News

၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ကိုယ်စားလှယ်အဖွဲ့ နော်ဝေးနှင့် ဂျာမန်ခရီးစဉ်စတင်

Norwegian Burma Committee ၏ ဖိတ်ကြားချက်အရ စက်တင်ဘာ ၆ရက် ၇နာရီ ၄၅မိနစ်အချိန်တွင် ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ဦးမြအေး၊ ဦးပြုံးချို၊ ဦးအံ့သွယ်ကျော်၊ ဦးစိုးထွန်း၊ ဦးထွန်းမြင့်အောင်၊ ဒေါ်မီမီလွင်နှင့် ဒေါ်စမ်းစမ်းမော်တို့သည် နော်ေ၀နှင့် ဂျာမနီနိုင်ငံ ခရီးစဉ်စတင်မည်ဖြစ်ကြောင်း သိရပါသည်။

စက်တင်ဘာ ၇ရက် ဒေသစံတော်ချိန် နံနက် ၇နာရီ ၃၀မိနစ်တွင် နော်ေ၀နိုင်ငံသို့ ရောက်ရှိသည်ဖြစ်ပြီး မွန်းလွဲ ၁နာရီတွင် Norwegian Burma Committee (NBC)၏ ကြိုဆိုနှုတ်ဆက်ပွဲသို့ တက်ရောက်မည်ဖြစ်ပြီး စက်တင်ဘာ ၈ရက် နံနက်ပိုင်းတွင် Ministry of Local Government and regional developmentနှင့် တွေ့ဆုံမည်ဖြစ်သည်။ ထိုနေ့မွန်းလွဲပိုင်းတွင် Professor Stein Tonnesonနှင့် Researcher Marte Nilsen From Peace and Research Imstitute (PRIO)တို့၏ ငြိမ်းချမ်းရေး ဟောပြောပွဲသို့ တက်ရောက်မည်ဟုလည်း သတင်းရရှိသည်။ စင်တင်ဘာ ၈ရက် ညပိုင်းတွင် နော်ေ၀နိုင်ငံ၊ အော်စကိုမြို့ရှိ မိသားစုများနှင့် တွေ့ဆုံမည်ဟု သိရသည်။

စက်တင်ဘာ ၉ရက်တွင် အော်မကိုမြို့တော်ခန်းမ အပါအ၀င် မဲရုံးများသို့ သွားရောက်လေ့လာခြင်း၊ စက်တင်ဘာ ၁၀ရက်တွင် အော်စကို မြို့တော် ခန်းမ အပါအ၀င် မဲရုံးများသို့ သွားရောက်လေ့လာခြင်း၊ စက်တင်ဘာ ၁၀ရက်တွင် နော်ေ၀ပါမောက္ခ၏ နိုင်ငံရေး အကျဉ်းသားများဘ၀ ပြန်လည်ထူထောင်ရေး ဟောပြောဆွေးနွေးပွဲ၊ အမျိုးသမီးနှင့် လူနည်းစု တိုင်းရင်းသားများအတွက် နော်ေ၀း နိုင်ငံရေးပုံသဏ္႑ာန် ဟောပြောပွဲသို့ တက်ရောက်မည် ဖြစ်သည်။

စက်တင်ဘာ ၁၁ရက်တွင် မီဒီယာလွတ်လင့်ခွင့်နှင့် သက်ဆိုင်သည့် ဟောပြောပွဲများ၊ ညွန့်ပေါင်းအစိုးရနှင့် နော်ေ၀း နိုင်ငံရေး ပုံသဏ္႑ာန် စသည့် ဟောပြောပွဲများသို့ တက်ရောက် လေ့လာမည်ဖြစ်သည်။ စက်တင်ဘာ ၁၂ရက်တွင် အော်စလိုတက္ကသိုလ်တွင် ပြုလုပ်မည့် ဆွေးနွေးပွဲများသို့ တက်ရောက်လေ့လာမည်ဖြစ်ပြီး စက်တင်ဘာ ၁၄ရက်တွင် အော်စလိုမြို့မှ ဘာဂန်မြို့သို့ သွားရောက်ကာ စက်တင်ဘာ ၁၅ရက်တွင် ဘာဂန်မြို့မှ တာ၀န်ရှိသူများနှင့် တွေ့ဆုံကာ စက်တင်ဘာ ၁၆ရက်နေ့တွင် အော်စကိုမြို့သို့ ပြန်လည်ရောက်ရှိမည်ဖြစ်သည်။

ထို့နောက် စက်တင်ဘာ ၁၈၊ ၁၉၊ ၂၀ရက်များတွင် ဂျာမန်၊ ပါလီမန်၊ ဂျာမန်ဖက်ဒရယ်ကောင်စီနှင့် ဂျာမန်နိုင်ငံရေးပါတီများနှင့် တွေ့ဆုံမည် ဖြစ်ကြောင်း သိရပါသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *