Promotion

Medical Infrared Thermometer ကို ICT.com.mm မှာ Up to 16% discount နဲ့ ဝယ်ယူနိုင်ပါပြီ

ကိုယ်အပူချိန်ကို နဖူးရှေ့မှ တိုင်းတာပေးနိုင်တဲ့ Medical Infrared Thermometer ကို ICT.com.mm မှာ Up to 16% discount နဲ့ ဝယ်ယူနိုင်ပါပြီ…

အရွယ်အစားသေးငယ်ပေမယ့် စွမ်းရည်မြင့်မားတဲ့ YM-6688 Medical Infrared Thermometer ပါနော်။ ကိုယ်အပူချိန်ကို Infrared ရောင်ခြည်နဲ့ အတိအကျ တိုင်းတာပေးနိုင်တဲ့ အပြင် အပူချိန်တိုင်းတာမှုအတွက် အရေးကြီးဆုံးဖြစ်တဲ့ Accuracy ပိုင်းကို အမြင့်မားဆုံး ရရှိအောင် ဆောင်ရွက်ပေးထားလို့ ကွဲလွဲမှု +/- 0.2 C (Body temperature mode) သာရှိတဲ့အတွက် အပူချိန်မှားယွင်းတိုင်းတာမိမှာကို စိုးရိမ်စရာ မလိုတော့ဘူးနော်…

ကိုယ်အပူချိန် 35 C မှ 42 C (Body temperature mode) အထိ တိုင်းတာပေးနိုင်ပြီး လူနာနဲ့စက် တိုက်ရိုက် ထိတွေ့စရာမလိုဘဲ 3 ~ 5 cm အကွာအဝေးကနေ မှန်မှန်ကန်ကန် တိုင်းတာပေးနိုင်တယ်ဆိုတော့ အရည်အသွေးပိုင်းကစိတ်ချရတာမို့ ဆောင်ထားသင့်ပါတယ်။

ဒါ့အပြင် ကိုယ်တွေ မြန်မာနိုင်ငံက မပူလွန်း၊ မအေးလွန်းနဲ့ အရမ်းလဲ စိုထိုင်းမှုမရှိတာမို့ ရာသီမရွေး အသုံးပြုနိုင်မှာပါ။ Power ပိုင်းအတွက် DC 9V (9V +/- 10%) Battery ကို ထည့်သွင်းအသုံးပြုရမှာဖြစ်ပြီး အသုံးမပြုဘဲ ရပ်ထားချိန် 6 စက္ကန့်အကြာမှာ အလိုအလျောက် စက်ပိတ်ပေးတာကြောင့် ဘတ္ထရီသက်တမ်းကို ပိုမိုကြာရှည်ခံစေပါတယ်။

ခုလဲ ပရိုမိုးရှင်းရှိတာဆိုတော့ ပစ္စည်းမကုန်ခင် ဝယ်ပြီးဆောင်ထားလိုက်တော့နော်…

Leave a Reply

Your email address will not be published. Required fields are marked *