တောင်ကိုရီးယားအခြေစိုက် LGကုမ္ပဏီကတော့ ၎င်းတို့ရဲ့ အသစ်စက်စက် Tabletတစ်လုံးကို နှစ်အနည်းငယ်အတွင်း ထုတ်လုပ်ဖြန့်ချိ ဖို့ပြင်ဆင်နေတယ်လို့ သတင်းရရှိပါတယ်။ “G Pab”လို့ အမည်ပေးထားပြီး မျက်နှာပြင်အကျယ် ၈.၃လက်မနဲ့ အတွင်းပိုင်းပစ္စည်းတွေကိုလည်း သေချာကောင်းမွန်စွာ တပ်ဆင်အသုံးပြုသွားမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အဆိုပါ G Pabဟာ 1920×1200ရုပ်ထွက် Display, Qualcomm Snapdragon 800 Chipနဲ့ CPU အမြန်နှုန်း 2.3GHzရှိမယ်လို့လည်း သိရပါတယ်။ RAMကို 2GBတပ်ဆင် ပေးထားပြီး GPU(ဂရပ်ဖစ်)ကိုလည်း Adreno 330 GPUတပ်ဆင် အသုံးပြုသွားမယ်လို့ သိရပါတယ်။ အဆိုပါ Tabletအတွက် OSကိုတော့ အန်းဒရွိုက်ပဲ သုံးမှာဖြစ်ပြီး LGရဲ့ လက်ရှိ ‘G’ Seriesတွေ အတွက် အဖွဲ့၀င်အသစ် ဖြစ်လာမှာပါ။
LGက Tabletလောကထဲကို G Padနဲ့ ၀င်ရောက်မည်
20
Aug