News

MediaTek က ကမ္ဘာ့ပထမဆုံး Octa-Core Mobile Chip ထုတ်လုပ်မည်

Qualcomm ရဲ့ ပြိုင်ဖက်ဖြစ်တဲ့ MediaTek က ကမ္ဘာ့ ပထမဆုံး Octa-Core Mobile Processor ဖြစ်တဲ့ MT6592 ကို ဒီနှစ်ကုန် မှာ ထုတ်လုပ်မယ်လို့ တရား၀င် ကြေညာလိုက်ပါတယ်။ Cortex-A7 Cores ရှစ်လုံးတပ်ဆင်ထားမှာဖြစ်ပြီး Core ရှစ်လုံးစလုံးဟာ 1.7GHz ကနေ 2GHz အထိ လျှင်မြန်မှုနှုန်း နဲ့ တစ်ပြိုင်နက် အလုပ်လုပ်နိုင်ကြပါတယ်။

Chrome Browser , Map Apps, Multi-Window အသုံးပြုနိုင်တဲ့ Video Player တွေဟာ Core ရှစ်လုံး ကို အသုံးပြုနိုင်ကြတယ်လို့ MediaTek ကပြောကြားပါတယ်။ MT6592 ဟာ Quad-Core Snapdragon 800 ကိုလည်း ယှဉ်ပြိုင်အနိုင်ယူနိုင်တယ်လို့ ဆက်လက်ပြောဆိုပါတယ်။ ပါဝါအသုံးပြုမှု လေးဆယ် ရာခိုင်နှုန်း လောက်ပဲရှိပြီး အပူချိန် ကိုလည်း လျှော့ချပေးနိုင်ပါတယ်။

MT6592 မှာ 16Megapixel Camera တွေကို အထောက်အပံ့ပေးနိုင်တဲ့ Image Signal Processor ပါရှိပါတယ်။ Full HD တွေကို ကောင်းမွန်စွာပြသပေးနိုင်တဲ့ 700GHz အမြန်နှုန်းနဲ့ အလုပ်လုပ်ပေးနိုင်တဲ့ ARM Mali-450 Graphics Processor ပါရှိပါတယ်။ ဂိမ်း တွေကစားရာမှာလည်း အလွန်လျှင်မြန်ကောင်းမွန်လာမှာဖြစ်ပါတယ်။ Video Frame Rate ကို 69fps အထိတိုးမြှင့်ပေးနိုင်လို့ ရုပ်ထွက်တွေကို ကြည်လင်ပြတ်သားစွာမြင်တွေ့နိုင်ပါတယ်။ 4K H.264 Video Decoding , Full HD H.265/VP9 Playback တို့ပါရှိတဲ့အတွက် ဖိုင်တွေသိမ်းဆည်းမယ့်နေရာအတွက် လေးဆယ် ရာခိုင်နှုန်း သက်သာစေပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *