ကျွန်တော်တို့ဟာ ဝတ္ထုထဲကလို၊ ဇာတ်ကားတွေထဲကလို အချွန်အတက်တွေနဲ့ သိပ္ပံဆန်ဆန် ပုံစံမျိုးတွေ ဒါမှမဟုတ် အပြင်မှာ တကယ်မရှိတဲ့ သဘာဝလွန် ပုံစံမျိုးတွေ (ဥပမာ – အတောင်ပံတွေနဲ့ လူတွေ၊ မျက်နှာပုံစံအမျိုးမျိုးနဲ့ လူတွေ၊ စူပါမန်းလို လူတွေ) ဖြစ်လာဖွယ် မရှိပါဘူး။ ဒါပေမယ့် အဲဒါကို ဖြစ်အောင် ဒါမှမဟုတ် အဲဒါနဲ့ ဆင်တူအောင် MIT က သုတေသနပညာရှင်များက သူတို့ဟာ ဒီလိုအနေထားရောက်အောင် လုပ်ဖို့ အရမ်းနီးကပ်တဲ့ အနေအထားရောက်နေပြီဆိုတာကို ထုတ်ပြလိုက်ပါပြီ။ အဲဒါကတော့ လူရဲ့ ပုခုံးပေါ်မှာ ထိုင်နေတဲ့ တနည်းအားဖြင့် တပ်ဆင်ထားတဲ့ နောက်လက်နှက်ဖက် ထွက်လာသဖွယ်ပုံစံမျိုးနဲ့ စက်ရုံပုံစံကို ချပြခဲ့ပါတယ်။စတုန်းကတော့ ဒါဟာ လက်တွေ့ခန်းထဲမှာပဲပေါ့ အခုတော့ ကမ္ဘာပေါ်မှာ ထွက်ပေါ်လာပါပြီ။
စာဆိုအရတော့ လူတစ်ယောက်က လက်နှက်ဖက်ထက် ပိုစရာ အကြောင်းမရှိပါဘူး။ ဒါပေမယ့် အခုတော့ မင်းလက်နှက်ဖက်က မအားဘူးဆိုရင်တောင်မှ မင်းဟာ အိမ်တံခါးကို ကိုယ်ဟာကိုယ် ဖွင့်နိုင်ပါသေးတယ်၊ ခွေးကိုလည်း ထိန်းနိုင်ပါသေးတယ်၊ ပြီးတော့ ဖန်ခွက်ကို ကိုင်ပြီးတော့လည်း ရေသောက်နိုင်ပါသေးတယ်။ ဒီလိုမျိုး လုပ်နိုင်ဖို့ကို ဘယ်သူမှ ယုံဖွယ်ရာမရှိပါဘူး၊ ဒါဟာ အတွေးတစ်ခုပဲလို့ ထင်ဖွယ်ရာရှိပါတယ်။ ဒါပေမယ့် အဲဒီအတွေးကို MIT ကလေ့လာသူများက တကယ်ဖြစ်စေခဲ့တဲ့ စက်ရုပ်အပိုလက်ကို တီထွင်ခဲ့တယ်။
ဒီသဘာဝလွန် အတံတွေနဲ့စက်ရုပ်က ပုခုံးအထက်မှာ အကာသဖွယ်ဖုံးပြီး တပ်ဆင်ထားတဲ့ အစွပ်တစ်ခုပါဝင်ပါတယ်။ ပြသထားတဲ့ ဗီဒီယိုမှာတော့ အတံတွေဟာ လူရဲ့ လက်တွေနဲ့ အလားတူစွာ လှုပ်ရှားနေပါတယ်။ အဲဒီစက်ရုပ်တခုလုံးရဲ့ အလေးချိန်က ၁၀ ပေါင်ဖြစ်ပါတယ်။ သူ့ကို Doc Ock စက်ရုပ်လို့အမည် ပေးထားပါတယ်။
MIT က လေ့လာသူများကတော့ Spider-Man လိုမျိုးပုံစံလုပ်ချင်နေကြပြီး သူတို့က ထိန်းချုပ်မှာ ဖြစ်ပါတယ်။ ဒီစက်ရုပ်ကို စတင်ခဲ့တဲ့သူနှစ်ယောက်ကတော့ MIT က မစ္စတာ ဘရစ်တ် နဲ့ မစ္စတာ အဲလက်ဇ် တို့ပဲဖြစ်ပါတယ်။ သူတို့ရဲ့ ရည်ရွယ်ချက်ကတော့ စက်ရုပ်ပုံစံအသစ်ကို လေ့လာဖို့နဲ့ လူ့ခန္ဓာကိုယ်မှာ တပ်ဆင်နိုင်တဲ့ စက်ရုံပုံစံ ဖြစ်ပါတယ်။ ဒါပေမယ့် တကယ့်အပြီးသတ် စက်ရုပ်ဖြစ်ဖို့က အများကြီးလိုပါသေးတယ်။