News

Citi နှင့် Standard Chartered Bank တို့အား မြန်မာနိုင်ငံဆိုင်ရာ Credit Ratings အကြံပေးအဖွဲ့များ အဖြစ်ခန့်အပ်

Citi နှင့် Standard Chartered Bank တို့အား မြန်မာနိုင်ငံဆိုင်ရာ Credit Ratings အကြံပေးအဖွဲ့များ အဖြစ်ခန့်အပ်

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရသည် Citi နှင့် Standard Chartered Bank တို့အား မြန်မာနိုင်ငံအစိုးရနှင့် အကဲဖြတ်အဖွဲ့များဖြစ်ကြသော Standard & Poor’s, Fitch Ratings နှင့် Moody’s တို့အကြား ချိတ်ဆက်ဆောင်ရွက်ပေးကာ မြန်မာနိုင်ငံဆိုင်ရာ ငွေရေးကြေးရေးဆိုင်ရာ အဆင့်သတ်မှတ်ခြင်း (Credit Ratings) အကြံပေးအဖွဲ့များအဖြစ် ဆောင်ရွက်ရန် ခန့်အပ်လိုက်ပါသည်။ ထို့အပြင်အကြံပေးအဖွဲ့များသည် မြန်မာနိုင်ငံမှ လက်ရှိဆောင်ရွက်လျက်ရှိသော ငွေကြေးဈေးကွက်နှင့် ရင်းနှီးမြှပ်နှံမှုအတွက် လိုအပ်သည့် အချက်အလက်များ စုဆောင်းရေးကို ပိုမိုတိုးတက်ကောင်းမွန်ရန် နှင့် ရင်းနှီးမြှုပ်နှံသူတို့နှင့် ထိတွေ့ဆက်ဆံရေးတွင် ပိုမိုအကျိုးရှိစေရန် ဖြစ်သည်။ မြန်မာနိုင်ငံ၏ ငွေရေးကြေးရေးဆိုင်ရာ အဆင့်သတ်မှတ်ခြင်း (credit rating) ခရီးစဉ်သည် အစိုးရ၏လုပ်ငန်းစဉ်များ နှင့် အကဲဖြတ်အဖွဲ့ဝင်များ (ratings agencies) အနေဖြင့် အရည်အသွေးပြည့်မှီသော အချက်အလက်များကို စုဆောင်းဆန်းစစ်နိုင်ခြင်း တို့အပေါ်တွင် မူတည်နေပါသည်။

ယုံကြည်စိတ်ချရသော credit rating စနစ်တစ်ခုရှိခြင်းသည် နိုင်ငံတကာဈေးကွက်တွင် မြန်မာနိုင်ငံအနေဖြင့် ပွင့်လင်းမြင်သာမှု ရှိလာစေမည်ဖြစ်ပြီး နိုင်ငံတကာရင်းနှီးမြှုပ်နှံသူများ အကြားတွင်လည်းတိုင်းပြည်၏ အနေအထား ပိုမိုခိုင်မာလာမည် ဖြစ်ပါသည်။ ကောင်းမွန်သော credit rating ရှိခြင်းအားဖြင့်နိုင်ငံ၏ ငွေချေးငှားမှုအတွက်ကုန်ကျစရိတ် သက်သာလာစေမည်ဖြစ်သည့်အပြင် ငွေအရင်းအနှီး ရှာဖွေဖော်ဆောင်ရေးကိုလည်း ကောင်းမွန်စေမည်။ ပွင့်လင်းမြင်သာမှုရှိခြင်းသည် ရင်းနှီးမြှုပ်နှံသူများအနေဖြင့် မြန်မာနိုင်ငံအပေါ် ယုံကြည်စိတ်ချမှုများ ပိုမိုတိုးပွားလာစေမည်ဖြစ်ကာ ထိုမှတဆင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများနှင့် ကုန်သွယ်မှုများ တိုးတက်မြင့်မား လာစေမည်လည်းဖြစ်ပါသည်။ ထိုသို့ဖြင့် မြန်မာနိုင်ငံ၏ပုံရိပ် တိုးတက်ကောင်းမွန် လာမည်ဖြစ်ကာ ပိုမိုကျယ်ပြန့်သော စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင်များဆီသို့ ဦးတည်သွားနိုင်မည် လည်းဖြစ်ပါသည်။

Citi နှင့် Standard Chartered Bank တို့အားရွေးချယ်ရခြင်းမှာ ၎င်းအဖွဲ့အစည်း နှစ်ခုတို့သည် အခြားသော နိုင်ငံအစိုးရများအား credit ratings စနစ်နှင့်ပတ်သတ်ပြီး ဝန်ဆောင်မှုပေးရာတွင် အထူးတလည် အတွေ့အကြုံများ ရရှိထားပြီး ဖြစ်သောကြောင့် ဖြစ်ပါသည်။ Citi ၏ ထိုင်း၊ မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံများဆိုင်ရာ အမှုဆောင် အရာရှိချုပ်ဖြစ်သူ Darren Buckley ကလည်း ယခုလိုပြောကြားသွားပါသည်။ “Citi ဟာပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရရဲ့ credit ratings အကြံပေးအဖြစ် ခန့်အပ်ခံရတာကို အထူးတလည် ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ ကျွန်တော်တို့ဟာ နိုင်ငံအစိုးရတွေကို credit rating စနစ်တစ်ခု ထူထောင်ပေးရာမှာ၊ ပြီးတော့ နိုင်ငံတကာဈေးကွက်တွေနဲ့ ချိတ်ဆက်ပေးရာမှာ၊ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေကို ဖိတ်ခေါ်ပေးတဲ့ နေရာတွေမှာ အတွေ့အကြုံတွေ အများအပြား ရှိထားပါတယ်။ ပြီးခဲ့တဲ့ဆယ်စုနှစ်တွေမှာ ကျွန်တော်တို့ဟာ အာရှ၊ ဥရောပ၊ အရှေ့အလယ်ပိုင်းနဲ့ လက်တင် အမေရိကဒေသက နိုင်ငံအစိုးရဆယ်ခုထက်မနည်း credit rating စနစ်အကြံပေးအဖြစ် တာဝန်ယူခဲ့ဖူးပါတယ်။ အဲဒီအထဲက ငါးနိုင်ငံဟာ မြန်မာနိုင်ငံနဲ့ အလားတူ ကူးပြောင်းရေး အခြေအနေတွေကို ရင်ဆိုင်ခဲ့ကြရတဲ့ နိုင်ငံတွေ ဖြစ်ပါတယ်။”

“Citi ဟာ မြန်မာနိုင်ငံအတွင်းမှာ ၁၉၁၉ ခုနှစ်ကနေ ၁၉၄၂ ခုနှစ်အထိ လုပ်ငန်းတွေ ဆောင်ရွက်ခဲ့ဖူးပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ ဒီနိုင်ငံနဲ့ပြန်လည်ချိတ်ဆက် ဆောင်ရွက်ခွင့်ရဖို့၊ ပြီးတော့ အခွင့်အလမ်းတွေအများကြီးရှိနေတဲ့ဈေးကွက်ကို ယခုထက် ပိုမိုဖွံ့ဖြိုးတိုးတက်လာဖို့ကိုလည်း မျှော်လင့်နေပါတယ်။ “Standard Chartered Bank ၏ထိုင်းနိုင်ငံနှင့် မဟာမဲခေါင်ဒေသဆိုင်ရာ အမှုဆောင်အရာရှိချုပ်နှင့် ဥက္ကဌဖြစ်သူ Ms. Lyn Kok ကယခုလိုပြောကြားသွားပါသည်။ “Standard Chartered နဲ့ မြန်မာနိုင်ငံဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၅၀ ကျော် ကတည်းက အတူ လက်တွဲလာခဲ့ပြီးတော့ သိပ်မကြာသေးခင် ၂၀၁၃ ခုနှစ်မှာ ပထမဦးဆုံး နိုင်ငံတကာဘဏ်အဖြစ်နဲ့ ကိုယ်စားလှယ်ရုံးကို မြန်မာနိုင်ငံမှာ ဖွင့်လှစ်ခဲ့ပါတယ်။ ကျွန်မတို့အနေနဲ့ ကမ္ဘာတဝှမ်းက အစိုးရ ၁၀ ခုကျော်ကို လွတ်လပ်တဲ့ Credit Ratings စနစ်ဖော်ဆောင်ရာမှာ ကြွယ်ဝတဲ့အတွေ့အကြုံ အကြံဉာဏ်များအားဖြင့် ဆောင်ရွက်ပေးနေတဲ့ လုပ်ဆောင်ချက် မှတ်တမ်းတွေရှိနေပါတယ်။ ကျွန်မတို့ဟာ မြန်မာနိုင်ငံအပါအဝင် အာရှနိုင်ငံပေါင်း (၇) နိုင်ငံမှာ ရှိတဲ့ အစိုးရတွေကို သူတို့ရဲ့ credit rating အဆင့် သတ်မှတ်ရေးတွေမှာ ကူညီထောက်ပံ့မှုတွေ ပေးနေပါတယ်” “ကျွန်မတို့ လွတ်လပ်သော credit rating စနစ် အကြံပေးရဲ့ အဓိကအခန်းကဏ္ဍအဖြစ် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံကို စွမ်းရည်တည်ဆောက်မှု နဲ့ သင်တန်းတွေကတဆင့် ထောက်ပံ့ပေးဖို့ ဖြစ်ပါတယ်။ နိုင်ငံခြား ရင်းနှီးမြုပ်နှံသူတွေနဲ့ နိုင်ငံတကာမှ ခိုင်မာသော ဈေးကွက်များနဲ့အတူ ချိတ်ဆက်ဆောင်ရွက်နိုင်အောင် အစိုးရ၏ ကြိုတင်ပြင်ဆင်ရေး လုပ်ငန်းတွေမှာ ထောက်ပံ့မှုတွေ ပေးနေရတဲ့ အခွင့်အရေးရတာကို ကျွန်မတို့ ဂုဏ်ယူပါတယ်” ဟု သူမက ဆက်လက်ပြောကြားသည်။

Citi Citi

Citi Citi သည် နိုင်ငံတကာတွင် ရှေ့ဆောင်ဘဏ် လုပ်ငန်းကြီးတစ်ခုဖြစ်ကာ နိုင်ငံနှင့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေပေါင်း ၁၆၀ကျော်တွင် လုပ်ငန်းများ ဆောင်ရွက်နေပြီး သုံးစွဲသူဘဏ်စာရင်းပေါင်း သန်း ၂၀ဝ ကျော်မျှရှိပါသည်။ Citi သည် စားသုံးသူများ၊ ကော်ပိုရေးရှင်းကြီးများ၊ အစိုးရများ၊ အဖွဲ့အစည်းများအတွက် ဘဏ်ငေစွာရင်းဖွင့်ခြင်းနှင့် အကြွေးဝယ်စနစ်၊ ကော်ပိုရိတ်နှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဘဏ်လုပ်ငန်း၊ စတော့ရှယ်ယာများရောင်းဝယ်ခြင်း၊ ငွေလွဲ ပြောင်းခြင်း၊ ဓနဥစ္စာတိုးပွားစေရေးဆိုင်ရာစသည့် ဘဏ္ဍာရေးဆိုင်ရာ ဝန်ဆောင်မှု အမျိုးမျိုးကို ဆောင်ရွက်ပေးနေပါသည်။

Standard Chartered Bank

ကျွန်ုပ်တို့သည် နိုင်ငံတကာတွင် ရှေ့ဆောင်ဘဏ်လုပ်ငန်းကြီးတစ်ခုဖြစ်ပြီး ဝန်ထမ်းပေါင်း ၈၆၀ဝ၀ ကျော်ဖြင့် နှစ်ပေါင်း ၁၅၀ ကျော်ကြာသက်တမ်းရှိပြီဖြစ်ကာ ကမ္ဘာအဝှမ်းရှိ ကြီးထွား တိုးတက် ပြောင်းလဲမှုနှုန်းလျှင်မြန်သည့် ဈေးကွက်များတွင် ပါဝင်ဆောင်ရွက်သည့် အတွေ့အကြုံများ ရှိထားပါသည်။ ကျွန်ုပ်တို့၏ ဘဏ်လုပ်ငန်းစနစ်ဖြင့် အာရှ၊ အာဖရိကနှင့် အရှေ့အလယ်ပိုင်းဒေသရှိ ပြည်သူများအတွက် ကြွယ်ဝချမ်းသာရေး ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံရေးဆိုင်ရာ အခွင့်အလမ်းများဖန်တီးပေးပါသည်။ အဆိုပါဒေသများမှ ကျွန်တော် တို့ရရှိသောအကျိုးအမြတ်သည် စုစုပေါင်း ပမာဏ၏ ၉၀ ရာခိုင်နှုန်းခန့်ရှိပါသည်။ ကျွန်တော်တို့ လုပ်ငန်း၏ လုပ်ငန်းဆိုင်ရာအမွေအနှစ်နှင့် တန်ဘိုးများကို လုပ်ငန်း အမှတ်တံဆိပ်တွင် ယခုလို ဖော်ပြထားပါသည် ။ Here for good. Standard Chartered PLC သည် လန်ဒန်၊ ဟောင်ကောင်၊ ဘုံဘေနှင့် အိန္ဒိယ အမျိုးသား စတော့ရှယ်ယာဈေးကွက်များတွင် စာရင်းဝင်သောကုမ္ပဏီတစ်ခုဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *