Laptops, News, Review

Lenovo ThinkPad X1 Carbon 8th Gen Black (i7-10th Gen) အကြောင်း

လာမယ့် အောက်တိုဘာလမှာ မြန်မာနိုင်ငံကို ရောက်ရှိလာတော့မယ့် Lenovo ThinkPad X1 Carbon 8th Gen (အနက်ရောင်) ဦးဦးဖျားဖျားသုံးချင်တယ်ဆိုရင် အခုကတည်းက Pre-Oder ကြိုမှာလို့ရပြီနော်။
ပရိုဆက်ဆာက Intel® Core™i7-10th Gen ဖြစ်ပြီး Limited Edition အနေနဲ့ အရေအတွက်ကန့်သတ်ထုတ်လုပ်ထားပါတယ်။ Memory 16 GB နဲ့ Hard Drive ကတော့ 512GB SSD ဖြစ်ပါတယ်။ ထူးခြားတဲ့သွင်ပြင်တစ်ရပ်အနေနဲ့ fingerprint reader ထည့်သွင်းပေးထားပါတယ်။
ကီးဘုတ်ကလည်း Backlit ကီးဘုတ်အမျိုးအစားပါ။ ဘက်ထရီအနေနဲ့ 19.5 နာရီကြာ အသုံးခံပါတယ်။ WiFi 6 ပါဝင်ထားတာကြောင့် သမရိုးကျလက်ပတော့တွေထက် မြန်ဆန်တဲ့ အင်တာနက်ဆက်သွယ်မှုရရှိမှာဖြစ်ပါတယ်။ Skype call ခေါ်ဆို၊ ပြန်ဖြေတာအတွက်လည်း F9 ကနေ F11 ကီးတွေကို နှိပ်ပြီး sub-functions တွေအနေနဲ့ အလွယ်တကူသုံးလို့ရပါတယ်။
အသံပိုင်းအနေနဲ့ Dolby Atmos စပီကာစနစ်နဲ့အတူ upward-firing တွီတာနှစ်လုံး၊ downward-firing ဝူဖာနှစ်လုံးတို့ တပ်ဆင်ပေးထားလို့ စွဲငြိစရာအသံကို ကြားရမှာဖြစ်ပါတယ်။ အဲဒါအပြင် 360 ဒီဂရီ မိုက်ကရိုဖုန်းလေးလုံးက ဒီစက်နဲ့ ဖုန်းခေါ်နေစဉ် မလိုလားအပ်တဲ့ဆူညံသံကို ချေဖျက်ပေးလို့ ဖုန်းအခေါ်အပြော ကြည်လင်ပြတ်သားစေပါတယ်။
ဗီဒီယိုရုပ်ထွက်ပိုင်းမှာလည်း HDR နည်းပညာနဲ့ ရုပ်ရှင်ရုံကအရသာမျိုး ခံစားနိုင်အောင် 4K Dolby Vision ™ panel ထည့်သွင်းပေးထားပါတယ်။ အာမခံ ၃ နှစ်အထိ ပေးထားပါတယ်။
ရောင်းချပေးမယ့်ဈေးနှုန်းက K2,865,140 ဖြစ်ပြီး ယူမယ်ဆိုရင် ICT.com.mm ကို Pre-Oder တင်ဖို့ အောက်က link ကို နှိပ်ပါခင်ဗျ။

Leave a Reply

Your email address will not be published. Required fields are marked *