စပိန်နိုင်ငံ ဘာစီလိုနာမြို့မှာ လက်ရှိကျင်းပလျက်ရှိတဲ့ Mobile World Congress 2014 ပြပွဲကြီးမှာ HTC က ၎င်းတို့၏ ထုတ်ကုန်ပစ္စည်းသစ်တစ်မျိုးဖြစ်တဲ့ Desire 816 စမတ်ဖုန်းကို မိတ်ဆက်ပြသလိုက်ပါတယ်။ HTC Desire 816 ရဲ့ ဈေးနှုန်းနဲ့ ဈေးကွက်ထဲသို့ဖြန့်ချိမယ့်နေ့ကို တရားဝင်ထုတ်ဖော်ပြောကြားထားခြင်းတော့ မရှိသေးပါဘူး။ ဒီစမတ်ဖုန်းမှာ ၅.၅ လက်မအရွယ် HD Display ကိုတပ်ဆင်ထားပြီး Screen Resolution ကတော့ (720×1280 pixels) ဖြစ်ပါတယ်။ ဖုန်းအတွင်းပိုင်းစွမ်းအင်ကို လျှင်မြန်စွာလုပ်ဆောင်ပေးမယ့် Processor ပိုင်းကိုတော့ 1.6GHz Quad-Core Snapdragon 400 SoC ကလုပ်ဆောင်ပေးပါ လိမ့်မယ်။ RAM ကတော့ 1.5GB ဖြစ်ပါတယ်။ အချက်အလက်တွေသိမ်ဆည်းပေးဖို့အတွက် 8GB Internal Storage ပါဝင်မှာ ဖြစ်ပြီး MicroSD ကတ်ကို 128GB အထိအသုံးပြုလို့ရအောင်ထောက်ပံ့ပေးထားပါသေးတယ်။ Desire 816 မှာပါဝင်မယ့် Android Version ကိုမဖော်ပြထားပေမယ့် HTC ကတော့ ၎င်းစမတ်ဖုန်းမှာ HTC Sense 5.5 UI ပါဝင်တယ်လို့ အတည်ပြုပြောကြားထား ပါတယ်။
HTC Desire 816 ရဲ့အားသာချက်ကတော့ ကင်မရာအရည်အသွေးကောင်းမွန်မှုဖြစ်ပြီး ယခင်ကထွက်ရှိခဲ့တဲ့ HTC One နဲ့ HTC One Max မှာ ထည့်သွင်းထားတဲ့ Ultrapixel Camera Technology ကို Desire 816 ပြန်လည်ထည့်သွင်းပေးထားပါသေးတယ်။ အနောက်ဘက်ကင်မရာက 13-megapixel ဖြစ်ပြီး အရှေ့ဘက် မျက်နှာစာကင်မရာကတော့ 5-megapixel ဖြစ်ပါတယ်။ ဒီစမတ်ဖုန်းရဲ့ဘက်ထရီခံနိုင်ရည်အားက 2600mAh ရှိပါတယ်။ ဖုန်းကိုယ်ထည်ပါးလွှာမှုက 7.99 mm ဖြစ်ပြီး အလေးချိန် 165 g ရှိပါတယ်။ HTC Desire 816 ကို LTE နှင့် HSPA+(up to 42Mbps) ကွန်ယက်နှစ်မျိုးကို ရွေးချယ်ဝယ်ယူခွင့်ပေးထားပါသေး တယ်။ အဆိုပါ စမတ်ဖုန်းကို အဖြူရောင်၊ အနက်ရောင်၊ အနီရောင်၊ အဝါရောင်နှင့် ခရမ်းရောင်ဆိုပြီးတော့ မိမိစိတ်ကြိုက်အရောင် ရွေးချယ်လို့ရအောင် ထုတ်လုပ်ပေးထားပါတယ်။