News

Kaymu မှ ရေဘေးသင့်ပြည်သူများအတွက် အွန်လိုင်းမှတစ်ဆင့်လှူဒါန်းနိုင်ရန် အစီအစဉ်တစ်ရပ် ပြုလုပ်မည်။

Kaymu မှ ရေဘေးသင့်ပြည်သူများအတွက် အွန်လိုင်းမှတစ်ဆင့်လှူဒါန်းနိုင်ရန် အစီအစဉ်တစ်ရပ် ပြုလုပ်မည်။

မြန်မာနိုင်ငံ၏ ဦးဆောင်အွန်လိုင်းဈေးကွက်တစ်ခုဖြစ်သော Kaymu.com.mm မှ မြန်မာနိုင်ငံတွင်ဖြစ်ပေါ်ခဲ့သော ရေဘေးသင့်ပြည်သူများ အတွက် အွန်လိုင်းမှတစ်ဆင့်လှူဒါန်းနိုင်ရန် အစီအစဉ်တစ်ရပ်အား ပြုလုပ်ပေးသွားမည်ဖြစ်ပါသည်။ ၄င်းအစီအစဉ်သည် ရန်ကုန်မြို့တွင်ရှိသော Kaymu အဖွဲ့မှ ရေဘေးတွင် ကြုံတွေ့ခဲ့ရသူများကို လွယ်ကူသက်သာ မြန်ဆန်သောနည်းလမ်းဖြင့် ကူညီပေးရန် ရည်ရွယ်ပြုလုပ်ပေးခြင်းဖြစ်ပါသည်။

လှူဒါန်းလိုသူများအနေဖြင့် http://kaymu.com.mm/savemyanmarသို့ ဝင်ရောက်ပြီးငွေကျပ် ၁ သောင်း၊ ကျပ် ၂ သောင်း၊ ကျပ် ၅ သောင်း၊ ကျပ် ၁ သိန်း စသဖြင့် သတ်မှတ်ထားသော listing များထဲမှ Kaymu တွင် ပစ္စည်းဝယ်သကဲ့သို့ပင်ဝယ်ယူလှူဒါန်းနိုင်ပါသည်။ ယင်းသို့ ဝယ်ယူလှူဒါန်းမှုများကို အခမဲ့လာရောက်ကောက်ခံရန် စီစဉ်ထားပြီး လှူဒါန်းခြင်းအတွက် ဂုဏ်ပြုမှတ်တမ်းလွှာကိုလည်း ပေးအပ်သွားမည် ဖြစ်ပါသည်။ လှူဒါန်းရရှိသော ငွေကြေးများအားလုံးကို ရေဘေးသင့်ပြည်သူများကိုသာပေးလှူသွားမည်ဖြစ်ပြီး Kaymu ဘက်မှ လာရောက် ကောက်ခံပေးမှုအတွက် မည်သည့်ငွေကြေးမျှကောက်ခံမည် မဟုတ်ပါ။ လှူဒါန်းမှုများအားလုံးကို မြန်မာနိုင်ငံရှိ ရေဘေးဒုက္ခကယ်ဆယ်ရေးအတွက် ရည်ညွှန်းပြုလုပ်သော Save the Children (အစိုးရမဟုတ်သော အဖွဲ့အစည်း)၊ Facebook fundraiser campaign တွင်ထည့်ဝင် လှူဒါန်းပေးသွားမည်ဖြစ်ပါသည်။

Kaymu အကြောင်း

Kaymu သည် ကမ္ဘာပေါ်တွင် တိုးတက်ဖွံ့ဖြိုးလာသည့် ဈေးကွက်တစ်ဖြစ်သည့် အွန်လိုင်းရောင်းဝယ်ရေးဝန်ဆောင်မှုတွင် အကြီးမားဆုံးနှင့် စိတ်အချရဆုံး အွန်လိုင်းအခြေပြု ဈေးကွက်ဝန်ဆောင်မှုလုပ်ငန်းတစ်ခုဖြစ်သည်။ လျှပ်စစ်ပစ္စည်း၊ စာအုပ်များ၊ ဖက်ရှင်ဆိုင်ရာ အမျိုးအစားများ၊ gadgets စသည်များကို ရောင်းသူနှင့် ဝယ်သူများအား ဈေးနှုန်းမှန်ကန်စွာဖြင့် လွယ်ကူစွာ ဝယ်ယူရရှိနိုင်ရန် ဝန်ဆောင်မှုပေးလျက်ရှိသည်။ Kaymu.com.mm သည် ဂျာမနီအခြေစိုက် Rocket Internet Company ၏ မြန်မာနိုင်ငံ လုပ်ငန်းခွဲ တစ်ခုဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *