Archive, Education, News

Dulwich College International Foundation မှ Magic Bus ၏ မြန်မာနိုင်ငံတွင်း လုပ်ငန်းစဉ်များအတွက် အမေရိကန်ဒေါ်လာ ၄၀ဝ,ဝ၀ဝ ပံ့ပိုးကူညီ

ရန်ကုန်မြို့၊ ၂၀၁၆ခုနှစ် မတ်လ ၁၈ရက် – အပြည်ပြည်ဆိုင်ရာ NGO အဖွဲ့ဖြစ်သော  Magic Bus Myanmar မှ Dulwich International Schools Foundation (DISF)မှ ထောက်ပံ့သည် အမေရိကန်ဒေါ်လာ ၄၀ဝ,ဝ၀ဝ ဖြင့် လှိုင်သာယာနှင့် သံလျင်မြို့နယ်ရှိ ကလေးများအား ကူညီထောက်ပံ့ပေးမယ့် လုပ်ငန်းစီမံချက်ကို စတင်လိုက်ပြီဖြစ်ပါသည်။  ဤအစီအစဉ်သည် အခွင့်အလမ်းနည်းပါးသည့် ချို့တဲ့နွမ်းပါးသည့်ဘဝမှ လွတ်မြောက်စေရန် ကလေးငယ် ၂၅၀ဝ ကျော် တို့အား ကူညီသွားမည်ဖြစ်သည်။ အဆိုပါလှူဒါန်းမှုသည် Magic Bus Myanmar ၏ Education to Livelihood အစီအစဉ်၏ နှစ်နှစ်တာလုပ်ငန်းလည်ပတ်မှုဆိုင်ရာ ကုန်ကျစရိတ် အတွက် ပံ့ပိုးကူညီခြင်း ဖြစ်ပါသည်။ DISF သည် Dulwich College International (DCI)   ၏ ပထမဆုံး ပရဟိတ ဖောင်ဒေးရှင်းဖြစ်ပါသည်။ DCI သည် Pun Hlaing International School (PHIS) နှင့် British College Yangon (BYC) တို့၏ ပညာရေးဆိုင်ရာအကြံပေးအဖြစ် တာဝန်ယူဆောင်ရွက် လျက်ရှိပါသည်။

မြန်မာနိုင်ငံတွင် Magic Bus သည် လှုပ်ရှားကစားနည်းအပေါ်အခြေခံသည့် သင်ယူလေ့လာခြင်းနည်းစနစ်ကို အသုံးပြုကာ ဒေသခံလူငယ်များမှတဆင့် သင်ကြားစေခြင်းဖြစ်ပြီး ကလေးများကို ပညာရေး၊ လူမှုရေးနှင့် ကျား/မ ဆိုင်ရာ ပညာပေးသင်တန်းများကို ပို့ချပေးသွားမည်ဖြစ်ပါသည်။ Magic Bus Myanmar ၏ ငယ်ရွယ်စဉ်ကလေးဘဝမှ အသက်မွေးဝမ်းကျောင်း ပြုနိုင်သည့်အခြေအနေအထိ ပံ့ပိုးကူညီချဉ်းကပ်မှုပုံစံမှာ ဆန်းသစ်တီထွင်မှုရှိပြီး ကလေးငယ်များအား ပိုမိုကောင်းမွန်သည့်အနာဂတ်တစ်ခု ပိုင်ဆိုင်စေရန် လိုအပ်မည့်အရည်အသွေး နှင့် အခွင့်အလမ်းများကို အထောက်အပံ့ပေးပါသည်။ Magic Bus အဖွဲ့အစည်းသည် အိန္ဒိယနိုင်ငံ၏ အနွမ်းပါးဆုံးဖြစ်သည့် ကျေးလက်ဒေသများနှင့် မြို့ကြီးပြကြီးများရှိ ချို့တဲ့နွမ်းပါးလှသူများ အခြေချနေထိုင်ရာ နေရာများမှ ကူညီထောက်ပံ့မှုများလိုအပ်နေသည့် ကလေးငယ်ပေါင်း လေးသိန်းကျော်ကို အောင်မြင်စွာ ကူညီဆောင်ရွက်ပေးခဲ့ပြီးဖြစ်ပါသည်။ ဤသို့ဖြင့် မြန်မာနိုင်ငံတွင်လည်း အလားတူအောင်မြင်မှု ရရှိရန် ရည်ရွယ်ထားပါသည်။

“အခုလို နိုင်ငံတကာ အသိအမှတ်ပြု Magic Bus Myanmar လူမှုအဖွဲ့အစည်းကို Dulwich International Schools Foundation မှ ပံ့ပိုးကူညီခွင့်ရလို့ အများကြီးဂုဏ်ယူမိပါတယ်။ ဒီပူးပေါင်းဆောင်ရွက်မှုဟာ ကျွန်တော်တို့ ကျောင်းတွေရှိတဲ့ နေရာတွေကဒေသခံတွေ အပေါ်မှာထားတဲ့ ကျွန်တော်တို့ရဲ့ စေတနာကိုလည်း ထင်ရှားပေါ်လွင်စေပါတယ်။” ဟု မြန်မာနိုင်ငံဆိုင်ရာ Dulwich College International ၏ ကျောင်းအုပ်ကြီး ဖြစ်သူ Mr. Daryl Orchard က ပြောကြားပါသည်။

“Magic Bus ဟာ DISF နဲ့ ရည်မှန်းချက်ခြင်းတူတဲ့ အဖွဲ့အစည်းဖြစ်ပြီး ဒေသခံလူ့အဖွဲ့အစည်းများကို အခြေပြုကာ ကလေးငယ်တွေကို ဆင်းရဲတွင်းကနေ လွတ်မြောက်အောင် ကူညီပေးတဲ့နေရာမှာ အတွေ့အကြုံအများအပြား ရှိတဲ့ အဖွဲ့အစည်းလည်းဖြစ်ပါတယ်” ဟု ပြောကြားပါသည်။

“Magic Bus ကို မြန်မာနိုင်ငံမှာလာပြီး လုပ်ကိုင်နိုင်ဖို့ ပံ့ပိုးပေးတဲ့ Dulwich International School Foundation ရဲ့ ရက်ရောမှုကြောင့် ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါတယ်။” ဟု ကမ္ဘာလုံးဆိုင်ရာ Magic Bus ၏ အလုပ်အမှုဆောင် ဒါရိုက်တာ ဖြစ်သူ Mr. Pratik Kumar ကပြောကြားသွားပါသည်။

ဆက်လက်ပြီး “ကျွန်တော်တို့ Magic Bus ရဲ့ ရည်ရွယ်ချက်က ကလေးငယ်တွေကို ကလေးဘဝကနေ အသက်မွေးဝမ်းကျောင်းပြုတဲ့နိုင်တဲ့ အရွယ်အထိ သူတို့ကို ပြုစုပျိုးထောင်ပေးရင်းနဲ့ ဆင်းရဲတွင်းကနေ ဆွဲထုတ်နိုင်ဖို့အတွက် ဖြစ်ပါတယ်” “မြန်မာနိုင်ငံမှာရှိတဲ့ ကလေးငယ်တွေအတွက် ရည်ရွယ်ပြီးတော့ လှုပ်ရှားကစားခြင်းပေါ်အခြေခံသည့် သင်ရိုးညွှန်းတမ်းများ ရေးဆွဲကာ ဆရာများမှသင်ကြားခြင်း နည်းလမ်းကို အသုံးပြုဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟုပြောကြားပါသည်။

“ကျွန်တော်တို့ရဲ့ သင်ရိုးညွှန်းတမ်းက မြန်မာပြည်နဲ့ ကိုက်ညီမှုလည်းရှိ၊ ကုန်ကျမှုလည်း သက်သာပြီး ဒီအစီအစဉ်ရဲ့ အကျိုးသက်ရောက်မှုကို တိုင်းတာမှုများလည်း လုပ်သွားမှာ ဖြစ်တာကြောင့် လူတွေကိုချို့တဲ့နွမ်းပါးစေတဲ့ ကိစ္စများကိုရှာဖွေဖော်ထုတ်ပြီး ကုစားသွားနိုင်မယ်လို့ အပြည့်အဝ ယုံကြည်ပါတယ်။” ဟုလည်း ပြောကြားပါသည်။

ရှေ့ပြေးလုပ်ငန်းစဉ်များကို လာမည့်နှစ်များအတွင်း၌ ရန်ကုန်မြို့နှင့် အခြားမြို့များရှိ လိုအပ်ချက်ရှိသည့် နေရာများသို့ ဆက်လက်တိုးချဲ့သွားမည်ဖြစ်ပါသည်။

ပိုမိုသိရှိလိုသော သတင်းအချက်များအတွက်
Magic Bus နှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက – www.magicbus.org
Dulwich College International (DCI) နှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက www.indulwich.com.
British College Yangon (BCY) နှင့် ပတ်သက်၍ အသေးစိတ် သိရှိလိုပါက – www.britishcollege-yangon.com
Pun Hlaing International School (PHIS) နှင့် ပတ်သက်၍ အသေးစိတ် သိရှိလိုပါက – www.punhlaingschool.com များတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။