News

Micromax က Canvas Elanza A93 စမတ်ဖုန်းကို ရောင်းချ

အိန္ဒိယအခြေစိုက် စမတ်ဖုန်းထုတ်လုပ်သူ Micromax က Canvas Elanza A93 စမတ်ဖုန်းကို ရောင်းချပေးလိုက်ပါတယ်။ အဲဒီဖုန်းမှာ ငါးလက်မအရွယ် 960×540 Pixels qHD Display တပ်ဆင်ထားပြီး 1.3GHz Dual-Core Processor တပ်ဆင် ထားပါတယ်။ Android 4.2 Jelly Bean ကို အသုံးပြုထားပါတယ်။ အနောက်ဘက်မှာ 5 Megapixel Camera တပ်ဆင်ထားပြီး LED Flash ပါရှိပါတယ်။ မျက်နှာချင်းဆိုင်မှာ 0.3 Megapixel Camera တပ်ဆင်ထားပါတယ်။ GSM SIM Card နှစ်ခု အသုံးပြု နိုင်ပါတယ်။

3.5mm Audio Jack နဲ့ FM Radio အသုံးပြုနိုင်ပါတယ်။ 1GB RAM, 4GB Internal Storage ပါရှိပါတယ်။ 32GB အထိ ၀င်ဆန့်တဲ့ MicroSD Card အသုံးပြုနိုင်ပါတယ်။ 3G HSPA+, WiFi 802.11 b/g/n, Bluetooth, GPS တို့ အသုံးပြုနိုင်ပါတယ်။ 1950mAh Battery တပ်ဆင်ထားပါတယ်။ Canvas Elanza A93 ကို အနက်၊ အပြာ၊ ရွှေရောင် ထုတ်လုပ်ထားပြီး အိန္ဒိယရူပီး (၉၄၀၀) သတ်မှတ်ထားပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *