News

Microsoft မှ ဒေါ်လာ ၁၀ဝ ကျော်တန် ဖုန်းထုတ်

Microsoft ကနေ အောက်တိုဘာ ၆ ရက်က နယူးယောက်မြို့မှာ ကျင်းပတဲ့ ပွဲအတွင်း အမြင့်ဖုန်းတွေဖြစ်တဲ့ Lumia 950 နဲ့ 950 XL ဖုန်းတွေကို ကြေညာခဲ့သလို ဒေါ်လာ ၁၀ဝ ကျော်သာတန်ဖိုးရှိတဲ့ Lumia 550 ဆိုတဲ့ ဖုန်းကိုလည်း ကြေညာခဲ့ပါတယ်။

ဖုန်းဟာ မျက်နှာပြင် ၄.၇ လက်မရှိမှာဖြစ်ပြီး Windows 10 ကို အသုံးပြုမှာ ဖြစ်ပါတယ်။ Resolution အနေနဲ့ 720 ရှိမှာဖြစ်ပါတယ်။ Processor ကတော့ 1.1 GHz quad-core Snapdragon 210 နဲ့ ဘက်ထရီသက်တမ်းက 2,100 mAh ရှိတဲ့အတွက် အနည်းဆုံး ၁၃.၉ နာရီ ခံနိုင်ရည်ရှိမှာဖြစ်ပါတယ်။

ကင်မရာပိုင်းအနေနဲ့ဆိုရင်တော့ ရှေ့ကင်မရာက 2 Megapixel ရှိမှာဖြစ်ပြီး နောက် ကင်မရာကတော့ 5 megapixel ရှိမှာဖြစ်ပါတယ်။ သိုမှီးပမာဏအနေနဲ့ 8GB သာပါဝင်မှာဖြစ်ပေမယ့် microSD ကဒ်စိုက်မယ်ဆို 200GB အထိ ထပ်တိုးအသုံးပြုနိုင်မယ်လို့ သိရပါတယ်။

Microsoft Lumia 550 ရဲ့ ဈေးနှုန်းက ၁၃၉ ဒေါ်လာ ဖြစ်ပါတယ်။

Microsoft ဟာ ပွဲအတွင်း နာမည်ကျော် ထုတ်ကုန်တွေဖြစ်တဲ့ Surface Pro 4 tablet နဲ့ Surface Book တို့ကိုပါ ကြေညာခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *