News

ကိုယ်တိုင် ကလေးထိန်းမယ့် ကိတ်

George Alexander Louis

ကိန်းဘရစ်ချ်မြို့စားကတော် ကိတ်သည် ကလေးထိန်း နာနီများ၏ အကူအညီမယူဘဲ သူမ၏ သားဦးလေး ဂျော့ချ်ကို ကိုယ်တိုင် ပြုစုပျိုးထောင်မည် ဖြစ်သည်ဟု ထုတ်ဖော်ပြောကြားကြောင်း Heraldsumတွင် ဖော်ပြထားသည်ဟု ဆိုသည်။ ဗြိတိန်ထီးနန်း၊ ဘက်ကင်ဟမ် နန်းတော်တို့၏ အစဉ်အလာအရ မွေးဖွားလာသည့် တော်ဝင်မျိုးဆက်သစ်ကလေးများအတွက် ကလေးထိန်း နာနီများသည် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်ရမည်ဖြစ်သော်လည်း ကိတ်ကမူ ထိုအစဉ်အလာများကို ချိုးဖောက်ပြီး “ကျွန်မကတော့ ကလေးထိန်းတစ်ယောက်မှ ငှားဖို့ အစီအစဉ် မရှိပါဘူး”ဟု ပြောကြားသည်ဟု ဆိုပါသည်။

ဝီလျံတို့ ဇနီးမောင်နှံသည် သူတို့၏ သားလေးအတွက် အချိန်များ ပေးပြီး ဂရုတစိုက် စောင့်ရှောက်မှုများ ပေးရန် ပြင်ဆင်နေကြသကဲ့သို့ ကိတ်၏ မိဘနှစ်ပါးကလည်း သူတို့မြေးလေးအတွက် စီစဉ်ထားကြကြောင်း၊ ကိတ်ကို အရိပ်တကြည့်ကြည့် စောင့်ရှောက်နိုင်ခဲ့သဖြင့် “မေမေ ကျားမကြီး”ဟု နာမည်ကျော်ခဲ့သည့် ကိတ်၏ မေမေ ကာရိုးလ်က ယခုအခါတွင် “ဘွားဘွား ကျားမကြီး”အဖြစ်နှင့် သူ၏ မြေးလေးကို စောင့်ရှောက်ရန်လည်း အားခဲထားပုံရကြောင်း သိရပါသည်။

ဖခင်ဝီလျံ၏ အရိုက်အရာကို ဆက်ခံပြီး ကိန်းဘရစ်ချ်မြို့စား ဖြစ်လာမည့် ကိန်းဘရစ်ချ် မြို့စား မောင်နှံ၏ ရင်သွေး အယ်လ်ဇဘက် ဘုရင်မကြီး၏ မြစ်ဦးလေးကို ဇူလိုင်လ ၂၂ရက်နေ့က စိန့်မေရီဆေးရုံမှာ မွေးဖွားခဲ့ခြင်းဖြစ်ပြီး သူ့ကို ဘက်ကင်ဟမ်နန်းတော်က George Alexander Louis ဂျော့ချ်အလက်ဇန်းဒါးလူးဝစ်ဟု အမည် မှည့်ခေါ်ခဲ့ကြောင်း သိရပါသည်။
ကင်းဘရစ်ချ်မြို့စားကတော် ကိတ်က ကလေးကို ကိုယ်တိုင်ထိန်းမည်ဟုဆိုရာ မြန်မာနိုင်ငံမှ အမျိုးသမီးများ စံနမူနာ အတုယူဖွယ်ပင် ဖြစ်သည်။ မိမိရင်သွေးကို မိမိထိန်းနိုင်သည့် အခြေအနေ ရှိသော်လည်း နာနီတို့ ကလေးထိန်းတို့ အိမ်ဖော်တို့ငှားပြီး ကလေးထိန်းခိုင်းတတ်ကြသည်။ ထိုသို့ငှားမှလည်း ဂုဏ်ရှိသည်ဟု ထင်တတ်ကြသည့် မိခင်များအတွက် ကိတ်က စံပြအဖြစ် ပြုမူပြလိုက်ခြင်းပေလားဟု တွေးထင်ရဖွယ် ဖြစ်ပေသည်။

Ref: True News

 

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *