Mobile, News, Review

Lenovo VIBE X2

နေ့စဉ် သင့်ရဲ့ ဆန်းသစ်မှုတွေကို စတင်စေမယ့် Lenovo VIBE X2 ။ လူအများကြားတွင် တမူထူးခြား ဆွဲဆောင်မှုရှိစေမယ့် VIBE ရဲ့ Multi-Layer ဒီဇိုင်းဟာ သင့်ဘဝရဲ့ Multi-Layered Lifestyle နှင့် အံဝင်ခွင်ကျဖြစ်အောင် ဖန်တီးထားခြင်း ဖြစ်ပါတယ် ။ MediaTekရဲ့ အဆင့်မြင့် 4G LTE True8Core processor ၈ လုံးနှင့် ပြည့်စုံကောင်းမွန်တဲ့ MultiMedia အတွေ့အကြုံကို ပေးစွမ်းနိုင်မည့်အပြင် ဘက်ထရီသက်တမ်းကို ပိုမိုတိုးမြင့်ပေးမယ့် Power-Saving နည်းပညာပါ ပါဝင် ပေါင်းစပ်ထားပါတယ် ။ ဒါ့အပြင် CPU ရဲ့ စွမ်းဆောင်ရည်ကို အပြည့်အဝ အထောက်အပံ့ ပေးနိုင်တဲ့ 2G RAM Memory ကြောင့် ဘယ်လိုလုပ်ငန်းမျိုးမဆို အလျင်မြန်ဆုံးနဲ့ အပေါ့ပါးဆုံးစွမ်းဆောင်ပေးနိုင်မယ့် အတွေ့အကြုံကို ခံစားနိုင်မှာပါ ။ Primary Camera ဖြင့် 13MP ရှိတဲ့ ဓါတ်ပုံတွေ နှင့် ရိုးရှင်းသစ်လွင်တဲ့ UI အရှေ့ Camera ဖြင့် 5MP ရှိတဲ့ Selfies ဓါတ်ပုံတွေကို ရယူနိုင်မှာပါ ။ ဓါတ်ပုံရိုက်ယူခြင်း နည်းလမ်းမျိုးစုံ ပါဝင်ခြင်းကြောင့် သင့်ရဲ့ ဆန်းသစ်တီထွင်မှု အလွယ်အကူပုံဖော်နိုင်ခြင်း ၊ Beatification နည်းပညာဖြင့် ဘယ်အချိန်မှာပဲရိုက်ရိုက် သင့်ကို နုပျိုလန်းဆန်းလှပစေခြင်း ၊ ကိုယ်ပိုင်လက်ဟန် အမူအရာ သို့မဟုတ် အသံဖြင့်ထိန်းချုပ်ပြီး ရိုက်ကူးနိုင်ခြင်း နှင့် Anti-Distortion နည်းပညာဖြင့် ဓါတ်ပုံတွင် အမှုံအဝါးပါဝင်မှု ကင်းရှင်းတဲ့ ဓါတ်ပုံများကိုရယူနိုင်ပါတယ် ။

အလွယ်တကူအသုံးပြုနိုင်ပြီး အသုံးပြုတွေ နှစ်သက်မှုရှိစေမယ့် VIBE Xtension Layer အသစ်ကိုသင့်ရဲ့ VIBE X2 Smartphone ကို မိတ်ဆက်ထည့်သွင်းပေးထားပါတယ် ။ အသစ်ပါဝင်တဲ့ VIBE နှင့် VIBE X2 ၏ ဘက်ထရီအတူ ပေါင်းစပ်ကာ 75% ပိုမိုကြာရှည်တဲ့ ဘက်ထရီသက်တမ်းကို ရရှိစေမှာဖြစ်ပါတယ် ။ VIBE X2 ရဲ့Speaker နှင့် အသံပိုင်းနှင့် ပတ်သက်ပြီး နာမည်ကျော်ကြားတဲ့ JBL ရဲ့ hi-fi audio ကြောင့် သင့်ရဲ့ VIBE X2 Smartphone ကို အဆင့်မြင့်တဲ့ စပီကာ နှင့် Audio Device သို့ ပြောင်းလဲပေးနိုင်မှာပဲ ဖြစ်ပါတယ် ။

VIBE X2 ရဲ့ ပြောင်းလဲဆန်းသစ်ထားတဲ့ ဒီဇိုင်းကတော့ ဖုန်းကို အိတ်ပဲထဲကဖြစ်ဖြစ် ထုတ်ယူလိုက်ရုံဖြင့် Black Screen ဒါမှမဟုတ် Lock Screen မှ Camera, Contacts သို့မဟုတ် သင်ကြိုက်နှစ်သက်ရာ App သို့ တိုက်ရိုက်ပို့ဆောင်ပေးနိုင်တဲ့ Out-of-Pocket နည်းပညာပဲဖြစ်ပါတယ် ။ GSM/WCDMA SIM Card ၂ ခုထည့်သွင်းအသုံးပြုနိုင်မှာ ဖြစ်ပြီး 3G Network ရဲ့ မြန်နှုန်းမြင့် HSPA+ အထိရရှိနိုင်မှာဖြစ်တဲ့ အတွက်ကြောင့် အင်တာနက် နှင့် Social App အသုံးပြုတာ ၊ စာဖတ်တာ ၊ သီချင်းနားထောင်တာ ၊ Video ကြည့်တာ ၊ ဂိမ်းကစားတာတွေကို ကောင်းကောင်းလုပ်ဆောင်နိုင်မှာပဲ ဖြစ်ပါတယ် ။ Network မလိုအပ်ပဲအခြား Android ပစ္စည်းများနဲ့ ချိတ်ဆက်နိုင်ပြီး အချက်အလက်တွေ မျှဝေနိုင်ရန် ၊ Virus များနှင့် Malware များကို ကာကွယ်နိုင်ရန် နှင့် Contact များ ၊ SMS မှတ်တမ်းများကို Back Up ပြုလုပ်ထားနိုင်ရန်အတွက် A5500 နှင့် အတူ အသင့် ပါဝင်ပြီးDOit Application များဖြင့် အလွယ်တကူ လုပ်ဆောင်နိုင်မှာပဲ ဖြစ်ပါတယ် ။ Data သိမ်းဆည်းထားနိုင်ဖို့အတွက် Internal Storage 16 GB ပါဝင်ပြီးအပြင် ထပ်မံတိုးချဲ့နိုင်ရန်အတွက် microSD Card ပါဝင် တာကြောင့် 128 GB microSD Card အထိအလွယ်တကူအသုံးပြုနိုင်မှာပါ ။ ဖုန်းတစ်ခုလုံးရဲ့ စွမ်းဆောင်ရည် အမြဲတမ်း မြင့်မားနေဖို့ နှင့် တိကျမြန်ဆန်မှုရှိတဲ့ Touch မျက်နှာပြင်ရဲ့ တုံ့ပြန်မှုတွေ အတွက် CPU နှင့် Memory ကိုအကောင်းဆုံး ထိန်းငြိပေးမယ့် Android v4.4.2 ( Kitkat ) နဲ့ မောင်းနှင်နေပါတယ် ။ အရည်အသွေးကောင်းမွန်ပြီးဒီဇိုင်းဆန်းနဲ့ Lenovo VIBE X2 Smartphone ကို အာမခံချက် တစ်နှစ် အပါအဝင် ဈေးနှုန်းကျပ် ၃၂၉,ဝ၀ဝ ဖြင့် အမြို့မြို့ အနယ်နယ်ရှိ KMD Sales Centre ကြီးများ နှင့် KMD ၏ တရားဝင် အရောင်းကိုယ်စားလှယ် ဆိုင်ကြီးများတွင် ဝယ်ယူရရှိနိုင်ပါပြီ ။ အသေးစိတ် သိရှိလိုပါက ဖုန်း KMD (ပန်းဆိုးတန်း) 01-381-129, 01-381-035 Ext : 124, 146 သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါတယ် ။

Leave a Reply

Your email address will not be published. Required fields are marked *