Education, Lifestyle, News

“Knowledge Sharing for Advancing Your POS System” ဟောပြောပွဲကျင်းပမည်

“Knowledge Sharing for Advancing Your POS System” ဟောပြောပွဲကျင်းပမည်

သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်းမှ ကြီးမှူး၍ ၂၀၁၄ ခုနှစ်၊ ဇူလိုင်လ (၁၈) ရက် သောကြာနေ့၊ နေ့လယ် (၂း၀၀ မှ ၄း၀၀) နာရီအထိ ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ MICT Park ၊ အခန်း(၂၀၅) တွင် ကွန်ပျူတာပညာရှင်အသင်း အလုပ်အမှုဆောင် ဦးဝေဖြိုးသွင်မှ “Knowledge Sharing for Advancing Your POS System” ခေါင်းစဉ် နှင့် ပတ်သက်၍ ဆွေးနွေးပြောကြားပေးမည် ဖြစ်ပါသည်။

အဆိုပါ ဟောပြောပွဲ၌ နိုင်ငံတကာတွင် လက်ရှိအသုံးပြုလျက်ရှိသော POS System များ၏ အားသာချက် များ၊ နည်းပညာအသစ်များကို သိရှိနားလည် အသုံးချစေနိုင်ရန်နှင့် Local POS System များ ပိုမို ပြည့်စုံကောင်းမွန်လာစေရန်၊ Developer များအတွက် နည်းပညာဗဟုသုတနှင့် အတွေ့အကြုံများ မျှဝေနိုင်ရန် ပြောကြားပေးသွားမည် ဖြစ်သည်။

အဆိုပါ ဟောပြောပွဲကို Software Company တည်ထောင်ထားသူများ၊ Software ရေးဆွဲသည့် ပညာရပ် ဖြင့်အသက်မွေးဝမ်းကြောင်းပြုလုပ်နေသူများ၊ IT နည်းပညာကို စိတ်ပါဝင်စားသူ မည်သူမဆို (အခမဲ့) တက်ရောက် ဆွေးနွေးနိုင်ပါသည်။ အသေးစိတ်သိလိုပါက မြန်မာနိုင်ငံကွန်ပျူတာပညာရှင် အသင်းရုံးခန်း၊ အဆောင်(၄) အခန်း(၄)၊ MICT Park၊ ဖုန်း − ၀၁−၆၅၂၂၇၆၊ ၀၉−၇၃၀၈၈၃၀၀ သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

မနောဖြူလေး

author-avatar

About Ma Naw Phyu Lay

အမည်ရင်းမှာ ယမင်းအေး ဖြစ်ပြီး B.Sc (Zool) Q (Credit) နဲ့ ၂၀၀၂ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့၊ Post Graduate Diploma in Computer Application ကွန်ပျူတာဘွဲ့ကို ၂၀၁၀ ခုနှစ်နှင့် Research and Development, Diploma in Business Management ဘာသာရပ်များကို ၂၀၁၂ ခုနှစ်တွင် အောင်မြင်ခဲ့၊ စာပေကို ငယ်ငယ်တည်းက ဝါသနာပါပြီး ၂၀၀၆ ခုနှစ်မှ စတင်ကာ ကိုယ်ပိုင်ဘလော့ဂ်ပေါ်တွင် သုတ၊ ရသ၊ သတင်း၊ ဆောင်းပါး၊ ကဗျာများ စတင်ကာ ရေးသားခဲ့ပြီး စာပေကို မြတ်နိုးသူ တစ်ဦးလည်း ဖြစ်ပါသည်။ လုပ်ငန်းခွင်သို့ ၁၉၉၈ ခုနှစ်မှ စတင် ၀င်ရောက်ခဲ့ပြီး တစ်ဖက်မှ ဝါသနာပါရာ စာပေများ ရေးသားလျက် ရှိပါသည်။ ယခုလက်ရှိတွင် Center for Vocational Training (CVT Myanmar) သင်တန်းကျောင်းတွင် Media Related Officer အဖြစ် တာ၀န်ထမ်းဆောင်ရင်း ဝါသနာပါရာ စာပေများ ဆက်လက်ရေးသားလျက် ရှိပြီး စာရေးဆရာမကောင်း တစ်ဦးဖြစ်ရန် ရည်သန်လျက် ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *