News

Lenovo က Tab A-Series တက်ဘလက် လေးခု ကို ပြသ

Google ကနေ Motorola ကို မကြာမီ က ၀ယ်ယူခဲ့တဲ့ Lenovo က Tab A-Series Android Tablet များ ကို ပြသခဲ့ပါတယ်။ တက်ဘလက် လေးမျိုးဖြစ်ပြီး အရွယ်အစား နဲ့ Specification များ ကွဲပြားကြပါတယ်။ ပထမဆုံး တက်ဘလက် မှာ Lenovo Tab A7-30 ဖြစ်ပြီး ၇ လက်မ အရွယ်ရှိပါတယ်။ Quad-Core Processor တပ်ဆင်ထားပါတယ်။ SIM Card အသုံးပြုနိုင်ပါတယ်။ အရှေ့ဘက်မှာ စပီကာ နှစ်လုံး တပ်ဆင်ထားပါတယ်။

ဒုတိယ တက်ဘလက် မှာ Lenovo Tab A7-50 ဖြစ်ပြီး ၇ လက်မ အရွယ်ရှိပါတယ်။ Wide-View HD Display , Quad-Core Processor, 2MP Front-Facing Camera တပ်ဆင်ထားပါတယ်။ 3G ဆက်သွယ်မှု လည်း အသုံးပြုနိုင်ပါတယ်။ Internal Storage မှာ 8 GB ပါရှိပါတယ်။

တတိယ တက်ဘလက် မှာ ရှစ်လက်မ Lenovo Tab A8 ဖြစ်ပါတယ်။ အရောင်များစွာ ရွေးချယ်နိုင်ပြီး HD Display တပ်ဆင်ထားပါတယ်။ Dolby Audio ပါရှိပါတယ်။ နောက်ဆုံး တက်ဘလက် မှာ Lenovo Tab A10 ဖြစ်ပြီး ၁၀.၁ လက်မအရွယ်ရှိပါတယ်။ Wide HD Display တပ်ဆင်ထားပါတယ်။ အရှေ့ဘက်မှာ စပီကာ နှစ်လုံး တပ်ဆင်ထားပါတယ်။ Quad-Core Processor တပ်ဆင်ထားပါတယ်။

Lenovo ရဲ့ A-Series တက်ဘလက် များ ကို ဧပြီလ နဲ့ ဇွန်လ များ အတွင်းမှာ တစ်ကမ္ဘာလုံး မှာ ရောင်းချမှာ ဖြစ်ပါတယ်။ A7-30 ရဲ့ ဈေးနှုန်း ကို မသိရသေးပေမယ့် A7-50 ကို စတာလင်ပေါင် ၉၉.၉၉ နဲ့ ရောင်းချပေးမယ်လို့ Lenovo က ပြောပါတယ်။ A8 ကို အနည်းဆုံး ဈေးနှုန်း စတာလင်ပေါင် ၁၃၉.၉၉ နဲ့ စတင်ရောင်းချပေးမှာဖြစ်ပါတယ်။ A10 ကို စတာလင်ပေါင် ၁၆၉.၉၉ နဲ့ ရောင်းချပေးမှာ ဖြစ်ပါတယ်။

အဆိုပါတက်ဘလက်များ ရဲ့ Specification အသေးစိတ် နဲ့ Android Version များ ကို မသိရသေးပါဘူး။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *