Business, Lifestyle, News

မြန်မာနိုင်ငံတွင် ပထမဆုံးအွန်လိုင်းလက္ကား ရောင်းဝယ်ရေးဈေးကွက် Kaymu မှစတင်ဖွင့်လှစ်

မြန်မာနိုင်ငံတွင် Kaymu မှ ပထမဆုံးအွန်လိုင်းလက္ကားရောင်းဝယ်ရေးဈေးကွက် စတင်ဖွင့်လှစ်

Kaymu.com.mm မှ မြန်မာနိုင်ငံရှိအွန်လိုင်းရှော့ပင်း ပြုလုပ်နေသူ၊ ယခုမှအွန်လိုင်းရှော့စတင်မည့်သူနှင့် စွန့်ဦးလုပ်ငန်းရှင်များအတွက် ဈေးကွက်အတွင်း လျင်မြန်စွာထိုးဖောက်ဝင်ရောက်နိုင်ရန်၊ ငွေလည်ပတ်မှုပိုမိုလျင်မြန်လာစေရန်နှင့် အခြားအကျိုးကျေးဇူးများစွာအတွက် ပထမဆုံးအွန်လိုင်းလက္ကား ရောင်းဝယ်ရေးဈေးကွက် စတင်ဖွင့်လှစ်လိုက်ပြီဖြစ်ပါသည်။ အွန်လိုင်းမှတဆင့် လက္ကားရောင်းဝယ်ခြင်းလုပ်ငန်း ဖွင့်လှစ်လိုက်ခြင်းနှင့်ပတ်သက်ပြီး Kaymu.com.mm  မှ Country Manager ဖြစ်သူ Max Langer မှ “အွန်လိုင်းလက္ကား ရောင်းဝယ်ခြင်းလုပ်ငန်းဟာ ကြီးမားကျယ်ပြန်တဲ့ ဈေးကွက်တစ်ခုတည်းပေါ်မှာ ကုန်ပစ္စည်းမြောက်များစွာကို လက္ကားရောင်းချထားနိုင်အောင် စီစဉ်ပေးထားတယ်။ ယခုဆိုရင် Kaymu Myanmar မှာ လက္ကား ကုန်ပစ္စည်းပေါင်း ၁ ထောင်ကျော်ကို တွေ့မြင်ဝယ်ယူနိုင်ပါပြီ။ အွန်လိုင်းလက္ကား ရောင်းဝယ်ခြင်းလုပ်ငန်းဟာ ကုန်ပစ္စည်းကိုသွားရောက်ယူဆောင်ရတဲ့အချိန်ကုန်ကျမှုကို သက်သာစေသည့်အပြင် ကုန်ပစ္စည်းဈေးနှုန်းတွေကိုလည်း တစ်နေရာတည်းမှာ နှိုင်းယှဉ်နိုင်မှာပါ။ ကျယ်ပြန်တဲ့ဈေးကွက်အတွင်းက ဈေးအသက်သာဆုံးနဲ့ အမျိုးမျိုးသောကုန်ပစ္စည်းတွေကို ကျေးလက်ဒေသတွေကအစတွေ့ရှိ ဝယ်ယူနိုင်မှာပဲဖြစ်ပါတယ်။ Kaymu application လည်း ထွက်ရှိထားတဲ့အတွက် သင့်မှာစမတ်ဖုန်းတစ်လုံးရှိရုံနဲ့ ရောင်းချခြင်း ဝယ်ယူခြင်း အားလုံးကို ပြုလုပ်နိုင်မှာပါ” ဟုပြောကြားခဲ့သည်။

ကုန်ပစ္စည်းများကို ပြင်ပရှိလက္ကားပေါက်ဈေးများထက် ပိုမိုသက်သာစေဖို့ရန် ရည်ရွယ်ထားပြီး ဝယ်ယူသူများအတွက် ရောင်းချသူများစွာထံမှ ကုန်ပစ္စည်းတစ်ခုချင်းစီအတွက်အမျိုးမျိုးသော ကမ်းလှမ်းမှုတွေမြင်နိုင်အောင် ပြသပေးထားရာ မိမိနှစ်သက်ရာကို ရွေးချယ်ဝယ်ယူနိုင်မှာပဲဖြစ်သည်။ Kaymu အွန်လိုင်းလက္ကား ဈေးကွက်တွင် ရောင်းချသူလိုပါကရောင်းချသူအနေဖြင့် ကုန်ပစ္စည်း in-stock ရှိရမည်ဖြစ်ပြီး pre-order ဖြစ်လို့မရကြောင်း၊အနည်းဆုံးကုန်ပစ္စည်း package ဟာ ၁၀ ခုရှိရမည်ဖြစ်ကာမိမိရောင်းချမည့် ကုန်ပစ္စည်းအမျိုးအစားပေါ်မူတည်ပြီး package ၅၀၊ ၁၀ဝ စသည်ဖြင့်ရောင်းချနိုင်ကြောင်းသိရသည်။

လက္ကားရောင်းဝယ်ရေးမှာ ရောင်းချပါက ကုန်ပစ္စည်းပို့ဆောင်မှုကို ကိုယ်တိုင်ပစ္စည်း ပို့ဆောင်လျှင်သော် လည်းကောင်း၊ Kaymu ရှိ Logistic ကုမ္ပဏီများကိုအသုံးပြု ပို့ဆောင်လျှင်သော်လည်းကောင်း ပို့ဆောင်နိုင်ပါသည်။ အွန်လိုင်း လက္ကားရောင်းဝယ်ရေး၏ အားသာချက်အနေဖြင့် လက်လီထက် ပစ္စည်းများများရောင်းချရခြင်း၊ တစ်ခုချင်းစီရောင်းချခြင်းသည်အမြတ်၊ ငွေလည်ပတ်မှု၊ ကြန့်ကြာနိုင်ပြီး အရေအတွက်များများ ရောင်းချခြင်းဖြင့်ငွေလည်ပတ်မှုကို ပိုမိုမြန်ဆန်စေကာ ပစ္စည်းအသစ်အဆန်းများကိုလည်း ပိုမိုတင်သွင်းရောင်းချနိုင်မည်ဖြစ်သည်။ ယခုဆိုကုန်ပစ္စည်းပို့ဆောင်မှု ကျသင့်ငွေကို ဝက်ဘ်ဆိုက်မှာပစ္စည်း ဝယ်ယူလိုက်တာနှင့်တပြိုင်နက် မိမိနေထိုင်ရာဒေသပေါ် မူတည်ပြီး အလိုအလျောက် တွက်ချက်ပေးတဲ့ စနစ်ကိုအသုံးပြုထားပေးသည်။

သို့ရာတွင်လည်း များစွာသောကုန်ပစ္စည်းများ အတွက်ကိုဖြင့် Kaymu မှ ရောင်းချသူများက အခဲ့မဲ့ပို့ဆောင်ပေးသွားရန် ကမ်းလှမ်းထားပါသည်။ “Kaymuwebsit ကိုလစဉ် လာရောက်လည်ပတ်သူ ၂သိန်းကျော်ရှိပါတယ်။ ဒီအချက်က သာမန်အပြင်မှာဆိုင်တစ်ဆိုင် ဖွင့်တာထက်စာရင် အများကြီးအားသာချက်ရှိပါတယ်။ Offline ရောင်းချသူများအနေဖြင့် အွန်လိုင်းမှာအကောင်းဆုံးသော ဈေးနှုန်းများနဲ့ ကုန်ပစ္စည်းများကို ရောင်းချနိုင်မှာ ဖြစ်သလိုလက္ကားဈေးဝယ်နေရာ အသစ်ကိုလည်း ဖွင့်လှစ်လိုက်ပါပြီ။ Kaymu ကတော့ဒေသတွင်း စွန့်ဦးတီထွင်များအနေနဲ့ လက်လီ၊ လက္ကားရောင်းချမှုများနဲ့ သူတို့စီးပွားရေးကို ဖွံ့ဖြိုးဖို့ကူညီပေးနေပါတယ်” ဟု Max Langer က ဆိုသည်။

Kaymuအကြောင်း

Kaymu သည် ကမ္ဘာပေါ်တွင် တိုးတက်ဖွံ့ဖြိုးလာသည့် ဈေးကွက်တစ်ဖြစ်သည့် အွန်လိုင်းရောင်းဝယ်ရေးဝန်ဆောင်မှုတွင် အကြီးမားဆုံးနှင့် စိတ်အချရဆုံး အွန်လိုင်းအခြေပြု ဈေးကွက်ဝန်ဆောင်မှုလုပ်ငန်း တစ်ခုဖြစ်သည်။ လျှပ်စစ်ပစ္စည်း၊ စာအုပ်များ၊ ဖက်ရှင်ဆိုင်ရာအမျိုးအစားများ၊ gadgets စသည်များကို ရောင်းသူနှင့် ဝယ်သူများအား ဈေးနှုန်းမှန်ကန်စွာဖြင့် လွယ်ကူစွာ ဝယ်ယူရရှိနိုင်ရန် ဝန်ဆောင်မှုပေးလျက်ရှိသည်။ Kaymu.com.mm သည် ဂျာမနီအခြေစိုက် Rocket Internet Company ၏ မြန်မာနိုင်ငံလုပ်ငန်းခွဲ တစ်ခုဖြစ်ပါသည်။