News

တရုတ်ပြည်မှာ မြန်မာ့ဆန် တရားမ၀င်ဖြစ်နေ

မြန်မာ့ဆန်များ တရုတ်ပြည်ဈေးကွက်သို့ တင်ပို့နေကြသော်လည်း တရုတ်ပြည်ရောက်လျှင် တရားမ၀င် ဖြစ်နေကြောင်း ဆန်ကုန်သည်များထံမှ သိရသည်ဟု ဆိုသည်။ လားရှိုးမြို့သို့ ရောက်ရှိသော ပြည်ထောင်စု လွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွေှမန်းနှင့် ပြည်သူတွေ့ဆုံပွဲတွင် မူဆယ်မြို့မှ ဆန်ကုန်သည် ဦးစိုင်းမောင်လှိုင်က ပြောဆိုသည်။

ဦးစိုင်းမောင်လှိုင်က ပြောပြသည်မှာ “ကျွန်တော်တို့ မြန်မာပြည်ဘက်က တရုတ်ပြည်ဘက်ကို ပို့မယ်ဆိုရင် ပြည်တွင်းမှာ အခွန်ဆောင်ပြီးမှ ပို့ပါတယ်။ ဒီဘက် တရား၀င် တင်ပို့တာပါ။ မြန်မာပြည်ဘက်က ပြည်ပပို့ဆန် ၈၅ရာခိုင်နှုန်းဟာ တရုတ်ပြည်ကို တင်ပို့နေတာပါ။ အဲဒီဆန်တွေဟာ ရွေှလီဈေးကွက်ကို ရောက်ရင်တော့ တရားမ၀င် ဖြစ်သွားတယ်။ မှောင်ခို ရောင်းတာ ၀ယ်တာပဲ။ ပြီးတော့ ဈေးကွက်ထဲမှာ ဆန်၀င်ရောက်မှုပေါ် မူတည်ပြီး ဈေးအတက်အကျလည်း ဖြစ်တယ်။ ဆန်ဈေးက သူတို့ လက်ခုပ်ထဲက ရေပါပဲ”ဟု ပြောသည်။

“ဒါ့အပြင် ရွေလီဈေးကွက်ထဲမှာ အမှတ်မထင် ဖမ်းတာဆီးတာတွေ ဖြစ်ခဲ့ရင်လည်း တစ်ဖက်ကုန်သည်နဲ့ ပေးရန်ရရန် စာရင်းတွေ ကတိက၀တ်တွေ ပျက်ကြပြန်တယ်။ ဒီအခါမှာ မြန်မာဆန်ကုန်သည်တွေဘက်ကပဲ နစ်နာရပါတယ်”ဟု ၄င်းကပြောသည်။ ဦးစိုင်းမောင်လှိုင်က ဆက်လက်ပြောပြသည်မှာ “မူဆယ်နယ်စပ် ကုန်သွယ်ရေးစခန်းဟာ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ နယ်စပ်ဂိတ်အားလုံးရဲ့ ၀င်ငွေ ၇၀ရာခိုင်နှုန်းကို ရှာဖွေပေးနေတာ ဖြစ်တယ်။ မိမိတို့နိုင်ငံက ရသင့်ရထိုက်တာကို ရချင်ပါတယ်။ လုပ်ငန်းရှင်အချင်းချင်း ညှှိုနှိုင်းပြီး တင်ပို့နေရတဲ့ အခြေအနေ ဖြစ်ပါတယ်။ နိုင်ငံတော်အဆင့် သက်ဆိ်ုင်ရာ ၀န်ကြီးဌာနများက နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်ပေးစေ လိုပါတယ်”ဟု တင်ပြခဲ့ကြောင်း သိရသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *