News, Promotion

Lenovo IdeaPad Gaming 3 15IMH05 Onyx Black (i7/i5-10th Gen) ၁လုံးဝယ်တာနဲ့ လက်ဆောင်တွေပေးနေပြီနော

Lenovo IdeaPad Gaming 3 15IMH05 Onyx Black (i7/i5-10th Gen) ဒီ laptop (၂)လုံးထဲက (၁)လုံး ဝယ်ရင် Ram 8GB ထည့်ပေးပြီး၊ Gaming Backpack တစ်လုံး လက်ဆောင်ပေးနေပါပြီနော်..

ဒီ Lenovo Ideapad Gaming 3 Laptop နှစ်လုံးက i7 Processor တပ်ဆင်ထားတဲ့ Gaming Laptop နဲ့ i5 Processor တပ်ဆင်ထားတဲ့ Gaming Laptop တွေဖြစ်လို့ မြန်ဆန်သွက်လက်တဲ့ Gaming စွမ်းဆောင်ရည် ရရှိစေပြီး၊ ဈေးနှုန်းသက်သက်သာသာနဲ့ အသုံးပြုနိုင်အောင် ထုတ်လုပ်ပေးထားတဲ့ Lenovo ရဲ့Gaming Laptop သစ် တစ်လုံး ဖြစ်ပါတယ်။ ကိုယ်ထည်ကို ‘Oxygen Black’ လို့အမည်ပေးထားတဲ့အမိုက်စား ပလတ်စတစ်ကိုယ်ထည်နဲ့ ထုတ်လုပ်ထားပါတယ်။

မျက်နှာပြင်ကို ပုံမှန် 15.6” အရွယ်အစားနဲ့ ထုတ်လုပ်ပေးထားပါတယ်။Resolution က Full HD ရရှိမှာဖြစ်ပြီး IPS နည်းပညာပါဝင်တဲ့အတွက် သမာရိုးကျ Full HD မျက်နှာပြင်တွေထက် အရောင်ပိုမိုစိုပြည်မှာ ဖြစ်ပါတယ်။ Anti-glare နည်းပညာပါဝင်တဲ့အတွက်ဘယ်လိုနေရာမှာပဲဖြစ်ဖြစ် အလင်းမပြန်ဘဲ အသုံးပြုနိုင်မှာပါ။ Screen Refresh Rate က 120Hz ဖြစ်တဲ့အတွက် Entry Level Gaming Laptop တစ်လုံးအတွက် အဆင်ပြေတဲ့အနေအထားဖြစ်ပါတယ်။

အားကောင်းတဲ့ CPU ကို RAM 8GB (DDR4, 2933MHz) နဲ့တွဲဖက်ပေးထားပါတယ်။ RAM Slot အလွတ်ပါဝင်တဲ့အတွက် RAM ထပ်တိုးချင်ရင်လည်းအဆင်ပြေမှာပါ။ Laptop ရဲ့စွမ်းဆောင်ရည်ကို မြန်သထက်မြန်စေဖို့အတွက် HDD ထက်ပိုမိုအကြမ်းခံပြီး စွမ်းဆောင်ရည်ပိုမိုမြန်ဆန်တဲ့ SSD 512GB ကို ထည့်သွင်းပေးထားပါတယ်။

Loading ကြာမြင့်တဲ့ Window နဲ့ Game Software တွေကို ဖွင့်တဲ့အခါမှာ စက္ကန့်ပိုင်းလောက်ပဲကြာမြင့်တာကို တွေ့ကြရမှာပါ။ Gaming Laptop တစ်လုံးအတွက်အရေးပါတဲ့ ဂရပ်ဖစ်ကတ်အတွက် NVIDIA GeForce GTX 1650 (4GB GDDR6) ဂရပ်ဖစ်ကတ်ကို တပ်ဆင်ပေးထားပါတယ်။နောက်ဆုံးပေါ် PC ဂိမ်းတွေကို ကစားချိန်မှာ GeForce GTX 950 ထက် နှစ်ဆ မြန်ဆန်တဲ့ဂရပ်ဖစ်ကတ်ဖြစ်ပြီး GTX 1050 ထက် 70% ပိုမိုမြန်ဆန်တဲ့ ဂရပ်ဖစ်ကတ်ပဲ ဖြစ်ပါတယ်။

Online Multiplayer ဂိမ်းတွေကို အထစ်အငေါ့မရှိကစားနိုင်ဖို့ လိုင်းဆွဲအားကောင်းတဲ့ 11ax Wifi နည်းပညာကို ထည့်သွင်းပေးထားပါတယ်။ ဘတ္ထရီက 3Cell 45Whr ဘတ္ထရီကိုတပ်ဆင်ပေးထားပါတယ်။ ကီးဘုတ်အတွက် အပြာရောင် Backlit ကီးဘုတ်ကိုအသုံးပြုပေးထားပါတယ်။

OS အတွက် Windows 10 Home ကို ထည့်သွင်းပေးထားတာကြောင့် Cracked Version တွေမှာလို Window Update Errors တွေကို စိတ်မပူရတော့ပါဘူး။ ဆားဗစ်နဲ့ အပိုပစ္စည်းအာမခံ တစ်နှစ် ပေးထားပါတယ်။

ICT.com.mm မှာ Lenovo IdeaPad Gaming 3 15IMH05 Onyx Black (i7/i5-10th Gen) (၁)လုံး ဝယ်ရင် အခု Ram 8GB ထည့်ပေးပြီး၊ Gaming Backpack တစ်လုံး လက်ဆောင်ပေးတဲ့ အစီအစဉ်လေးက ရက်အကန့်အသတ်မရှိပဲ ပစ္စည်းရှိသလောက်ပဲ ရောင်းပေးမှာဆိုတော့..

ပစ္စည်းမကုန်ခင် မြန်မြန်မှာဝယ်ထားမှ စိတ်ချရမယ်နော်..

For Lenovo IdeaPad Gaming 3 15IMH05 Onyx Black (i5-10th Gen),
(K1,173,480)

For Lenovo IdeaPad Gaming 3 15IMH05 Onyx Black (i7-10th Gen),
(K1,305,480)