Laptops, News, Review

စျေးနှုန်းသင့်တင်ပြီး touch ရတဲ့ laptop ရှာနေသူတွေအတွက် Jumper Laptop တွေ ICT.com.mm မှာ ရှိပါတယ်နော်

စျေးနှုန်းသင့်တင်ပြီး touch ရတဲ့ laptop ရှာနေသူတွေအတွက် Jumper Laptop တွေ ICT.com.mm မှာ ရှိပါတယ်နော်။

ဒီ Jumper EZbook X1 Laptop က Touchscreen နဲ့ အသုံးပြုနိုင်တဲ့ ရုံးသုံး၊ကျောင်းသုံး Laptop ကောင်းလေးတစ်လုံး ဖြစ်ပါတယ်။ မျက်နှာပြင်ကို 11.6” အရွယ်အစားနဲ့ကျစ်ကျစ်လျစ်လျစ် ထုတ်လုပ်ပေးထားတာပါ။ Resolution က Full HD ဖြစ်တဲ့အတွက် ကြည်လင်တဲ့ရုပ်ထွက်နဲ့ အသုံးပြုနိုင်မှာဖြစ်ပြီး IPS ဖြစ်လို့ ပုံမှန် Full HD မျက်နှာပြင်တွေထက် အရောင်အသွေးပိုမိုစိုပြည်ပါတယ်။ Touch screen အမျိုးအစားဖြစ်ပြီး Capacitive Touch (10point) နည်းပညာကိုအသုံးပြုထားပါတယ်။

Software တွေကို သွက်သွက်လက်လက်အသုံးပြုနိုင်ဖို့ CPU အဖြစ် Intel Celeron N3450 Processor နဲ့ RAM အဖြစ် DDR3L RAM 6GB ကိုတွဲဖက်တပ်ဆင်ပေးထားပါတယ်။ Data Storage ပိုင်းအတွက် HDD ထက် ပိုမိုအကြမ်းခံ၊အသံဆူညံမှုနည်းပါးပြီး စွမ်းဆောင်ရည်ပိုမိုမြန်ဆန်တဲ့ SSD 128GB ကိုတပ်ဆင်ပေးထားတာကြောင့် Loading ကြာမြင့်တဲ့ Windows နဲ့ ဆော့ဖ်ဝဲတွေကို ဖွင့်တဲ့အခါစက္ကန့်ပိုင်းပဲ စောင့်ဆိုင်းရတော့မှာပါ။ အခြား Devices တွေနဲ့ ချိတ်ဆက်အသုံးပြုဖို့ လိုအပ်သမျှ Connection Ports တွေအားလုံးကို ထည့်သွင်းပေးထားပြီး USB Type-C Port ကိုလည်းထည့်သွင်းပေးထားလို့ တကယ်ကို အဆင်ပြေပါတယ်နော်။

Web Camera အဖြစ် 2.0 MP ကင်မရာကို ထည့်သွင်းပေးထားပါတယ်။ကိုယ်ထည်ကို ပေါ့ပါးအကြမ်းခံတဲ့ သတ္တုနဲ့ ပြုလုပ်ထားပြီး (6)နာရီကြာ အသုံးပြုနိုင်တဲ့ 3500mAH 7.6V ဘတ္ထရီကို တပ်ဆင်ပေးထားတာပါ။ OS အဖြစ် Windows 10 Home ကိုတပါတည်းထည့်သွင်းပေးထားတဲ့အတွက် Cracked Version Windows တွေမှာ ဖြစ်တတ်တဲ့ Windows Update Error တွေကို စိတ်ပူနေဖို့ မလိုတော့ပါဘူး။ Laptop အိတ်တစ်လုံးကို လက်ဆောင်ထည့်သွင်းပေးထားလို့ မိမိရဲ့ Laptop လေးကို စမတ်ကျကျသယ်ဆောင်သွားနိုင်မှာပါနော်။ အာမခံ တစ်နှစ် အပါအဝင် K429,000 တည်းနဲ့ အောက်ကလင့်ခ်လေးမှာ စိတ်ကြိုက်လေ့လာရင်း အဆင်ပြေရင် တစ်ခါတည်း ဝယ်သွားလို့ရပါပြီ။

Leave a Reply

Your email address will not be published. Required fields are marked *