Mobile, Review

ပြည်တွင်းမှာ အရောင်းရဆုံးဖြစ်နေတဲ့ Huawei U8836

ပြည်တွင်းမှာ မိုဘိုင်းဖုန်း ကိုင်ဆောင်သူဦးရေ တိုးတက် များပြားလာတာကို တွေ့ရမှာပါ။ မိုဘိုင်းဟန်းဆက်များ ၀ယ်ယူရာတွင်လည်း Touch သွက်မှု၊ Android Version မြင့်မှုနဲ့ ဈေးနှုန်း သက်သာမှုတွေပေါ် မူတည်ပြီး ရွေးချယ်ကြတာပါ။ အခု ပြည်တွင်းမှာ အ၀ယ်လိုက်နေတဲ့ ဖုန်း Brandသည် Huawei Smartphone များ ဖြစ်ကြောင်း ပြည်တွင်းရှိ BOGYOKE မိုဘိုင်းဖုန်း အရောင်းဆိုင်မှ သိရှိရပါတယ်။ အရောင်းရဆုံး ဖြစ်နေတဲ့ Huawei Series တွေထဲက ပြည်တွင်းကို နောက်ဆုံး ၀င်လာတဲ့ Huawei U8836 (Ascend G500 Pro) ကို ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။

Huawei U8836 Smartphone က ၄.၃လက်မ အရွယ်အစား ရှိပြီး Multi-Touch အသုံးပြုနိုင်တဲ့ Screen ပါ၀င်ပါတယ်။ Dual Sim ဖြစ်တဲ့အတွက် GSM, WCDMA Network နှစ်မျိုးလုံးကို တစ်ပြိုင်နက် အသုံးပြုနိုင်မှာပါ။ Support လုပ်နိုင်တဲ့ Network အမျိုးအစားများကတော့ 2G: GSM 850/900/1800/1900 နဲ့ 3G: WCDMA 900/2100MHz တို့ပဲ ဖြစ်ပါတယ်။ Android Version ကတော့ 4.0 Ice Cream Sandwich ဖြစ်တဲ့အတွက်ကြောင့် Version မြင့် စမတ်ဖုန်း တစ်လုံးပါ။ CPU ကတော့ 1.0GHz Dual-core ဖြစ်ပြီး RAM ကိုတော့ 1GB ထည့်သွင်းပေးထားပါတယ်။

Built-in GPS စနစ် ပါ၀င်ပြီး A-GPS စနစ်ကိုလည်း Support လုပ်ပေးနိုင်မှာ ဖြစ်ပါတယ်။ အလင်းအမှောင်ကို အလိုအလျောက် ခိျန်ညှိပေးနိုင်ပြီး အကောင်းဆုံး ဓာတ်ပုံတွေကို ရိုက်ယူရာမှာ အကူအညီပေးနိုင်မယ့် Light Sensor နဲ့ အနီးအေ၀းကို အကြည်လင်ဆုံး ဆွဲယူရိုက်ကူးနိုင်မည့် Distance Sensor များ ပါ၀င်ပါတယ်။ WiFi နှင့် Bluetooth 2.1 EDR တို့ကို အသုံးပြုနိုင်ပါသေးတယ်။ ကင်မရာကို အရှေ့နဲ့ အနောက်တစ်လုံးစီ တပ်ဆင်ပေးထားပါတယ်။ အနောက်ပိုင်းမှာတော့ CMOS LED Flash နဲ့ AF စနစ်ပါ၀င်တဲ့ 5.0MP ကင််မရာ ဖုန်းရဲ့အရှေ့ပိုင်းမှာတော့ 0.3MP ကင်မရာကို တပ်ဆင်ပေးထားပါတယ်။

ဒီဇိုင်းပုံစံက ခေတ်မီဆန်းပြားတဲ့ ပုံစံရှိပါတယ်။ စကရင် အရွယ်အစား ၄.၃ လက်မ ရှိခြင်းက စကရင် ကြီးကြီးနဲ့ စမတ်ကျကျ ကိုင်ဆောင်လိုသူများအတွက်တော့ အထူး သင့်လျော်ပါတယ်။ Android Version မြင့် စမတ်ဖုန်း တစ်လုံးအတွက်တော့ အလွန် ဈေးနှုန်း ချိုသာတယ်လို့ ဆိုရမှာပါ။ Huawei U8836 ရဲ့ ဈေးနှုန်းကတော့ ကျပ် ၁၈၆,၀၀၀ ၀န်းကျင်ရှိပါတယ်။ စိတ်၀င်စားလို့ ၀ယ်ယူချင်တယ် ဆိုရင်တော့ BOGYOKE Mobile & Gadget အရောင်းဆိုင် ဖုန်း ၀၁-၂၉၂-၆၂၇၊ ၀၁-၃၉၈-၇၆၆ သို့ ဆက်သွယ် ၀ယ်ယူနိုင်ကြောင်း သိရပါတယ်။

Full Specifications
» Android 4.0 ICS
» CPU Dual-core 1.0GHz
» RAM: 1GB
» Network: GSM, WCDMA Dual Sim
» Screen: 4.3” Capacitive Touchscreen
» Camera: Front: 0.3MP; Back: 5.0MP CMOS LED FLASH, AF
» WLAN: WIFI, IEEE 802.11 n / b / g
» Bluetooth 2.1 EDR +

Leave a Reply

Your email address will not be published. Required fields are marked *