News

“အ”သုံးလုံး ရဲဘော်ဟောင်းများ ဝါဆိုသင်္ကန်းကပ်လှူ

၁၉၆၄ခုနှစ်မှ ၁၉၈၄ခုနှစ်အထိ မြန်မာနိုင်ငံ စာတတ်မြောက်ရေး လှုပ်ရှားမှုတွင် ပါဝင်ခဲ့သော “အ”သုံးလုံး လုပ်အားပေး အဖွဲ့ဝင်များ ပြန်လည်တွေ့ဆုံဖြစ်မြောက်ရေး ကော်မတီ၏ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲနှင့် ရှေ့လုပ်ငန်းစဉ်များ တွေ့ဆုံ ဆွေးနွေးပွဲကို သြဂုတ် ၄ရက်၊ နံနက် ၉နာရီက ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်၊ လက်ဝဲမင်းဒင်လမ်း၊ မင်းကင်းဘုန်းတော်ကြီး စာသင်တိုက်တွင် ကျင်းပခဲ့ကြောင်း သိရသည်။ ရှေးဦးစွာ မင်းကင်းတိုက် ဆရာတော် ဦးဓမ္မသာရ အမှုးပြု၍ သံဃာတော် အရှင်မြတ်များအား ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်း၍ လှူဒါန်းမှု အစုစုကို ရေစက်သွန်းချ အမျှပေးဝေကြပြီး ရှေ့ဆက်၍ ပညာရေး လုပ်ငန်းများ ဆောင်ရွက်ရေး အစီအစဉ်များကို ဆွေးနွေးကြသည်။

ပထမဆုံး ဆော်သြရေးမှူး ဆရာ ဦးမျိုးသန့်က မြန်မာနိုင်ငံတွင် စာမတတ်သူ ပပျောက်ရေး “အ”သုံးလုံး လုပ်အားပေးကို ၁၉၆၄ခုနှစ်မှ စတင် လုပ်ကိုင်ဆောင်ရွက်ခဲ့ရာ ပါမောက္ခချုပ်များကအစ ဆရာ၊ ဆရာမများ၊ တက္ကသိုလ်၊ ကောလိပ်ကျောင်းသား၊ ကျောင်းသူများ၊ ပျော်ပျော်ရွှင်ရွှင် လုပ်အားပေးခဲ့ကြရာ ဝမ်းသာဂုဏ်ယူဖွယ် ဖြစ်ခဲ့ကြောင်း၊ ပြောင်းလဲလာသော ခေတ်အခြေအနေနှင့်အညီ ယခင်အတွေ့အကြုံများဖြင့် စာတတ်မြောက်ရေး လုပ်အားပေး ပါဝင်ခဲ့သူများ တတ်နိုင်သမျှ ပူးပေါင်း စုစည်းကာ ပညာရေးလုပ်ငန်းများကို ပိုမို တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်သွားကြရန်လိုကြောင်း ပြောကြားခဲ့သည်။

၎င်းနောက် တက်ရောက်လာသူများက အကြံပြု ဆွေးနွေးကြပြီး မြန်မာနိုင်ငံ စာတတ်မြောက်ရေး လုပ်အားပေး “အ”သုံးလုံး အဖွဲ့ဝင်များ ပြန်လည် တွေ့ဆုံရေး ယာယီကော်မတီ နာယက ဆရာကြီး ဦးသန်းဦး၊ ဆရာမကြီး ဒေါ်ပို၊ ဆရာဦးလှမင်း၊ ဆရာဦးခင်မောင်ချို၊ ဆရာဦးကြည်ဝမ်း၊ လုပ်ငန်းကော်မတီ အဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးအောင်ကြည်၊ ဦးမျိုးသန့်၊ ဒေါ်ထွေးထွေးအုန်း၊ ဦးမောင်ကျော်၊ ဦးသိန်းငွေ၊ ဦးစိုးမြင့်၊ ဦးအောင်စိုး၊ ဒေါ်အေးသက်မော်၊ ဦးစံနီမောင်၊ ဦးမြင့်သန်း၊ ဒေါ်စောမဉ္ဇူတို့နှင့် ဖွဲ့စည်းခဲ့ကြသည်ဟု သိရပါသည်။

ဤသတင်းနှင့် ပတ်သက်၍ ၁၉၆၉ခုနှစ် မြန်မာနိုင်ငံ စာတတ်မြောက်ရေး လှုပ်ရှားမှုတွင် “အ”သုံးလုံး လုပ်အားပေး အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့သော ပုသိမ်ကောလိပ် မြန်မာစာ ဒုတိယနှစ် ကျောင်းသားလေး မောင်သန်းဋ္ဌေးက သာဓုအနုမောဒနာ ခေါ်ယူပါကြောင်းနှင့် ထိုစဉ်က မန္တလေးတိုင်း၊ မြစ်သားမြို့နယ်တွင် လုပ်အားပေးခဲ့ရခြင်းကို မိမိဘဝတစ်သက်တာတွင် မမေ့နိုင်ပဲ လုပ်အားပေး ရဲဘော်ဟောင်းများနှင့်လည်း ပြန်လည် ဆုံတွေ့လိုသော ဆန္ဒဖြစ်မိပါကြောင်း………။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *