News, Tablets

ပိုမိုကျယ်ပြန့်တဲ့ မျက်နှာပြင် နှင့် စွမ်းဆောင်ရည်မြင့်မားတဲ့ Lenovo A5500 Tablet(A8)

Lenovo A5500 Tablet(A8)

အရင် Lenovo Tablet တွေထက် မျက်နှာပြင် အရွယ်အစား ပိုကျယ်ပြန့်လာတယ်ဆိုပေမယ့် လက်မဝက်ထက်မက ပါးလွှာတဲ့ ခန္ဓာကိုယ် နဲ့ ဝ.၇ ပေါင်ကျော်ကျော်သာ အလေးချိန်ရှိခြင်း ဖြစ်တာကြောင့် အရွယ်အစားကြီးလာသော်လည်း ပေါ့ပေါ့ပါးပါး အသုံးပြုနိုင်မယ့် 8လက်မ မျက်နှာပြင်နဲ့ Lenovo A8 ( A5500 ) Tablet ဖြစ်ပါတယ် ။ Lenovo A8 ဟာစာဖတ်ခြင်း ၊ သီချင်းများ နားထောင်ခြင်း နှင့် အင်တာနက်အသုံးပြု ခြင်းတို့ အတွက် အသင့်တော်ဆုံးဖြစ်ပြီး အသုံးမပြုတဲ့ အချိန်မှာ အိတ်ထဲ အလွယ်တကူ ထည့်ထားနိုင်ပါတယ် ။ Headphone နဲ့ သီချင်းနားထောင်ရင်ပဲ ဖြစ်ဖြစ် ၊ A5500 ရဲ့ Dual Speaker ဖွင့်ပြီး နားထောင်ရင်ပဲဖြစ်ဖြစ် ပိုမိုကျယ်ပြီး ကြည်လင်ပြတ်သားတဲ့ အသံ ၊ ပိုမိုပီပြင်တဲ့ အသံကိုခံစားနိုင်စေဖို့ အတွက် Dolby® audio စနစ်ဖြင့် မြှင့်တင်ပေးထားပါတယ် ။ ပိုမိုကောင်းမွန်တဲ့ Multi Taskingအတွေ့အကြုံ ၊ ပြေပြစ်ချောမွတ်တဲ့ Android v4.4.2 (Kit Kat) အသုံးပြုနိုင်မှု ၊ Game ကစားနေချိန် ၊ HD Video တွေ ကြည့်ရှုနေချိန်တွေ မှာလေးလံမှုတွေ မဖြစ်စေရန် အတွက် A5500 အတွင်းပိုင်းမှာ Cortex-A7 CPU ၄ လုံး ၊ RAM Memory 1 GB နှင့် Mali 400MP2 GPU တွေက အဓိကမောင်းနှင်ပေးနေ ပါတယ် ။ Main Camera မှာ 5.0 MPသာ ပါဝင်တယ်ဆိုပေမယ့် ထူးခြားထက်မြတ်ကောင်းမွန်တဲ့ Photo နှင့် Video တွေကို ရိုက်ကူးထားနိုင်မှာဖြစ်တဲ့ အပြင် 2 MP ရှိတဲ့ အရှေ့ Camera နဲ့ အတူလှပတဲ့ Selfies Photo ရိုက်ကူးခြင်း နှင့် ကြည်လင်တဲ့ Video Chat အတွေ့အကြုံကိုပါ ခံစားနိုင်မှာဖြစ်ပါတယ်။

GSM/WCDMA SIM Card ထောက်ပံ့ပေးတဲ့ micro SIM Card Slot ပါဝင်တာကြောင့် MPT, Ooredoo နှင့် Telenor တို့ရဲ့ 3G Network မြန်နှုန်းမြင့် HSPA အင်တာနက် ကိုအသုံးပြုနိုင်ပြီး Tablet ထဲပါဝင်ပြီးဖြစ်တဲ့ GPS ဟာ အင်တာနက်မလိုအပ်ပဲ အသုံးပြုနိုင်ပါတယ် ။ Network မလိုအပ်ပဲအခြား Android ပစ္စည်းများနဲ့ ချိတ်ဆက်နိုင်ပြီး အချက်အလက်တွေ မျှဝေနိုင်ရန် ၊ Virus များနှင့် Malware များကိုကာကွယ်နိုင်ရန်နှင့် Contact များ ၊ SMS မှတ်တမ်းများကို Back Up ပြုလုပ်ထားနိုင်ရန် အတွက် A5500 နှင့် အတူ အသင့်ပါဝင်ပြီးDOit Application များဖြင့် အလွယ်တကူ လုပ်ဆောင်နိုင်မှာပဲ ဖြစ်ပါတယ် ။ Data သိမ်းဆည်းထားနိုင်ဖို့ အတွက် Internal Storage 16 GB ပါဝင်ပြီးအပြင် ထပ်မံတိုးချဲ့နိုင်ရန်အတွက် microSD Card ပါဝင် တာကြောင့် 128 GB microSD Card အထိ အလွယ်တကူ အသုံးပြုနိုင်မှာပါ ။ အသုံးပြုရလွယ်ကူပြီး နေ့စဉ်အသုံးအနေဖြင့် အထူးသင့်လျော်တဲ့ Lenovo A5500 Tablet (A8) ကိုအာမခံချက် ၁ နှစ် နှင့် ဈေးနှုန်း 199,000 ကျပ်ဖြင့် အမြို့မြို့ အနယ်နယ် ရှိKMD Sales Centre ကြီးများ နှင့် KMD ၏ တရားဝင် အရောင်းကိုယ်စားလှယ် ဆိုင်ကြီးများတွင် ဝယ်ယူရရှိနိုင်ပါပြီ ။ အသေးစိတ် သိရှိလိုပါကဖုန်း KMD (ပန်းဆိုးတန်း) 01-381-129, 01-381-035 Ext : 124, 146 သို့ ဆက်သွယ် စုံစမ်းမေးမြန်း နိုင်ပါတယ် ။

Leave a Reply

Your email address will not be published. Required fields are marked *