News

Online NVS စနစ်ကို မြန်မာ-ထိုင်း ပူးပေါင်းဆောင်ရွက်

myanmar-thai-online-nvs

Online NVS စနစ်ကို မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်လျက် ရှိတယ်လို့ မြန််မာ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေး လီမီတက်မှ သိရသည်။ အဆိုပါ NVS စနစ်သည် National Verification System နိုင်ငံသားစစ်မှန်ကြောင်း အတည်ပြု စစ်ဆေးသော စနစ်ဖြစ်ပြီး Online NVS စနစ်ဟာ ထိုင်းနိုင်ငံအတွင်းရှိ မြန်မာ အလုပ်သမားများကို အထောက်အထား ထုတ်ပေးရာမှာ များစွာအထောက်အကူပြုသော စနစ်တစ်ခု ဖြစ်ကြောင်းသိရပါသည််။

၎င်းစနစ်သည် ထိုင်းနိုင်ငံအတွင်းရှိ မြန်မာ အလုပ်သမားများကို မြန်မာနိုင်ငံသား ဟုတ်၊ မဟုတ် စီစစ် အသိအမှတ်ပြုရာတွင် သက်ဆိုင်ရာ ၀န်ကြီးဌာနများမှ သက်ဆိုင်ရာ အလုပ်သမားများ၏ အချက်အလက်များကို အချိန်နဲ့ တစ်ပြေးညီ စီစစ်အတည်ပြု ပေးနိုင်ရန် ရည်ရွယ် တည်ထောင်ထားသော စနစ်တစ်ခုဖြစ်ပြီး ယင်းစနစ်သည် မြန်မာနိုင်ငံ၏ သတင်း အချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေး လီမီတက်မှ လူ၀င်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနနှင့် ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *