News

မြန်မာ့ဆက်သွယ်ရေးမှ ကျော်လွန် အသုံးပြုထားသည့် Frequencyများကို ပိတ်သိမ်းမည်

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် တင်ဒါ အောင်မြင်ထားသော ဆက်သွယ်ရေး အော်ပရေတာ နှစ်ခု အလုပ်လုပ်ကိုင်နိုင်ရန် ၄င်းတို့ ကျော်လွန်အသုံးပြုထားသည့် Frequencyများကို ပိတ်သိမ်းသွားတော့မည်ဟု နိုင်ငံပိုင် သတင်းစာမှတစ်ဆင့် ပြောကြားထားသည်ဟု သိရသည်။

၄င်းတို့သည် GSM ကွန်ရက်အတွက် Bandwidth 25MHzကို ယခင်က အသုံးပြုထားကြောင်း တင်ဒါအောင်မြင်သည့် ပြည်ပဆက်သွယ်ရေး အော်ပရေတာ ကုမ္ပဏီနှစ်ခုအတွက် ယခုအခါ Bandwidth 10MHzကို ခွဲခြားပေးရတော့မည်ဖြစ်ကြောင်း သိရသည်။

Frequencyများ ခွဲေ၀ပေးရန်အတွက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် ၄င်းတို့ ကျော်လွန်အသုံးပြုထားသည့် Frequencyများကို ပိတ်သိမ်းခြင်း၊ သတ်မှတ် Frequencyအတွင်း ကွန်ရက်ဒီဇိုင်း အသစ်များ ရေးဆွဲခြင်း၊ ပြုပြင်ခြင်း၊ ချိန်ညှိခြင်း၊ စိစစ်ခြင်း စသည်တို့ကို ပြန်လည်ပြုလုပ်ရတော့မည်ဟု ထုတ်ဖော်ပြောဆိုခဲ့သည်။

မြန်မာ့ဆက်သွယ်ရေးအနေဖြင့် အထက်ပါ လုပ်ငန်းစဉ်များ လုပ်ကိုင်ဆောင်ရွက်နိုင်ရန် ၄င်းတို့၏ Vendorများဖြစ်သော ZTE, Huawei, ASB ကုမ္ပဏီတို့နှင့် ပူးပေါင်းလုပ်ကိုင် ဆောင်ရွက်လျက်ရှိကြောင်း၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့၌ လုပ်ကိုင်ခွင့် ရရှိခဲ့သော ASB ကုမ္ပဏီအနေဖြင့် အထက်ပါ လုပ်ငန်းစဉ်များကို လုပ်ကိုင်ဆောင်ရွက်ပြီး ZTEနှင့် Huaweiတို့သည် ၄င်းတို့ လုပ်ကိုင်ခွင့် ရရှိသည့် နေရာအနှံ့၌ ဆက်လက် လုပ်ကိုင်လျက်ရှိကြောင်း သိရပါသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

One thought on “မြန်မာ့ဆက်သွယ်ရေးမှ ကျော်လွန် အသုံးပြုထားသည့် Frequencyများကို ပိတ်သိမ်းမည်

  1. Minn Nay Han says:

    အဲဒီတော့ ဖုန်းတွေအပေါ်အကျိုးသက်ရောက်မှုကဘာလဲ

Leave a Reply

Your email address will not be published. Required fields are marked *