Archive, News

New Product – be Keyboard PC

Prolink Wireless Keyboard Desktop Combo PCWS-5001

ယခုအပတ်အတွက်တော့ Intel, KMD နှင့် Microsoft တို့မှ ပူးပေါင်းထုတ်လုပ်လိုက်သော be Keyboard Computer ကို မိတ်ဆက်ပေးလိုက်ရပါတယ်။

be Keyboard Computer ဟာဆိုရင်ဖြင့် Monitor နှင့် ချိတ်ဆက်လိုက်ရုံဖြင့် Desktop PC ကဲ့သို့ အသုံးပြုနိုင်ပြီး သေသပ်လှပသော Design နှင့် Window 10 License version ပါဝင်ပါသည်။ လုပ်ငန်းဆောင်တာများကို လျင်မြန်စွာလုပ်ဆောင်နိုင်ရန်အတွက် Processor ကို Intel Atom CPU Z3735F @1.33GHz ဖြင့်အသုံးပြုထားပြီး မှတ်ဉာဏ်မှာလည်း 2GB ရှိကာ အချက်အလက်များ သိုလှောင်ရန်အတွက် 32 GB ပမာဏရှိသော SSD ကိုအသုံးပြုထားပါသည်။ Graphics အနေဖြင့် Intel HD Graphic ကို အသုံးပြုထားပြီး Resolution 1920 x 1080 အထိရရှိမည်ဖြစ်သည်။

External Storage အနေဖြင့် Cloud Storage, External Hard Drive တို့နှင့် တွဲဖက်အသုံးပြုနိုင်ပြီး လိုအပ်သော ဆက်စပ်ပစ္စည်းများ ချိတ်ဆက်အသုံးပြုရန်အတွက်လည်း USB Ports ၂ ခု၊ HDMI၊ VGA၊ Earphone၊ LAN RJ45 port နှင့် Micro SD card slot များပါဝင်ပါသည်။ ထို့အပြင် Bluetooth (BT4.0) လည်းပါရှိပြီး Wi-Fi လည်းချိတ်ဆက်အသုံးပြုနိုင်မည်ဖြစ်သည်။ Operating System မှာလည်း Window 10 Home (32bit) License version ကို ထည့်သွင်းပေးထားသောကြောင့် Microsoft မှာ ဝန်ဆောင်မှုများကိုလည်း အသုံးပြုနိုင်ပါသည်။

be Keyboard Computer သည် Laptop တစ်ခု၏ keyboard အရွယ်အစားမျှသာရှိပြီး အလေးချိန် ၆၀၅ ဂရမ်သာရှိသော ပေါ့ပါးမြန်ဆန်စမတ်ကျသည့် keyboard computer ဖြစ်သည်။ be Keyboard Computer ကို Gold နှင့် Black အရောင်(၂)မျိုးဖြင့် မြန်မာနိုင်ငံအနှံ့ ဖြန့်ချီရောင်းချပေးသွားမည်ဖြစ်ပါသည်။ Parts & Services (Carried in) အာမခံချက် (၁)နှစ် ပါဝင်ပြီး မတ်လ (၁၆) ရက်မှစ၍ USD 199 ဖြင့် KMD Sales Center များနှင့် ရန်ကုန်မြို့ရှိ တရားဝင် အရောင်းကိုယ်စားလှယ်ဆိုင်များတွင် ဝယ်ယူနိုင်မည်ဖြစ်သည်။ အသေးစိတ် အချက်အလက်များကို http://www.be.com.mm တွင် ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *