ကိုရီးယား သတင်းတစ်ပုဒ်အရ တောင်ကိုရီးယားအခြေစိုက် Samsungကုမ္ပဏီ အနေနဲ့ မျက်နှာပြင်အကျယ် ၁၂လက်မရှိ Tabletတစ်လုံးကို ထုတ်လုပ်သွားမယ်လို့ သိရှိရပါတယ်။ Samsungရဲ့ ထွက်ရှိပြီးသမျှထဲမှာ မျက်နှာပြင်အကျယ်ဆုံး Tabletတစ်လုံး ဖြစ်လာနိုင်ဖွယ် ရှိပြီး မြို့တွင်းစက်ရုံတွေရဲ့ သတင်းရင်းမြစ်အရ အောက်တိုဘာမှာ ပွဲထုတ်ဖြန့်ချိမယ်လို့ ဆိုပါတယ်။ ဒါပေမယ့် Samsungကတော့ အဆိုပါ Tabletအတွက် ထုတ်လုပ်ပြင်ဆင်နေဆဲသာ ဖြစ်ပြီး အတိအကျဆိုရင်တော့ ၁၁.၆လက်မအရွယ် မျက်နှာပြင်အကျယ်ရှိမှာ ဖြစ်ပါတယ်။
အဆိုပါသတင်းဟာ ဒီနှစ်အစောပိုင်းက လူပြောသူပြောများနေတဲ့ ကောလာဟလတွေပြီး ထွက်ခဲ့တာ ဖြစ်ပါတယ်။ ဇူလိုင်လထဲက သတင်းတစ်ပုဒ်ကတော့ Samsungက ထုတ်မယ့် Tabletဟာ မျက်နှာပြင်အကျယ် ၁၂.၂လက်မ ဖြစ်နိုင်ပြီး Galaxy Tabလို့ အမည်ပေးမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ ဒါ့အပြင် Samsungက ထုတ်လုပ်ပေးထားတဲ့ Google Nexus 10လိုမျိုး Resolutionရှိမယ် လို့လည်း သိရပါတယ်။ အားကျမခံ Appleဟာလည်း ပိုပြီး ကြီးမားတဲ့ Tabletတွေ ထုတ်လုပ်သွားမယ်လို့ ဆိုနေပြန်ပါတယ်။ တကယ်လို့ Samsungရော၊ Appleပါ Tabletအကြီးတွေ တကယ်ပဲ ထုတ်လုပ်လာကြမယ်ဆိုရင် အခြားBrand, အခြားကုမ္ပဏီတွေကလည်း လိုက်ထုတ်ကြမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လကတော့ Toshibaက ၁၃.၃မျက်နှာပြင် အကျယ်ရှိ အန်းဒရွိုက်တက်ဘလက် တစ်လုံးကို မိတ်ဆက်ပွဲထုတ် ခဲ့ပါသေးတယ်။
Retina display နဲ့ထုတ်သင့်တာကြာပြီ။Samsung ကတော့ဝိတ်လျှော့တဲ့နေရာမှာစံပဲ။Tab3အထိဘာမှထူးခြားမလာဘူး
apple က11 လက်မနဲ့13 လက်မကြား TOUCH SCREEN တွေကိုစမ်းသပ်နေတယ်ဆိုလို့လိုက်ဂရက်ထတာဖြစ်ပါတယ်ခင်ဗျာ….တော်တော်အရှက်မရှိတဲ့လုပ်ရက်ကြီးပါခင်ဗျာ….