Appleရဲ့ ဖခင်ကြီး မစ္စတာစတိဗ်ဂျော့ တစ်ယောက် ပန်ကရိယကင်ဆာနဲ့ ဆုံးပါးသွားပြီး ၂နှစ်အကြာမှာ တစ်ကိုယ်တည်းကျန်ခဲ့တဲ့ သူ့ရဲ့ဇနီး Mrs Powell Jobs ကတော့ အချစ်သစ်ကိုရှာတွေ့ သွားပြီဖြစ်ပါတယ်။ ဝါရှင်တန်ပို့စ် သတင်းစာရဲ့ သတင်းတစ်ပုဒ်အရ Mrs Powell Jobsဟာ ၂၀၁၁၊ အောက်တိုဘာ ၁၁ရက်နေ့မှာ စတိဗ်ကွယ်လွန်ပြီးနောက် ဒေါ်လာ၁၀ဘီလျံ အမွေဆက်ခံရရှိ ခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင်သူမဟာ အဲဒီအချိန်မှာ ဝါရှင်တန်ဒီစီ မြို့တော်၀န်ဖြစ်တဲ့ Adrian Fentyနဲ့လည်း ဆုံတွေ့နေပြီ ဖြစ်ပါတယ်။ Mr. Fentyနဲ့ သူ့ဇနီးကတော့ သူတို့လက်ထပ်ခဲ့ပြီး ၁၅နှစ်အကြာ ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ ကွာရှင်းပြတ်စဲကြောင်း ကြေညာခဲ့တာပါ။ ၎င်းတို့လင်မယားမှာ ဆယ်ကျော်သက်အရွယ် သားနှစ်ယောက်နဲ့ သမီးငယ်လေး တစ်ယောက်လည်း ကျန်ခဲ့ပါတယ်။
Mr.Fentyဟာ ၂၀၀၆ခုနှစ်မှာ ဝါရှင်တန်ဒီစီရဲ့ မြို့တော်၀န်ဖြစ်လာခဲ့ပြီး ၂၀၁၀ခုနှစ်မှာ ဒီမိုကရက်တစ်ပါတီရဲ့ ကိုယ်စားလှယ်အရွေးခံရာ ရံှုးနိမ့်ခဲ့ပြီးနောက် Education Technologyမှာ ပါ၀င်ခဲ့သူတစ်ဦး ဖြစ်ပါတယ်။ ၂၀၁၂ခုနှစ်၊ ဖေဖော်ဝါရီလမှာတော့ Mrs.Powell Jobs ပါ၀င်တည်ထောင်ထားတဲ့ ကောလိပ် Trackဘုတ်အဖွဲ့နဲ့ ဆက်သွယ်ခဲ့ပါတယ်။ အဆိုပါ အဖွဲ့အစည်းဟာ ကျောင်းသားတွေ ကောလိပ်တက်ဖို့ ပြင်ဆင်တဲ့နေရာမှာ ကူညီပေးတဲ့ အများအကျိုးပြု အဖွဲ့ပဲဖြစ်ပါတယ်။
Appleရဲ့ ဖခင်ကြီး စတိဗ်ဂျော့နဲ့ လက်ထပ်ခဲ့တာ နှစ်၂၀ရှိပြီ ဖြစ်တဲ့ Mrs.Powell Jobsကတော့ သူ့ရဲ့လက်မှာ စိန်လက်စွပ်တစ်ကွင်း ၀တ်ဆင်ထားဆဲပါ။ အဆိုပါ လက်စွပ်ဟာ သူမနဲ့စတိဗ်တို့ရဲ့ လက်ထပ်လက်စွပ်ပဲ ဖြစ်ပါတယ်။ သူတို့လင်မယားဟာ ကလေးသုံးယောက်လည်း ရခဲ့ပါသေးတယ်။ ဒါ့အပြင် Mr. Fentyနဲ့ သူ့ဇနီးတို့ ခွာပြဲကြတာဟာ Mrs Powellကြောင့် မဟုတ်ဘူးလို့လည်း ဆိုပါတယ်။
Whartonတက္ကသိုလ်နဲ့ စတန်းဖို့ဒ်တက္ကသိုလ်တို့ကနေ ဒီဂရီဘွဲ့နှစ်ခု ရရှိထားပြီး လက်ရှိမှာ ပရဟိတလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ Mrs Powell Jobsဟာ သူ့ကိစ္စတွေနဲ့ ပတ်သက်ပြီး နာမည်ဆိုးနဲ့ ကျော်ကြားသူ တစ်ဦးလည်းဖြစ်ပါတယ်။ ဝါရှင်တန်ပို့စ်ရဲ့ သတင်းအပေါ်မှာ တစ်စုံတစ်ရာ ပြောကြားဖို့ကိုတော့ သူမရော Mr Fentyကပါ ငြင်းဆိုခဲ့ကြ ပါတယ်။