News

မြန်မာနိုင်ငံ၏ ကုန်သွယ်မှု ပမာဏကန်ဒေါ်လာ ၁၁ဘီလျံ ကျော်ရှိပြီး ကုန်သွယ်မှုလိုငွေသန်း ၄၆၀ နီးပါးရှိ

၂၀၁၃-၂၀၁၄ ဘဏ္ဍရေးနှစ် ဧပြီ၁ရက်မှ အောက်တိုဘာ ၁၁ရက်အထိ မြန်မာနိုင်ငံ၏ ကုန်သွယ်မှု ပမာဏ မှာအမေရိကန်ဒေါ်လာ ၁၁ ဘီလျံကျော်ရှိပြီး ကုန်သွယ်မှုလိုငွေမှာ အမေရီကန်ဒေါ်လာ
သန်း ၄၆၀ နီးပါးရှိနေကြောင်း စီပွားရေးနှင့် ကူးသန်းရောင်း၀ယ်ရေး၀န်ကြီးဌာန ၏ ကိန်းဂဏန်း အရသိရသည်။

ကုန်သွယ်မှု ပမာဏ ၁၁ဘီလျံကျော်တွင် ပို့ကုန်ပမာဏမှာ ဒေါ်လာ ၅၄၈၇ ဒသမ ၂၂၂သန်း၊ သွင်းကုန်ပမာဏ မှာဒေါ်လာ ၅၉၄၇ ဒသမ၁၉၃သန်း ရှိသောကြောင့် ပို့ကုန်ထက် သွင်းကုန်ပမာဏ များပြားနေပြီး ကုန်သွယ်မှု လိုငွေ အမေရိကန်ဒေါ်လာ ၄၅၉ ဒသမ ၉၇၁ သန်း (သန်း၄၆၀နီးပါး) ရှိခဲ့သည်ဟု ဆိုသည်။

၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ် အလားတူကာလတွင် မြန်မာနိုင်ငံ၏ ကုန်သွယ်မှု ပမာဏမှာ အမေရိကန် ဒေါ်လာ ၈၉၆၅ ဒသမ ၂၅၅သန်းရရှိခဲ့ သဖြင့် ယခုဘဏ္ဍနှစ်၏ ကုန်သွယ်မှု ပမာဏ မှာယခင်နှစ်ထက် ဒေါ်လာ၂၄၆၉ ဒသမ ၁၆၀ သန်းပိုမိုရရှိခဲ့ ကြောင်းသိရသည်။

လက်ရှိဘဏ္ဍာနှစ် တွင်မြန်မာနိုင်ငံ၏ ကုန်သွယ်မှု ပမာဏ ကိုအမေရိကန်ဒေါ်လာ ၂၅ဘီလျံ ကျော်ရရှိရန် လျာထားခဲ့ပြီး နယ်စပ်ကုန်သွယ် မှုမှ ၂၀ရာခိုင်နှုန်းနှင့် ပင်လယ်ရေကြောင်းကုန်သွယ် မှုမှ ၈၀ရာခိုင်နှုန်း ကုန်သွယ်မှု ပြုလုပ်နိုင်ရန် လျာထားသည်။ ကုန်သွယ်မှု ပမာဏတိုးတက်ရေး အတွက်တရားမ၀င်ကုန်သွယ် မှုတားဆီးထိန်းချုပ်ရေး လုပ်ငန်းများကို နယ်စပ်ကူးသန်းရောင်း၀ယ်ရေး လမ်းကြောင်းများတွင်ပြုလုပ်နေသကဲ့ သို့ကုန်သွယ်မှု အများဆုံး ပြုလုပ်နေသည့် ပင်လယ်ရေကြောင်း ကုန်သွယ်ရေး လမ်းကြောင်းများတွင် ပါစတင် စစ်ဆေးနေပြီ ဖြစ်ကြောင်းသိရသည်။

ပို့ကုန်ဖွံ့ဖြိုး တိုးတက်စေရန်နှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိရန် အတွက်အမျိုးသားအဆင့် ပို့ကုန်မဟာဗျူဟာ ကိုလည်း နိုင်ငံတကာ ကုန်သွယ်ရေး စင်တာနည်းပညာ အကူအညီ ဖြင့်ရေးဆွဲအကောင်အထည်ဖော် ရန် စီစဉ်ဆောင် ရွက်လျက်ရှိသည်ဟု ဆိုသည်။ လက်ရှိကာလ တွင် မြန်မာနိုင်ငံ၏ ပြည်ပပို့ကုန် ဖွဲ့စည်းပုံမှာ ပင်မထုတ်ကုန် အနည်းငယ် အပေါ်၌သာလုံး၀ မှီခိုအားထားနေရပြီး ယင်းထုတ်ကုန်များမှာ သယံဇာတများ၊ သဘာ၀ဓါတ်ငွေ့၊ ကျွန်းသစ်နှင့် စိုက်ပျိုးရေး၊ ရေထွက်ကုန်စသည် များဖြစ်ကြောင်းသိရသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *