News, Review

Android game တွေကို PC မှာ screen ကြီးကြီးနဲ့ အားရပါးရ ဆော့ချင်သူတွေအတွက် Software ကောင်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။

Android game တွေကို PC မှာ screen ကြီးကြီးနဲ့ အားရပါးရ ဆော့ချင်သူတွေအတွက် Software ကောင်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။ သိတဲ့သူတွေက သိပြီးသား ဖြစ်မှာပါ၊ BlueStacks Android Emulator လေးပါပဲ။
MLBB နဲ့ PUPG လို game မျိုးတွေကို ဆော့ရတာ အဆင်ပြေတာတွေ့ရပါတယ်။ Game Controls ကို keyboard နဲ့ mouse သုံးပြီး လုပ်နိုင်မှာပါ။ Shooting Mode, MOBA Mode တွေပါလို့ Game ဆော့ရတာ ပိုအဆင်ပြေစေပါတယ်။ Multi-Instance ကို သုံးပြီး တစ်ချိန်တည်းမှာ ဂိမ်း ၄ ခုကို ဆော့လို့ရဦးမှာပါ။Macros ဆိုတဲ့ function ကိုသုံးပြီး record နဲ့ replay လုပ်လို့ရပါသေးတယ်။
PC မှာ ဆော့တာကြောင့် ဖုန်းထက်လည်းပိုပြီး FPS ပိုကောင်းပြီး ဂိမ်းဆော့ရင် ပိုပြီး smooth ဖြစ်တာကို တွေ့ရမှာပါ။ PC graphics နဲ့ဆိုတော့ ဂိမ်းတွေကို HD နဲ့ဆော့လို့ရပါတယ်။ သုံးရတာအရမ်းလွယ်တာကို တွေ့ရမှာပါ။ အောက်ကလင့်ခ်လေးမှာ ဒေါင်းလုပ်ယူပြီး ဆော့ကြည့်ကြစို့လား။

Leave a Reply

Your email address will not be published. Required fields are marked *