News

ကိုးသုံးလုံးအရောက် မြန်မာတွေ လက်ခမောင်း ခတ်နိုင်မည်

မြန်မာနိုင်ငံသည် အခြားနိုင်ငံကြီးများကဲ့သို့ စစ်မှန်သော ဒီမိုကရေစီနှင့် ကမ္ဘာတွင် အာရှကျားဟု ထင်ပေါ် ကျော်ကြားမှုများသည် ကိုးသုံးလုံးနှင့် တိုက်ဆိုင်သည့်အချိန်တွင် ရရှိနိုင်ဟု နိုင်ငံတကာ နက္ခတ်သိပ္ပံကျောင်းမှ တွက်ချက်ပြောကြားသည်ဟု သိရသည်။

၉ရက် ၉လ ၂၀၁၉သည် မြန်မာနိုင်ငံ၏ သမိုင်းဝင်နေ့ တစ်နေ့ ဖြစ်လာနိုင်ကာ ပြည်သူများထံ စိတ်ချမ်းသာမှုများ ယူဆောင်လာနိုင်သော ကံကောင်းသော ကိန်းဂဏန်းများအဖြစ် တွေ့မြင်နိုင်ကြောင်း နိုင်ငံတကာရေးရာ နက္ခတ်သိပ္ပံကျောင်း၏ အမှုဆောင် အရာရှိချုပ် ဦးဇေယျာကိုက ပြောကြားသည်။ “ရှစ်ဂဏန်းကို မြန်မာနိုုင်ငံ၏ အုပ်ချုပ်သူတွေက Unlucky Numberအဖြစ် သတ်မှတ်ကြတယ်။ ကိုးဂဏန်းကိုတော့ Lucky Numberအဖြစ် ယူဆကြတယ်။ ၂၀၁၉ခုနှစ်၊ စက်တင်ဘာလ ၉ရက် ကိုးသုံးလုံး ဆုံတဲ့ကာလဟာ မြန်မာနိုင်ငံနဲ့ ပြည်သူတွေအတွက် ပျော်ရွှင်ချမ်းမြေ့မှုတွေ၊ အာရှကျားအဖြစ် ကမ္ဘာက အသိအမှတ် လက်ခံလာဖို့ အသွင်တွေ ရယူလာနိုင်တယ်”ဟု ပြောသည်။

မြန်မာနိုင်ငံ လွတ်လပ်ရေး ရယူခဲ့သည့် ဇာတာခွင်အရ မြန်မာနိုင်ငံတွင် နှစ် ၃၀ တစ်ကြိမ် မင်းပြောင်းမင်းလွဲ ဖြစ်ပေါ်လေ့ရှိပြီး ၂၀၁၈တွင် တစ်ကြိမ်ထပ်မံ၍ မင်းပြောင်းမင်းလွှဲ ဖြစ်ပေါ်လာနိုင်ကြောင်း၊ သို့သော်လည်း တိုင်းသူပြည်သားများအတွက် စစ်မှန်သော ဒီမိုကရေစီ ဖော်ဆောင်ပေးနိုင်သော အစိုးရသည် ၂၀၁၉တွင်သာ ပေါ်ပေါက်လာနိုင်ကြောင်း ဦးဇေယျာကိုက ပြောသည်။
၂၀၁၅ ရွေးကောက်ပွဲကာလအလွန် မြန်မာနိုင်ငံတွင် ပြည်သူများ ရွေးချယ်တင်မြှောက်သော အစိုးရတစ်ရပ်သာ ပေါ်ပေါက်မလာပါက ယင်းအစိုးရအဖွဲ့သည် အချိန်တိုအတွင်း မြန်မာနိုင်ငံမှ ပြုတ်ကျသွားနိုင်ကြောင်း၊ ၎င်းက ထပ်မံ ပြောကြားသည်။

၎င်းက “၂၀၁၅ ရွေးကောက်ပွဲကာလဟာ အရမ်းအရေးကြီးပါတယ်။ အဲဒီမှာ ပြည်သူလိုလားတဲ့ အစိုးရတစ်ရပ်သာ မဖြစ်ခဲ့ဘူးဆိုရင် ဆိုရှယ်လစ် လမ်းစဉ်လိုပဲ မြန်မာပြည်ကနေ လုံးဝ ပျောက်ကွယ်သွားမှာပါ။ ခေါင်းဆောင်တွေ အနေနဲ့ကလည်း ကြီးမားတဲ့ လူထုအုံကြွမှုတွေကို ရင်ဆိုင်ရနိုင်တယ်”ဟု သတိပေး ပြောကြားခြင်း ဖြစ်သည်။

ထိုကဲ့သို့ ကိုးသုံးလုံး အချိန်ကာလတွင် အုပ်ချုပ်သူများကို ကိုယ်စားပြုသော စနေဂြိုဟ်သည် ဓနုရာသီတွင် တည်ရှိနေပြီး အုပ်ချုပ်သူ အဖွဲ့အစည်းတစ်ခုလုံးနှင့်ဆိုင်သော တနင်္ဂနွေဂြိုဟ်သည် ကောဇာစနစ်အရ ထပ်မံစီးနင်းနေမည့်အတွက် လည်းကောင်း၊ ပြည်သူကို ကိုယ်စားပြုသော ကြာသပတေးဂြိုဟ်သည် ဗြိစာၦရာသီခွင်ပေါ်တွင် စီးနင်းတည်ရှိနေမည့်အပြင် သိဟ်ရာသီ၌ တနင်္ဂနွေ၊ အင်္ဂါ၊ ဗုဒ္ဓဟူးနှင့် သောကြာဂြိုဟ်တို့ တည်ရှိနေမည့်အတွက် လည်းကောင်း စသည့် အကြောင်းတရား ဂြိုဟ်တည်ရှိနေမှုများကြောင့် မြန်မာနိုင်ငံသည် အခြားဒီမိုကရေစီ နိုင်ငံများနှင့် နည်းတူ ပွင့်လင်းမြင်သာသော ဒီမိုကရေစီခေတ်ကို ရောက်ရှိလာမည်ဖြစ်ကြောင်း သိရပါသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

One thought on “ကိုးသုံးလုံးအရောက် မြန်မာတွေ လက်ခမောင်း ခတ်နိုင်မည်

  1. Iso Pyaesone says:

    ကြေးစည်ကြီးထုလိုက်တော့ မထင် မထင် မထင်

Leave a Reply

Your email address will not be published. Required fields are marked *