News

လူကြိုက်များဆဲ အသုံး၀င်ပစ္စည်းများ

နေ့စဉ် လှုပ်ရှားသွားလာ နေကြတဲ့ လူတွေအနေနဲ့ လိုအပ်ချက်တွေ တွေးတော စဉ်းစားမှုတွေ အမြဲ ရှိနေပါတယ်။ ကမ္ဘာကျော်ပစ္စည်းတွေဟာလည်း အဆိုပါ လိုအပ်ချက်တွေ၊ လူတွေရဲ့ စိတ်ကူး ဉာဏ် တွေပေါ်မှာ အခြေခံပြီး တီထွင်ခဲ့တာပါပဲ။ အခု လူတွေအနှစ်သက်ဆုံး၊ လူသားတွေကို အကျိုးပြုဆုံး ပစ္စည်းတွေကို ပုံနဲ့တကွ စာရင်းပြုစုပြီး တင်ပြပေးသွားမှာပဲ ဖြစ်ပါတယ်။

၁။ အပန်းဖြေအနားယူချိန်တွေမှာ ဂိမ်းဝါသနာအိုးတွေအတွက် Microsoft ကတီထွင် ထုတ်လုပ်လိုက်တဲ့ Kinect Game တွေဟာ ကျွန်ုပ်တို့ရဲ့ Game ကစားမှု ပုံစံကို လုံး၀ပြောင်းလဲ ပေးလိုက်ပါတယ်။ Microsoft ရဲ့ Xbox ဂိမ်းစက်တွေမှာ လက်ကိုင် (Controller) မပါ၀င်ဘဲနဲ့ ဆော့လို့ရပါတယ်။ သင်ကိုယ်တိုင် Motion တွေနဲ့ ထိန်းချုပ်နိုင်မှာ ဖြစ်ပြီး အခုနောက်ပိုင်းမှာ Voice Controlပါ ပါ၀င်လာပါတယ်။

၂။ ငယ်ငယ်တုန်းက Sony Walkman နားကြပ်တပ်ပြီး လမ်းလျှောက်ခဲ့ကြဖူးမှာပါ။ အဆိုပါ Walkman တွေရဲ့ အစကတော့ လူတွေဟာ လမ်းလျှောက်ရင်း၊ အပြင်သွားရင်း အပန်းဖြေခံစားမှု တစ်ခုခုကိုလိုချင်တဲ့ အာသီသကနေ စတင်ခဲ့တာပဲ ဖြစ်ပါတယ်။ ၁၉၈၀ ခုနှစ်မှာ စတင်ထုတ်လုပ်ခဲ့တာ ဖြစ်ပြီး Apple ရဲ့ iPod တွေထက် နှစ်သုံးဆယ်လောက်စောပြီး လူတွေကို Music နဲ့ အတူရှိစေခဲ့တာပဲ ဖြစ်ပါတယ်။

၃။ “၀တ်ဆင်နိုင်တဲ့ နည်းပညာပစ္စည်းများ” လို့တင်စားခြင်းခံရတဲ့ Google ရဲ့ Google Glass ဟာ အရင်က သိပ္ပံစိတ်ကူးယဉ် ဇာတ်လမ်းထဲမှာသာ တွေ့ရတဲ့ မြင်ကွင်း တွေကို လက်တွေ့ပေးစွမ်းနေပြီ ဖြစ်ပါတယ်။ တကယ်ကိုအသုံး၀င်ပြီး Google ရဲ့ Service တွေကိုလည်း အချိန်နဲ့တစ်ပြေးညီ ရယူနိုင်တာကြောင့် အသုံး၀င်၊ လူကြိုက်များ ၊ နာမည်ကြီးနေဆဲပဲ ဖြစ်ပါတယ်။

၄။ Mobile ဖုန်းများကို Smart Phone များဖြင့် တစ်ခေတ်ဆန်းခဲ့ပြီးနောက် Android ရဲ့ Default Key များဖြစ်တဲ့ Home, Menu, Back, Search စတဲ့ ခလုတ်တွေကိုဖြုတ်ပြီး ရိုးရှင်းတဲ့ ခလုတ်တစ်ခုတည်းနဲ့ Apple မှ iPhone ကို တီထွင် ထုတ်လုပ်ခဲ့ပါတယ်။ မြန်နှုန်းမြင့် အင်တာနက်၊ Resolution သာလွန် ကောင်းမွန်ခြင်း၊ Error နည်းပါးခြင်း စတဲ့ ကောင်းတဲ့အချက်တွေ များစွာရှိတဲ့အတွက် iPhone ဟာလည်း ပရိသတ်တွေ နှစ်ခြိုက်တဲ့ ပစ္စည်းတစ်မျိုးအဖြစ် ရပ်တည်နေဆဲပါ။

၅။ Google က ထုတ်လုပ်လိုက်တဲ့ မောင်းသူမဲ့ ကားပါ။ အရက်သောက်ပြီး ကားမောင်းခြင်း စတဲ့အချက်တွေကို ရှောင်ရှားပြီး Driver မလိုတဲ့ကားလေး ဖြစ်တဲ့အတွက်လည်း အသုံး၀င်လျက် ရှိနေပါတယ်။

၆။ Apple ကတော့ ပစ္စည်းအကောင်းစားများကိုသာ သုံးစွဲသူတွေလက်ထဲ ထည့်ပေးလေ့ ရှိပါတယ်။ အခုလည်း Apple ရဲ့ iPad ဟာ Tablet တွေအားလုံးထက် သာလွန်ကောင်းမွန်နေဆဲပါလို့ ဆိုထားပါတယ်။

၇။ ယနေ့ခေတ်မှာ လူသုံးများလာကြတဲ့ “Cloud Service” ပါ။ Apple မှ စတင်ပြီး iCloud ကိုဖန်တီးခဲ့ပါတယ်။ အသုံးပြုတဲ့ User တွေအတွက် Server တစ်ခုထားပေးထားပြီး Cloud ပေါ်မှာ ဖိုင်တွေ၊ ရုပ်ရှင်၊ သီချင်း၊ ဓာတ်ပုံတွေသာမက မိမိတို့ရဲ့ အချက်အလက်ပေါင်းများစွာကို အကောင့်ဖွင့်ပြီး သိမ်းထားနိုင်ပါတယ်။ အဲဒီလို သိမ်းထားလိုက်ခြင်းအားဖြင့် Backup လုပ်ပြီးသားလည်း ဖြစ်သွားတာပေါ့။ ကိုယ့်ရဲ့ Device တွေမှာ ၀န်ပိ မနေတော့ပဲနဲ့ အင်တာနက် ကွန်နက်ရှင် မြန်ဆန်နေဖို့တော့ လိုတာပေါ့ဗျာ။

၈။ Apple ရဲ့ Siri ဟာ အသံနဲ့ ထိန်းချုပ်တဲ့ Application တွေထဲမှာတော့ အကောင်းဆုံးနဲ့ လူကြိုက်အများဆုံးပဲ ဖြစ်ပါတယ်။ လူတွေဟာ ပိုမိုပြီး အလုပ်ရှုပ်လာတာနဲ့အမျှ အဆိုပါ Voice Control စနစ်တွေဟာလည်း အသုံး၀င်လာတာပဲ ဖြစ်ပါတယ်။

၉။ မိုဘိုင်းဖုန်းတွေမှာ ဖုန်းပြောရုံသာမက အင်တာနက်ပါ အသုံးပြုလို့ရပြီးတဲ့ နောက်ပိုင်း LTE စနစ်သုံး Phone နဲ့ Tablet တွေဟာလည်း အထူးအောင်မြင်မှု ရခဲ့ပါတယ်။ LTE ရဲ့ အရှည်ကောက်ကတော့ “Long Term Evolution” ပါ။

Ref: www.businessinsider.com/the-most-innovative-gadgets-of-all-time-2013-7?op=1

Leave a Reply

Your email address will not be published. Required fields are marked *