက်ဆုံး သတင်းများကို ကိုယ်ပိုင်၀က်ဘ်ဆိုက်တွင် လွှင့်တင်သွားမည်ဖြစ်ကြောင်း ဖြူဖြူကျော်သိန်းက ပြောသည်ဟု သိရသည်။
“ဖြူဖြူရဲ့ အခွေထွက်တဲ့ရက်မှာပဲ www.phyuphyukyawthein.com ကို တရား၀င် လွှင့်တင်မှာ ဖြစ်ပါတယ်။ ဖြူဖြူရဲ့ သတင်းတွေ၊ အချက်အလက်တွေ နောက်ဆုံးဖြစ်တဲ့ သတင်းတွေကို မီဒီယာတွေက ညီအစ်ကို မောင်နှမတွေကို အသိပေးရုံတင်မကပဲ မြန်မာပြည်ရဲ့ မြေခြား ဘယ်နေရာမှာပဲရှိတဲ့ ပရိသတ်မှန်သမျှ အကုန်လုံးကို အွန်လိုင်းကနေပြီးတော့ ဖြူဖြူ ဘာဖြစ်နေပြီလဲဆိုတာကို သိရအောင်လို့ ဒီ၀က်ဘ်ဆိုက်ကနေ တင်မှာဖြစ်ပါတယ်”ဟု ဖြူဖြူကျော်သိန်းက ပြောသည်။
“မိန်းကလေးတစ်ယောက် အသဲကွဲနေတယ်” ဒီဗီဒီခွေတွင် ၄င်းကိုယ်တိုင် အပုဒ်တိုင်း ပါ၀င်သရုပ်ဆောင်ထားပြီး သီချင်းရိုက်ကူးမှု အပုဒ်တိုင်းတွင် ဖက်ရှင်ကို ဦးစားပေးထားတာ ဒါရိုက်တာ သုံးပေါင်တစ်ဦးတည်းက ရိုက်ကူးပေးထားသည်ဟု ဆိုသည်။ “ငှက်ကလေး”သီချင်းကို မိုဟေကိုက အရမ်းကြိုက်နှစ်သက်ပြီး ကိုယ်တိုင်ခံစားရသည့်အတွက် ၄င်းသီချင်းကို မေတ္တာဖြင့် ရိုက်ကူးပေးထားကြောင်း၊ အန္တရာယ် ကြောင်မလေးသီချင်းကို ရဲတိုက်၊ ကြောင်နှစ်ဒါဇင်တို့နှင့် ရိုက်ကူးထားသောကြောင့် ရဲတိုက် ပရိသတ်များ အမှတ်တရ ဖြစ်စေမည့် သီချင်းဖြစ်ကြောင်း ဖြူဖြူကျော်သိန်းက ပြောသည်။
“ကျွန်မ ဖြူဖြူကျော်သိန်း အသည်းကွဲနေပါတယ်။ ဘယ်သူ့ကြောင့်လဲ၊ ဘာကြောင့်လဲ၊ ဘယ်တုန်းကလဲ၊ ဘယ်လိုဖြစ်ခဲ့တာလဲဆိုတာ သိချင်တယ် ဆိုရင်တော့ “မိန်းကလေးတစ်ယောက် အသဲကွဲနေတယ်”ဒီဗီဒီခွေကို ဖန်သားပြင်မှာ စောင့်မျှော်ကြည့်ရှု ပေးပါလို့”ဟု ၄င်းက ပြောသည်။
wht types of news?
ဘ၀ချင်းတူတယ် ဒို့လည်းအတူတူပဲ ကိုချင်းစာပါတယ်