Archive, News

တစ်ကမ္ဘာလုံး အမှတ်အများဆုံးဆု ၊ အာရှဒေသတွင်းအမှတ်အများဆုံးဆု ၊ ဘက်စုံထူးချွန်ဆု ၊ ဒီပလိုမာနှင့် ဘွဲ့လက်မှတ်များ ပေးအပ်ချီးမြှင့်ခြင်း အခမ်းအနား

KMD Institute ၏ ဒီပလိုမာ နှင့် ဘွဲ့လက်မှတ်များ ပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားကို ၂၀၁၆ ခုနှစ် မတ်လ(၁၆) ရက်နေ့ မနက် ၉:ဝ၀ နာရီမှ ၁၁:ဝ၀ နာရီအထိ UMFCCI တွင်ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အခမ်းအနားအစီအစဉ်အရ Dr. Mary Kiernan, (Deputy Head of the Department of Computing and Information Sciences of the University of Greenwich), Mr. Ronald Aung Moe Shwe (CEO of KMD Group of Companies) နှင့် Ms. Ei Ei Mon (Exams Services Manager, British Council, Myanmar ) တို့မှ အမှာစကားများပြောကြားခဲ့ကြပါသည်။

ဆက်လက်၍ December 2014 Exam တွင် University of Greenwich မှ B.Sc (Hons) Business IT Degree ကို First class ဖြင့် အောင်မြင်ခဲ့သော မောင်သက်ထွန်းအောင်မှ ဘွဲ့ရမောင်မယ်များကိုယ်စား သင်တန်းတက်ရာက်ခဲ့သောအတွေ့ကြုံ၊ ရရှိခဲ့သော Knowledge နှင့် အောင်မြင်ရခြင်းအကြောင်းရင်းများကို ရှင်းလင်းပြောကြားခဲ့ပါသည်။

ထို့နောက် အခမ်းအနားအစီအစဉ်အရ NCC Education (UK) မှ ကမ္ဘာ့အမှတ်အများဆုံးဆုရှင်များ (Global High Achiever Award) ဖြစ်သော March 2015 Exam တွင်ဆုရရှိသူ Level 5 Diploma in Computing(Second Year) မှ မောင်ကျော်ပြည့်စုံဝင်း၊ Level 4 Diploma in Computing (First Year) မှ မောင်သူရိန်ထွဋ်၊ အာရှဒေသတွင်း အမှတ်အများဆုံးဆုရရှိသူ(Regional High Achiever Award) ဖြစ်သော September 2014 တွင် Level 4 Diploma in Computing (First Year) မှ ဆုရရှိသူ မောင်ကောင်းဝေယံလင်း၊ December 2014 တွင်ဆုရရှိသူ Level 4 Diploma in Computing (First Year) မှ မောင်ဟိန်းထက်အောင် တို့အား လည်းကောင်း၊ Scottish Qualification Authority (SQA) မှ September 2015 တ ွင် Ambassadors Award ရရှိသူ မောင်အာကာကျော် မောင်သန့်စင်ဖြိုးနှင့် မမိုးသွယ် တို့အား ဂုဏ်ပြုလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

NCC Education (UK) နှင့် KMD တို့၏ ပူးပေါင်းချီးမြှင့်သော Scholarship အစီအစဉ်အရ Business IT(BIT), University of Greenwich(UK) ၏ ဘွဲ့သင်တန်းကို ဆက်လက်တက်ရောက်ရန်အတွက် နောက်ဆုံးနှစ်သင်တန်းကြေး (၃၇) သိန်းကို ကမ္ဘာ့အမှတ်အများဆုံးဆုရှင် မောင်ကျော်ပြည့်စုံဝင်း အားလည်းကောင်း၊ ဒုတိယနှစ်NCC (UK) သင်တန်း တက်ရောက်ရန် သင်တန်းကြေး သိန်း (၃၀) ကို အာရှဒေသတွင်း အမှတ်အများဆုံးဆုရရှိသူ မောင်သူရိန်ထွဋ် မောင်ဟိန်းထက်အောင်နှင့် မောင်ကောင်းဝေယံလင်းတို့အားလည်းကောင်း KMD မှပညာသင်ဆုအနေနှင့်ချီးမြှင့်ခဲ့ပါသည်။

SQA နှင့် KMD တို့၏ ပူးပေါင်းချီးမြှင့်သော Scholarship အစီအစဉ်အရ သင်တန်းကြေး ( ၁၈သိန်း၊ ၅သောင်း ) ကို Ambassadors Award ရရှိသူ မောင်အာကာကျော်မောင်သန့်စင်ဖြိုး နှင့် မမိုးသွယ် တို့အား KMD Institute မှ ပညာသင်ဆုအနေနှင့်ချီးမြှင့်ခဲ့ပါသည်။

ထို့နောက်၂၀၁၄ ခုနှစ် ဒီဇင်ဘာလ မှ ၂၀၁၅ ခုနှစ် စက်တင်ဘာလအတွင်း ကျင်းပခဲ့သောစာမေးပွဲများတွင် UK ၏ ကွန်ပျူတာသိပ္ပံဘွဲ့(Business Information Technology) ရရှိသူ(၈၆)ဦး၊ ဒုတိယနှစ်ဒီပလိုမာ (L5DC) ရရှိသူ (၁၃၂) ဦး၊ ပထမနှစ်ဒီပလိုမာ (L4DC) ရရှိသူ (၅၄) ဦး၊ SQA (UK) မှ HND ရရှိသူ (၂၅) ဦး ၊ City & Guild ဒီပလိုမာ ရရှိသူ (၂၁) ဦး တို့အား ဘွဲ့လက်မှတ်များ နှင့် ဒီပလိုမာ ပေးအပ်ချီးမြှင့်ခဲ့ပြီး ကြွရာက်လာကြသော ဧည့်သည်တော်များအား အကျွေးအမွေး အစီအစဉ်များဖြင့် ဧည့်ခံပြီး အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *