Archive, Automobile, News

ကားအရောင်းအဝယ်ပြုလုပ်ရင်း ကားဈေးကွက်သတင်းများကိုပါ ဖတ်ရှုလေ့လာနိုင်မည့် Motors App အသစ်ကို ဖြန့်ချိ

ပြည်တွင်းအွန်လိုင်းကားဈေးကွက်ဖြစ်သည့် Motors.com.mm သည် စမတ်ဖုန်းမှတဆင့် ကားအရောင်းအဝယ် ပြုလုပ်ရင်း ကားဈေးကွက်သတင်းများကို ဖတ်ရှုလေ့လာနိုင်မည့် Motors App ဗားရှင်းအသစ်ကို ထပ်မံဖြန့်ချိပေးလိုက်ပြီ ဖြစ်သည်။

အဆိုပါ App ဗားရှင်းအသစ်တွင် ကားဈေးကွက်ဆိုင်ရာသတင်းများ၊ မော်တော်ယာဉ်နည်းပညာဆိုင်ရာသတင်း ဆောင်းပါးများ၊ ဆောင်ရန်ရှောင်ရန်များ၊ အသုံးဝင်မည့်နည်းလမ်းများ၊ အကြံပြုချက်များကို ဖတ်ရှုလေ့လာနိုင်မည်ဖြစ်သည့် Let’s talk cars ကဏ္ဍကို အဆင့်မြှင့်တင်ပြီး ပါဝင်လာမည်ဖြစ်သည်။

အသစ်မြှင့်တင်လိုက်သည့် Motors App ဗားရှင်းအသစ်များမှာ Android တွင် Version 3.5.0 နှင့် iOS တွင် Version 1.7 တို့ဖြစ်သည်။ Motors Android App ကို Android Version 4.0 နှင့်အထက်တွင် အသုံးပြုနိုင်ပြီး ဖိုင်ဆိုက်ဒ် ပမာဏမှာ 4 MB ရှိသည်။ Motors iOS App ကိုမူ iOS Version 7.0 နှင့်အထက်တွင် အသုံးပြုနိုင်ပြီး ဖိုင်ဆိုက်ဒ် ပမာဏမှာ 20.3 MB ရှိသည်။

Motors App ဗားရှင်းအသစ်၏ ထူးခြားချက်များမှာ –
• မြန်မာနှင့် အင်္ဂလိပ်ဘာသာနှစ်မျိုးဖြင့် အသုံးပြုနိုင်ခြင်း
• App ၏ Interface ရှင်းလင်းပြတ်သားပြီး အသုံးပြုရလွယ်ကူခြင်း
• ဈေးကွက်အတွင်း In-stock ကားများကို ချက်ချင်းလက်ငင်း ရှာဖွေ တွေ့ရှိနိုင်ခြင်း
• သုံးစွဲရလွယ်ကူစေရန် ကားအမှတ်တံဆိပ် (Brand’s Logo)ဖြင့် ရှာဖွေနိုင်မည့်အပြင် ကားအမျိုးအစား၊ ဈေးနှုန်း၊ အရောင်စသဖြင့် အခြားသော Searching Tools များစွာပါဝင်ခြင်း
• စိတ်ချယုံကြည်ရသည့် ကားရောင်းချသူများထံမှ မော်တော်ယာဉ်နှင့် ပက်သက်သည့် အသေးစိတ်ဖော်ပြချက်များ ပါဝင်ခြင်း
• ကြည်လင်ပြတ်သားသည့် (1920×1280) အရည်အသွေးရှိ အိမ်စီးကား၊ ဘတ်စ်ကား၊ ထရပ်ကားများနှင့် မော်တော် ဆိုင်ကယ်များ၏ ဓာတ်ပုံများဖြင့် မော်တော်ယာဉ် အခြေအနေကို ကြည့်ရှုစစ်ဆေးနိုင်ခြင်း
• ကားဓာတ်ပုံများကို အနီးကပ်ဆွဲယူကြည့်ရှုနိုင်မည့် Zoom-in image gallery ပါရှိခြင်း
• ကားအရောင်းပြခန်းများနှင့် ကားရောင်းချသူများထံသို့ တယ်လီဖုန်းဖြင့် ဖြစ်စေ၊ အီးမေးလ်ဖြင့် ဖြစ်စေ လွယ်ကူစွာ ဆက်သွယ်နိုင်ခြင်း
• ရိုးရှင်းလွယ်ကူစွာဖြင့် မိမိစိတ်ကြိုက်ကားကို သိမ်းဆည်းနိုင်သလို ကား၏ အသေးစိတ်အချက်အလက်များကို ကြည့်ရှု နိုင်ခြင်း
• အရောင်းစာရင်းတင်ရောင်းချပြီးသည့် ကားကို Facebook, Twitter, Google + , Pinterest အစရှိသည့် လူမှု ကွန်ယက်မီဒီယာများတွင် တိုက်ရိုက်ဝေမျှနိုင်ခြင်း – စသည်တို့ဖြစ်သည်။

Motors App အသစ်များနှင့် ပက်သက်၍ Motors.com.mm ၏ Head of PR ဖြစ်သူ ကိုဖြိုးပြည့်စုံလွင်မှ “ MPT ၊ Ooredoo နဲ့ Telenor တို့ရဲ့ ကွန်ယက်တွေ ကျယ်ပြန့်လာတာကြောင့် လက်ရှိမြန်မာနိုင်ငံရဲ့ မိုဘိုင်းဖုန်း သုံးစွဲနိုင်မှု၊ အင်တာနက်အသုံးပြုနိုင်မှုဟာ တစ်ဟုန်ထိုးတိုးတက်လာနေတာကို တွေ့မြင်ရမှာပါ။ ဒါ့ကြောင့် စမတ်ဖုန်းက တဆင့် အသုံးပြုနိုင်တဲ့ Mobile App တွေရဲ့ အခန်းကဏ္ဍ ကလည်း အရေးပါသထက် ပါလာပါတယ်။ ဒီနေရာမှာ မိုဘိုင်းစမတ်ဖုန်းကတဆင့် ကားအရောင်းအဝယ်လုပ်နိုင်သလို ကားဈေးကွက် သတင်းအချက်အလက်တွေကိုပါ လွယ်ကူမြန်ဆန်စွာရယူနိုင်မယ်ဆိုရင် ဒါဟာ သိပ်ကိုအသုံးဝင်မယ့်အရာတစ်ခု ဖြစ်လာမှာ အမှန်ပါပဲ။ ဒီလိုမျိုး ကားလောကသားတွေအတွက် အသုံးဝင်မယ့် App အဖြစ်နဲ့ Motors App တွေက ၁၀ဝ ရာခိုင်နှုန်း ဝန်ဆောင်မှုပေးနိုင်ပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ Carmudi Myanmar/Motors.com.mm ရဲ့ App အသစ်တွေကသုံးစွဲသူတွေအတွက် အရည်အသွေးကောင်းပြီး ရိုးရှင်းလွယ်ကူစွာ သုံးစွဲနိုင်ဖို့ အထူးဒီဇိုင်းထုတ်ထားပါသေးတယ် ” ဟု ပြောသည်။

Motors Android App ကို ၂၀၁၄ ခုနှစ် စက်တင်ဘာတွင် စတင်မိတ်ဆက်ပေးခဲ့ပြီး ၂၀၁၅ ဇန်နဝါရီတွင် App ပေါ်မှတဆင့် အဆင့်လေးဆင့်တည်းဖြင့် လွယ်ကူစွာ ကားရောင်းချနိုင်မည့် (Sell Your Car) အရောင်းကဏ္ဍသစ်ကို အဆင့်မြှင့်တင် ထည့်သွင်းပေး ခဲ့သည်။ ၂၀၁၅ ဖေဖော်ဝါရီတွင် Motors iOS App အသစ်ကို ထပ်မံမိတ်ဆက်ပေးခဲ့ပြီး ယခုအခါ Let’s Talk Cars ကဏ္ဍကိုပါ ထပ်မံ ထည့်သွင်းပေးခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *