Laptops, News, Review

ICT.com.mm မှာ Lenovo Legion5(AMD Ryzen 7) 15ARH05 ဝယ်လို့ရပြီနော်

Processor မြင့်မြင့်နဲ့ Gaming laptop မှ ကြိုက်တဲ့ သူတွေအတွက် ICT.com.mm မှာ Lenovo Legion5(AMD Ryzen 7) 15ARH05 ဝယ်လို့ရပြီနော်…

Lenovo Legion5 Gaming Laptop က အမိုက်စား AMD Ryzen 7 Processor ကို အသုံးပြုပြီးထုတ်လုပ်ပေးထားတဲ့ Lenovo ရဲ့ Gaming Laptop သစ် တစ်လုံးဖြစ်ပါတယ်။ မျက်နှာပြင်ကို ပုံမှန် 15.6” အရွယ်အစားနဲ့ Resolution က Full HD ဖြစ်ပြီး IPS နည်းပညာပါဝင်တဲ့အတွက် ကြည်လင်တောက်ပအရောင်စိုပြည်တဲ့ရုပ်ထွက်နဲ့ ဂိမ်းကစားနိုင်မှာပါ။ Antiglare နည်းပညာပါဝင်တာကြောင့် ဘယ်လိုနေရာမှာပဲသုံးသုံး အလင်းပြန်စေမှာ မဟုတ်ပါဘူး။ Screen Refresh Rate က 120Hz ဖြစ်တဲ့အတွက် မြန်ဆန်တဲ့ Game တွေကိုမျက်နှာပြင်ဝေဝါးမသွားဘဲ ပုံမှန်အတိုင်း ကစားနိုင်စေမှာပါ။

အမိုက်စား Gaming စွမ်းဆောင်ရည်ရရှိစေဖို့အတွက် CPU အဖြစ် AMD® Ryzen™ 7 4800H Processor နဲ့ RAM 8GB (DDR4, 3200MHz) တို့ကို တွဲဖက်တပ်ဆင်ပေးထားပါတယ်။ တပ်ဆင်ထားတဲ့ AMD Ryzen 7 Processor က Intel Core i7-10875H Processor နဲ့ စွမ်းဆောင်ရည်တူညီတဲ့ အမိုက်စား CPU တစ်လုံးဖြစ်ပါတယ်။

Gaming Laptop တစ်လုံးအတွက်အရေးပါတဲ့ ဂရပ်ဖစ်ကတ်အတွက် NVIDIA® GeForce GTX™ 1650 Ti 4GB ဂရပ်ဖစ်ကတ်ကိုတပ်ဆင်ပေးထားပါတယ်။ ဒီဂရပ်ဖစ်ကတ်ကနောက်ဆုံးပေါ် PC ဂိမ်းတွေကို ကစားချိန်မှာ GeForce GTX 950 ထက် နှစ်ဆ ပိုမိုမြန်ဆန်တဲ့ဂရပ်ဖစ်ကတ်ဖြစ်ပြီး GTX 1050 ထက် 70% ပိုမိုမြန်ဆန်တဲ့ဂရပ်ဖစ်ကတ်ပဲ ဖြစ်ပါတယ်။ Laptop ရဲ့စွမ်းဆောင်ရည်ကို မြန်သထက်မြန်စေဖို့အတွက် HDD ထက်ပိုမိုအကြမ်းခံပြီးစွမ်းဆောင်ရည်ပိုမိုမြန်ဆန်တဲ့ SSD 512GB ကို ထည့်သွင်းပေးထားပါတယ်။

Loading ကြာမြင့်တဲ့ Window နဲ့ Game Software တွေကို ဖွင့်တဲ့အခါမှာ စက္ကန့်ပိုင်းလောက်ပဲကြာမြင့်မှာဖြစ်ပြီး သွက်လက်တဲ့ Gaming Experience ကို ရရှိစေမှာပါ။ ဘတ္ထရီအတွက် 4Cell 60Whr ဘတ္ထရီကို တပ်ဆင်ပေးထားပါတယ်။ အင်တာနက် လိုင်းဆွဲအားအရမ်းကောင်းတဲ့ Intel Wi-Fi 6 နည်းပညာပါဝင်တာကြောင့် Online Multiplayer ဂိမ်းတွေကို အထစ်အငေါ့မရှိ ကစားနိုင်မှာပါ။လေဝင်လေထွက် ကောင်းတဲ့ ကိုယ်ထည်ဒီဇိုင်းပုံစံသစ်နဲ့ ထုတ်လုပ်ပေးထားပြီး အပူကြောင့်စွမ်းဆောင်ရည်ကျမသွားအောင် ထိန်းညှိပေးမဲ့ အအေးပေးစနစ်တွေလည်း ပါဝင်ပါတယ်။

အာမခံတစ်နှစ် ပေးထားတဲ့ Lenovo Legion5(AMD Ryzen 7) 15ARH05 ကို K1,491,600 နဲ့ ဝယ်နိုင်ပါပြီ။

Leave a Reply

Your email address will not be published. Required fields are marked *