မြန်မာနိုင်ငံ စက်မှုကုန်ထုတ်လုပ်သူများအသင်းနှင့် မလေးရှားနိုင်ငံ တရုတ်ကုန်သည်နှင့် စက်မှုလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ ပြည်တွင်းရှိ စက်မှုလုပ်ငန်းရှင်များ တိုးတက်ဖွံ့ဖြိုးရေး။ စက်မှုနည်းပညာများ၊ တီထွင်မှုများ ပြန့်ပွားရေးနှစ်နိုင်ငံ စက်မှုလုပ်ငန်းများနှင့် လုပ်ငန်းရှင်များ အပြန်အလှန် ရင်းနှီးမှုရှိစေရေးတို့အတွက် ရည်ရွယ်၍ ပြည်တွင်းထုတ်ကုန်များနှင့် မလေးရှား စက်မှုထုတ်ကုန်များ တစ်စုတစ်ဝေးတည်း ပြသကြည့်ရှုနိုင်မည့် မြန်မာ-မလေးရှား စက်မှုပြပွဲအား ရန်ကုန်မြို့၊ ဦးဝိစာရလမ်းရှိ တပ်မတော်ခန်းမတွင် ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၇) ရက်နေ့မှ မတ်လ (၂) ရက်နေ့အထိ (၄) ရက်တိုင်တိုင် နေ့စဉ် နံနက် (၉:ဝ၀) မှ (၅:ဝ၀) အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။
ပါဝင်ပြသမည့် ကုန်ပစ္စည်းများမှာ မြန်မာ- မလေးရှား စက်မှုပြပွဲတွင် အောက်ပါအတိုင်း ကဏ္ဍကြီး (၁၆) ခု ခွဲခြားထားပါသည်။
– လူသုံးကုန်ပစ္စည်း အမျိုးမျိုး
– အလှကုန်ပစ္စည်း အမျိုးမျိုး
– လျှပ်စစ်ပစ္စည်း အမျိုးမျိုး
– ထုတ်ပိုးပစ္စည်း အမျိုးမျိုး
– စာအုပ်နှင့် စာရေးကိရိယာပစ္စည်း အမျိုးမျိုး
– လုပ်ငန်းသုံးဓာတုပစ္စည်း အမျိုးမျိုး
– စက်မှုဇုန်ထုတ်မော်တော်ယာဉ်အမျိုးမျိုး
– သံထည်နှင့် အိမ်ဆောက်ပစ္စည်းအမျိုးမျိုး
– စားသောက်ကုန်အမျိုးမျိုး
– ဖိနပ်အမျိုးမျိုး
– လယ်ယာသုံးစက်ပစ္စည်းအမျိုးမျိုး
– အိမ်သုတ်ဆေး
-ပလတ်စတစ်ပစ္စည်းအမျိုးမျိုး
– ကျန်းမာရေးသုံးကိရိယာအမျိုးမျိုး
– မော်တော်၊ ရေမှုတ်စက်၊ လေမှုတ်စက်
– အထည်အလိပ်လုပ်ငန်း အမျိုးမျိုး တို့ ပါဝင်မည် ဖြစ်ပါကြောင်း သတင်းရရှိပါသည်။