Laptops, News, Review

Jumper EZBook S5 Gray အကြောင်း

Jumper EZBook S5 မီးခိုးရောင်ဖြစ်ပါတယ်။ ဒီ EZbook S5 ရဲ့ ကိုယ်ထည်အလယ်ခေါင်တည့်တည့်မှာ တောက်ပတဲ့ငွေရောင်ပလတ်စတစ်နဲ့ Jumper ဆိုတဲ့အမှတ်တံဆိပ်ကို ခတ်နှိပ်ဖော်ပြထားပါတယ်။

အသွင်အပြင်အားဖြင့်ကြည့်မယ်ဆိုရင် အတော်လေးဖက်ရှင်ကျပါတယ်။ တောက်ပတဲ့မျက်နှာပြင်နဲ့ ထွက်ပေါ်လာတဲ့ပုံရိပ်တွေကို 1080P အနေနဲ့ တွေ့မြင်ရမှာဖြစ်ပါတယ်။

ကီးဘုတ်အနေနဲ့ကတော့ island-style(ကျွန်းပုံစံ) ဖော်ကျူးထားပါတယ်။ ကီးဘုတ်ရဲ့ space နဲ့ keypcap ဧရိယာ တို့ဟာ အလိုက်သင့်ပြေပြစ်စွာ ရှိနေမှာဖြစ်ပြီး keystroke ဟာ ရှည်လျားပေမယ့်လည်း နှိပ်ကြည့်တဲ့အခါ ညက်ညောပျော့ပျောင်းနေတာ တွေ့ရပါလိမ့်မယ်။

USB 3.0 port နဲ့ mini HDMI port တစ်ခုပါရှိပြီး power interface တစ်ခုကို ဘယ်ဘက်မှာ တပ်ဆင်ပေးထားပါတယ်။ ဘက်ထရီအနေနဲ့က 4600 mAh လစ်သီယံအိုင်ယွန်း ပိုလီမာဖြစ်ပြီး ၃ နာရီကနေ ၆ နာရီအထိ ခံပါတယ်။
ဈေးနှုန်းက K341,250 ဖြစ်ပြီး Warranty ၁ နှစ်ပေးထားပါတယ်။

ဝယ်မယ်ဆို အောက်က link ကို နှိပ်လိုက်နော်။

Leave a Reply

Your email address will not be published. Required fields are marked *