News

Microsoft CEO ၀န်ခံပြီ

ကမ္ဘာကျော် နည်းပညာကုမ္ပဏီ Microsoft ၏ CEO ဖြစ်သူ Steve Ballmer က၎င်းအနေဖြင့် အမှားကြီးတစ်ခု မှားယွင်းခဲ့ကြောင်း ၀န်ခံခဲ့သည်။ မကြာသေးခင်က ထုတ်လုပ်ခဲ့သော Surface RT Tablet နှင့် ပတ်သက်၍ Microsoft က ဒေါ်လာသန်း ၉၀၀ ခန့်နစ်နာ ဆုံးရှုံးခဲ့ကြောင်းလည်း ပြောကြားခဲ့သည်။ “ဒီ Device တွေကို ကျွန်တော်တို့က ၀ယ်လိုအားထက်ပိုပြီး ထုတ်လုပ်မိခဲ့ပါတယ်” ဟုလည်း ၀န်ခံခဲ့သည်။ Surface RT Tablet များကို အများအပြားထုတ်လုပ်ပြီး Tablet ခြောက်သန်းခန့် မရောင်းရ၍ နစ်နာဆုံးရှုံးရခြင်းဖြစ်ကြောင်းလည်း သိရသည်။

ကုမ္ပဏီ၏ နစ်နာ ဆုံးရှုံးမှု ဖြစ်သော နောက်တစ်ချက်တွင် Windows Phone များလည်း ပါ၀င်သည်။ Windows 8 OS သုံးထားသော အဆိုပါ ဖုန်းများတွင်လည်း ဒီဇိုင်းရိုးရှင်းခြင်း၊ နည်းပညာအဆင်မပြေခြင်း စသည် တို့ကြောင့် အချို့နိုင်ငံများတွင် ရောင်းမထွက် ဖြစ်ခဲ့ရသည်။ Microsoft CEO စတိဗ် ဘယ်လ်မာ အနေဖြင့် ယင်းကိစ္စကို မည်သို့ကိုင်တွယ်သွားမည်မှာ စိတ်၀င်စားဖွယ်ပင် ဖြစ်နေသည်။

Ref: http://www.huffingtonpost.com/2013/07/26/microsoft-mistake_n_3658319.html?ncid=edlinkusaolp00000003

Leave a Reply

Your email address will not be published. Required fields are marked *