News

အလှမယ် ပြိုင်ပွဲတွေ ထပ်မပြိုင်ဘူးလို့ ခင်၀င့်ဝါ ထုတ်ဖော် ပြောလိုက်ပြီ

ဘီလာရုစ်နိုင်ငံမှာ ကျင်းပတဲ့ Top Ten စာရင်း၀င် မော်ဒယ် ပြိုင်ပွဲမှာ မြန်မာ နိုင်ငံ ကိုယ်စားပြု ၀င် ရောက် ယှဉ်ပြိုင် တဲ့ ခင်၀င့်ဝါ ဟာ နောက်ဆုံး ဆန်ခါတင် အဆင့် အထိ တက်လှမ်း နိုင် တဲ့ အပြင် Miss Internet, Most Beautiful Girl in the World, People Choice Award နဲ့ Face of Miss Supranational စတဲ့ ဆုတွေ ကို ဆွတ်ခူး နိုင်ခဲ့သူ တစ်ဦး ပါ။ ဒီလိုဆုတွေ ကို ဆွတ်ခူး ခဲ့တဲ့ သူမ ဟာ စက်တင်ဘာ ၈ ရက်မွန်းလွဲ ၁၂ နာရီ ကျော် မှာ အမိ မြန်မာ နိုင်ငံ ကို မျက်နှာပန်း လှလှနဲ့ ပြန်လာ ခဲ့ပေမယ့် လည်း ခရီးရောက် မဆိုက်မှာ ဘဲ သူမ အနေနဲ့ ရှေ့ဆက်ပြီး ဒီလို မော်ဒယ်ပြိုင်ပွဲ တွေ ၀င်ပြိုင် တော့မှာ မဟုတ်တဲ့ အကြောင်း ကို ထုတ်ဖော် ပြောပြ ခဲ့ပါတယ်။ ဘာကြောင့်လဲ၊ ဘာပြု လို့လဲ စတဲ့ အတွေးပေါင်း များစွာကို အဖြေ ပေးထားတဲ့ ဒီအင်တာဗျူး လေး ကို ဖတ်ရှု ကြည့်ကြ ပါစို့လား။

Q. ခင်၀င့်ဝါအနေနဲ့ အခုလိုဆုတွေတပွေ့ကြီးနဲ့ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာနိုင်ခဲ့ တဲ့ခံစား ချက်က ဘယ်လိုရှိလဲ။

A. အတိုင်းမသိပျော်မိပါတယ်။ ဟိုမှာ ပြိုင်ပွဲ၀င်ကတည်းက ပြန်ချင်ခဲ့တာပါ။ မြန်မာနိုင်ငံကလူတွေနဲ့ တွေ့ ချင်စိတ်က အတိုင်းမသိပါပဲ။

Q. ရရှိတဲ့၀င်ငွေထဲက ၃၀ ရာခိုင်နှုန်း လှူဒါန်းမယ်လို့ သိရတယ်။ ဘယ်လိုနေရာတွေကို လှူဒါန်းဖို့ ရည်ရွယ် ထားလဲ။

A. ဟုတ်ပါတယ်။ Organization က အစ်ကိုတွေနဲ့ တိုင်ပင်ပြီးတကယ်လိုအပ်တဲ့နေရာတွေကို လှူဒါန်းဖို့ စဉ်းစားထားပါတယ်။

Q. ပြိုင်ပွဲ၀င်ရောက်ယှဉ်ပြိုင်စဉ်မှာ ဟိုကသတင်းမီဒီယာတွေနဲ့ တွေ့ဆုံခဲ့ရတာရောရှိခဲ့လား။ တခြား အနုပညာနဲ့ ပတ်သက်တဲ့အလုပ်တွေ ပြောဆိုလုပ်ကိုင်ခဲ့တာတွေရော ရှိခဲ့လား။

A. မရှိပါဘူး။ Miss တွေက ပြိုင်ပွဲပြီးတာနဲ့ ချက်ချင်းတန်းပြန်ရမယ့်သူတွေရှိတာကြောင့် မြန်မြန်ပဲပြန်လာခဲ့ ရပါတယ်။

Q. အခုပြိုင်ပွဲမှာ ကိုယ်ကဆုလေးဆု ရရှိခဲ့ပြီဆိုတော့ နောက်ထပ် Miss ပြိုင်ပွဲတွေ ထပ်မံယှဉ်ပြိုင်ဖို့ စဉ်းစားထားသေးလား။

A. Miss ပြိုင်ပွဲ တွေ ထပ်မပြိုင် ဖြစ်တော့ ပါဘူး။ မပြိုင်တော့ဘူး လို့လည်း ဆုံးဖြတ် ထားတယ်။ ဒါပေမဲ့ နောက်ထပ် သွားပြိုင် မယ့် သူတွေ အတွက် ဘာတွေ လိုအပ်လဲ။ လိုအပ် တာရှိရင် ကူညီပေး မှာပါ။ Miss Universe အတွက် ညီမ ကို ကမ်းလှမ်း တာမျိုး ရှိတယ်။ ဒါပေမဲ့ ညီမ အနေနဲ့ ၀င်မပြိုင် ဖြစ်တော့ဘူး။ Miss ပြိုင်ပွဲတွေ ၀င်မပြိုင် တော့ ပေမယ့် အနုပညာ အလုပ်တွေ တော့ ဆက်လုပ် သွားမှာပါ။

Q. ဘာကြောင့် Miss ပြိုင်ပွဲတွေ ထပ်မပြိုင်ဖို့ ဆုံးဖြတ်လိုက်တာလဲ။

A. ပညာရေး ဘက် လည်း လုပ်ဖို့ ရှိတာရယ်၊ နောက်ပြီး တခြား အနုပညာ အလုပ်တွေ၊ ပရဟိတ အလုပ် တွေပဲ ဆက်လုပ်ချင် တာကြောင့်ပါ။ တခြား တော့ ဘာမှ မ ရှိပါဘူး။

Q. ဒါဆို ခင်၀င့်ဝါ ရှေ့ဆက်လုပ်ဆောင်သွားမယ့် အနုပညာနဲ့ပတ်သက်တဲ့ အစီအစဉ်တွေရှိရင် လည်း ပြောပါဦး။

A. ကြော်ငြာတွေ ရိုက်မယ်။ Brand Ambassador လုပ်ဖို့ ရှိလာခဲ့ ရင် လည်း သေချာ စဉ်းစားပြီး လုပ်ဖို့ အစီ အစဉ်ရှိပါတယ်။

Q. ပရိသတ် အားပေးမှု အတိုင်းအတာက ခင်၀င့်ဝါ မျှော်လင့်ထား တာနဲ့ ထပ်တူကျခဲ့လား။

A. အစက vote ပေးတဲ့နေရာမှာ နည်းနေ သေးတယ်။ ညီမရဲ့ Official Voting မှာ မဲရဖို့ မမျှော်လင့် ခဲ့မိပါဘူး။ အဲဒါက လည်း ညီမကိုချစ် တဲ့ ပရိသတ်ကြီး ကို စော်ကားတဲ့ စိတ်နဲ့ တွေးမိတာ မဟုတ်ပါဘူး နော်။ မြန်မာနိုင်ငံမှာ Credit\ Debit Card အွန်လိုင်းငွေ ချေ စနစ် ဆိုတာ မတွင် ကျယ်သလို နိုင်ငံတကာက နိုင်ငံသားတိုင်း မှာက Credit\ Debit Card အားလုံးမှာ ရှိကြ တယ်လေ။ အဲဒါကြောင့် မမျှော်မှန်း ရဲခဲ့တာပါ။ အခုညီမကို ချစ်တဲ့ ပြည်ပ က မြန်မာ ပရိသတ်ကြီး တွေ က ညီမအ တွက် ပိုက်ဆံတွေ အကုန်ခံပြီး မဲပေးကြ တဲ့ အတွက် ညီမ အတိုင်း မသိ ၀မ်းသာ ပျော်ရွှင် ရပါတယ်။

Q. အခုရရှိခဲ့တဲ့ဆုတွေထဲမှာ ဘယ်ဆုကို အားရကျေနပ်ဆုံးလဲ။

A. Miss Internet ဆုကိုပါ။ မြန်မာနိုင်ငံက ကော်နက်ရှင်လည်း မကောင်းဘူး။ အဲဒီကြားထဲက vote တွေ ပေးကြတယ်။ ပရိသတ်အားပေးမှုနဲ့ တန်အောင်လည်း ညီမကြိုးစားခဲ့ပါတယ်။ ပရိသတ်ကပေးတဲ့ဆုဖြစ် တဲ့အတွက် ဒီဆုကို ပိုပြီးနှစ်သက်မိပါတယ်။

Q. မျိုးစောင့်ဥပဒေနဲ့ပတ်သက်ပြီး ခင်၀င့်ဝါရဲ့သဘောထားကိုလည်း သိပါရစေ။

A. ညီမ အသက်အရွယ် နဲ့ ဆိုရင် ငယ်ပါသေးတယ်။ နိုင်ငံရေးနဲ့ပတ်သက်ပြီး ဘာမှမေ၀ဖန်ချင်ပါဘူး။

Q. အခုအချိန်မှာ အားပေးခဲ့တဲ့ ခင်၀င့်ဝါရဲ့ပရိသတ်တွေကို အပြောချင်ဆုံးစကားက ဘာများဖြစ်မလဲ။

A. ပရိသတ် အားပေးမှု နဲ့ တန်အောင် ညီမ ဆက် ကြိုးစား သွားမှာပါ။ ပရိသတ်ကြီးက ညီမကို ဆက်လက် အားပေး စေချင် ပါတယ်။ ပရိသတ်ကြီး ကုန်သွားတဲ့ ပိုက်ဆံ တွေ အလကား မဖြစ်ရ အောင် ညီမ ဆုရ တဲ့ ငွေကို ပရဟိတ လုပ်ပြီး လှူမှာပါ။ ညီမကို မျှော်လင့်ချက် အားမာန်တွေ၊ ယုံကြည်မှုတွေွ၊ ပျော်ရွှင်မှုတွေ အမြဲအား ပေးနေတဲ့ ပရိသတ်ကြီး ရဲ့ကျေးဇူးကို ညီမ မမေ့ ပါဘူး။ နိုင်ငံနဲ့ လူမျိုး အတွက် တာ၀န်ကျေပွန် တဲ့ Miss Myanmar တစ်ယောက် ဖြစ်စေရမယ် လို့ ကတိပေး ပါတယ်လို့ ပြောချင်ပါတယ်။

Profile

အမည်ရင်း= ခင်၀င့်ဝါ
မိဘအမည်= ဦးလှဟန် + ဒေါ်ကြည်ကြည်ဆွေ
မွေးနေ့= စက်တင်ဘာလ ၂၁၊ ၁၉၉၄
ပညာအရည်အချင်း= တတိယနှစ် (ရုက္ခဗေဒ)

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Related Posts

2 thoughts on “အလှမယ် ပြိုင်ပွဲတွေ ထပ်မပြိုင်ဘူးလို့ ခင်၀င့်ဝါ ထုတ်ဖော် ပြောလိုက်ပြီ

  1. Ko Min Thant says:

    ဘာလို့ထပ်မပြိုင်တာလဲအနိုင်နဲ့ပိုင်းတာလား

Leave a Reply

Your email address will not be published. Required fields are marked *