News

မော်တော်ယာဉ်သုံး LPG အရောင်းဆိုင်များ ဖွင့်လှစ်ရန် ပုဂ္ဂလိက ရေနံဓာတ်ငွေ့ရည် ကုမ္ပဏီအချို့ စီစဉ်လျက်ရှိ

LPG

ပုဂ္ဂလိက LPG (ရေနံဓာတ်ငွေ့ရည်) ကုမ္ပဏီအချို့မှ မော်တော်ယာဉ်သုံး LPG အရောင်းဆိုင်များ ဖွင့်လှစ်ရန် စီစဉ်နေ ကြောင်း၊ ယခုကားများကိုလည်း စမ်းသပ် တင်သွင်းနေပြီး ဆလင်ဒါအိုးများ သွင်းရန် နှင့် သိုလှောင်ကန်လုပ်ရန်လည်း ဆောင် ရွက်နေကြောင်း ရေနံဓာတ်ငွေ့ရည် ကုမ္ပဏီ တစ်ခုမှ အရောင်းမန်နေဂျာတစ်ဦးက ပြော ကြားသည်ဟု သိရပါသည်။ လက်ရှိ မြန်မာ နိုင်ငံတွင် LPGသုံး မော်တော်ယာဉ် အချို့ရှိ နေပြီး မော်တော်ယာဉ် အများစုမှာ လမ်း ဘေး LPG ဓာတ်ငွေ့ရည် အရောင်းဆိုင်များ တွင်သာ ဝယ်ယူသုံးစွဲနေရကြောင်း သိရပါ သည်။

မော်တော်ယာဉ်များတွင် တပ်ဆင် သည့် LPGဓာတ်ငွေ့အိုးသည် LPG ၄၅ကီလို ဂရမ်ခန့် ဆန့်သည်။ ဓာတ်ငွေ့ရည်အပြည့် ထည့်ဝင်ပြီးပါက မော်တော်ယာဉ် အင်ဂျင် ပါဝါနှင့် သုံးစွဲမှုပေါ် မူတည်ပြီး ရက် ၂၀မှ ရက် ၃၀ခန့်အထိ အသုံးခံပြီး လက်ရှိ LPG ပေါက်ဈေးသည် တစ်ကီလိုဂရမ်လျှင် ၁၂၀၀ ကျပ်ခန့် ရှိသည်။ မြန်မာနိုင်ငံတွင် LPG ဓာတ်ငွေ့ရည်ကို မန်းသံပုရာကန် ရေနံချက် စက်ရုံမှ ထုတ်လုပ်သော်လည်း အရည် အသွေးနှင့် လိုအပ်ချက် ပြည့်မီမှု မရှိသော ကြောင့် ထိုင်းနိုင်ငံမှတစ်ဆင့် တင်သွင်း ရောင်းချလျက် ရှိခြင်း ဖြစ်သည်။

ထိိုင်းနိုင်ငံသည် နိုင်ငံတွင်းမှ ထုတ် လုပ်သော LPGကို တရားဝင်တင်ပို့ ရောင်းချ ခွင့် မပြုသော်လည်း ထိုင်းကုန်သည်များက မှောင်ခိုစနစ်ဖြင့် တင်ပို့ ရောင်းချပြီး မြန်မာ ကုမ္ပဏီများက တရားဝင် လိုင်စင်စနစ်ဖြင့် တင်သွင်းရောင်းချခြင်း ဖြစ်ကြောင်း သိရပါ သည်။ မြန်မာနိုင်ငံရှိ LPG ဓာတ်ငွေ့ တင်သွင်းရောင်းချသည့် ကုမ္ပဏီများမှာ GL (Green Luck)၊ IB (ရွေှသံလွင်)၊ UEC (IBTC)၊ Star Gas (ကောင်းထက်မြန်မာ) စသည့် ကုမ္ပဏီများ ဖြစ်ပြီး၊ လူလေး ရဲကျော် တို့ကဲ့သို့ အိမ်သုံးဓာတ်ငွေ့ရည် ရောင်းချ သည့် ဆိုင်များကလည်း Myanmar LPG Group အမည်ဖြင့် ကုမ္ပဏီဖွဲ့စည်း ဆောင် ရွက်လျက် ရှိကြောင်း သိရပါသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။