ဆန်စပါး လုပ်ငန်းရှင်အများစုနှင့် ဖွဲ့စည်းထားသော မြန်မာ့လယ်ယာစီးပွား အများပိုင် ကော်ပိုရေးရှင် MAPCOသည် ဆန်တင်ပို့သော ဆိပ်ကမ်းတစ်ခုကို ကိုယ်ပိုင် တည်ဆောက်သွားမည် ဖြစ်ကြောင်း MAPCOမှ တာ၀န်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရပါသည််။ အဆိုပါ ဆိပ်ကမ်းကို သီလဝါ ဆိပ်ကမ်းတွင် တည်ဆောက် သွားမည်ဖြစ်ပြီး ဆန်တင်ပို့သည့် ဆိပ်ကမ်း တည်ဆောက်ရန်အတွက် အစိုးရမှ ခွင့်ပြုပြီး ဖြစ်ကြောင်း သိရသည်။ အခုလက်ရှိ ကာလတွင် ဆိပ်ကမ်း တည်ဆောက်ရန်အတွက် တိုင်းတာမှုများကို စတင် ဆောင်ရွက်နေပြီ ဖြစ်ကြောင်း သိရပါသည်။ အဆိုပါ ဆန်တင်ပို့သည့် ဆိပ်ကမ်းကို လာမယ့် ၂၀၁၅ခုနှစ်မှာ အပြီး တည်ဆောက်သွားမှာ ဖြစ်ပါသည်။ ယခုလို တည်ဆောက်ရခြင်းသည် ဆန်တန်ချိန် တစ်သန်းခွဲလောက် ပို့ရပါက ဆိပ်ကမ်းတစ်ခုထဲက စက်တွေပါ ထည့်ပြီး တည်ဆောက်သွားမှာ ဖြစ်ကြောင်း သတင်း ရရှိပါသည််။
ဆန်တင်ပို့ရန် ကိုယ်ပိုင်ဆိပ်ကမ်းတစ်ခု MAPCO မှ တည်ဆောက်သွားမည်

20
May