Mobile, News, Review

Ubuntu OSသုံး Meizu MX4 Handset အသစ်ကို 2015 ခုနှစ်စောပိုင်းတွင် စတင်ဖြန့်ချိမည်

Ubuntu OS သုံးMeizu MX4 Handset အသစ်ကို 2015 ခုနှစ်စောပိုင်းတွင် စတင်ဖြန့်ချိမည်

Ubuntu နှင့် Meizuကုမ္ပဏီနှစ်ခုသည် အကျိုးတူပူးပေါင်းဆောင်ရွက်မှု သဘောတူညီမှု စာချုပ်ကိုတရုတ်နိုင်ငံရှိ Meizu Handset ထုတ်လုပ်သည့် ကုမ္ပဏီရုံးချုပ်မှာ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ဒီကုမ္ပဏီနှစ်ခု သဘောတူညီခဲ့တာကတော့ Meizuမှ ထုတ်လုပ် ထားတဲ့ Flyme OS အသစ် အတွက် Software နှင့် application များကို Ubuntu OS အား အခြေခံပြီး ထုတ်လုပ်ဖို့နှင့် စီးပွားရေးစနစ်အရ နှစ်ရှည် လက်တွဲလုပ်ကိုင်သွားဖို့အတွက် ဖြစ်ပါတယ်။

ဒီနေရာမှာ စာဖတ်သူတို့အနေနဲ့ အနည်းငယ် စိမ်းနေတဲ့ စကားလုံးတစ်ခုကို တွေ့မြင်ရပါလိမ့်မယ်။ ဒါကတော့ Flyme OS ပါ။ ဒီFlyme OS ဟာ Meizuကုမ္ပဏီမှ ဖန်တီးထုတ်လုပ်ထားတဲ့ OS လည်း ဖြစ်ပါတယ်။ ဒီ OS ဟာ Android ရဲ့ နည်းပညာကို အနည်းငယ်ပြောင်းလဲပြီး ဖန်တီးထားတဲ့ OS လည်းဖြစ်ပါတယ်။ ဒီ OS မှာ Android Application ကိုအသုံးပြုနိုင်ပါတယ်။ ဒါဆိုရင်တော့ Flyme OS ရဲ့ အကြောင်းကို သိသွားလောက်ပါပြီ။ အသေးစိတ်သိရှိလိုပါက www.meizumart.com မှာ ဖတ်ရှုလေ့လာနိုင်ပါတယ်။

Meizuကုမ္ပဏီဟာ သူတို့ရဲ့ OS အသစ်ကို ပထမဦးဆုံအကြိမ် ဖြန့်ချိမှုအဖြစ် 2015 ခုနှစ် ပထမသုံးလတွင် တရုတ်နှင့် ဥရောပ နှစ်နိုင်ငံစလုံး၌ စတင်ဖြန့်ဖြူးရောင်းချသွားမည်ဟု သိရသည်။ သို့ပေမဲ့ မရှင်းလေးသေးတဲ့ အချက်တစ်ချက်က Meizu ကုမ္ပဏီအတွက် ကျန်ရှိနေပါသေးတယ်။ ဒီအချက်ကတော့ လက်ရှိထုတ်လုပ်နေတဲ့ MX 4 handset ဟာ Android OS သုံးထားတဲ့ Smart phone ဖြစ်တဲ့အတွက်ကြောင့် နောက်ထုတ်လုပ်မဲ့ Smartphone မှာ Android OS ကို အသုံပြုမလား သို့မဟုတ် Ubuntu OS ကိုပဲ အသုံးပြုတော့မလား ဆိုတာကိုတော့ သေချာမရှင်းပြထားပါဘူး။

သို့ပေမဲ့ 2014 ခုနှစ် ကမ္ဘာ့ မိုဘိုင်းဆိုင်ရာ ဆွေးနွေးပွဲမှာတော့ ကုမ္ပဏီနှစ်ခုစလုံးက အခုထုတ်လုပ်မဲ့ စ္စည်းအသစ်ဟာ MX3 ကို hardware ပိုင်းကို အခြေခံပြီး ထုတ်လုပ်တာဖြစ်ကြောင်း တင်ပြဆွေးနွေးခဲ့ကြပါတယ်။ ဒီလိုထုတ်ပြန်ကြေငြာ ပြီးတဲ့နောက်မှာ တော့ Meizuရဲ့ Fan တို့ဟာ ဒီသတင်းဟာ ခိုင်လုံလား မခိုင်လုံဘူးလား ဆိုတာကိုတော့ ဝေခွဲရခက်ခဲနေခဲ့ပါတယ်။

Ubuntu touch OS ဟာ ဈေးကွက်ထဲမှာ ရောက်ရှိနေတာကြာပေမဲ့ ဒီ OS ကိုအခြေခံထားတဲ့ ပစ္စည်းကရိယာတွေကိုတော့ အသစ်ထုတ်လုပ်နိုင်ခဲ့ခြင်း မရှိပါဘူး။ အဆိုပါ Ubuntu touch OS ကို Canonical Ltd မှ စတင်တီထွင်ဖန်တီးထားတာ ဖြစ်ပြီး Android Platform ရဲ့ Kernalနည်းပညာကိုပါ အခြေခံပြီးဖန်တီးထားတာ ဖြစ်တဲ့အတွက် Android Application ကိုပါ ထည့်သွင်းအသုံးပြုပါတယ်။ ထို့အပြင် Ubuntu ဟာ Desktop PC အတွက်ပါ ထုတ်လုပ်ထားတာကြောင့် Ubunt OS အသုံးပြုပြီး ဖုန်းတွင်သာမက Desktop မှာပါ ဖုန်းခေါ်ဆိုခြင်း၊ Message ပို့ခြင်းအပြင် အခြားသော Ubuntu OS base software & application များကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Meizuကုမ္ပဏီအနေဖြင့်လည်း သူတို့ရဲ့ Cloud service ကို တရုတ်နိုင်ငံရှိ Alibabaကုမ္ပဏီနှင့် ချိတ်ဆက်၍ Ubuntu touch OS ရောFlyme OSတွေမှာပါ အသုံးပြုသူများ Function စုံစွာဖြင့် အသုံးပြုနိုင်အောင် စီစဉ်ပေးသွားမယ်လို့လည်း သိရပါတယ်။ ဒါကြောင့် အခုလိုကုမ္ပဏီနှစ်ခု ပူးတွဲဆောင်ရွက်ခြင်းဟာMeizuရဲ့ Fan နှင့် Meizu mobile phone အသုံးပြုသူ user တွေကပါ Product အသစ် ထွက်ရှိလာမဲ့အချိန်ကို စောင့်မျှော်နေကြတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *