News

ဂျပန်လေ့ကျင့်ရေး စစ်သင်္ဘော မြန်မာပြည်လာမည်

ဂျပန်နိုင်ငံ၏ လေ့ကျင့်ရေး စစ်သင်္ဘော JDS Kashima (TV-3508)သည် စက်တင်ဘာ ၃၀ရက်တွင် မြန်မာနိုင်ငံ သီလဝါဆိပ်ကမ်းသို့ ဆိုက်ရောက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်စစ်သံမှူးရုံးမှ သိရသည်ဟု ဆိုသည်။ ပထမဆုံးအကြိမ်အဖြစ် ငါးရက်ကြာ လာရောက် ဆိုက်ကပ်မည့် အဆိုပါ ဂျပန်စစ်လေ့ကျင့်ရေး သင်္ဘောလာရောက်ခြင်း၏ အဓိက ရည်ရွယ်ချက်ကို မြန်မာနိုင်ငံဆိုင်ရာ ဂျပန်စစ်သံမှူးရုံးမှ အသေးစိတ် ပြောကြားမှုမရှိသေးသော်လည်း အောက်တိုဘာ ၄ရက်တွင် မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။

“ချစ်ကြည်ရေးအဖြစ် လာရောက်မှာပါ။ ဒီမှာ ဘယ်လိုအစီအစဉ်တွေနဲ့ ဆောင်ရွက်မယ်ဆိုတာကိုတော့ မြန်မာ့ရေတပ်နဲ့ ညှိနှိုင်းမှုတွေ လုပ်နေတယ်”ဟု မြန်မာနိုင်ငံဆိုင်ရာ ဂျပန်စစ်သံမှူးရုံးမှ တာ၀န်ရှိသူက ပြောသည်။ အဆိုပါ ဂျပန်လေ့ကျင့်ရေး စစ်သင်္ဘောပေါ်တွင် ဂျပန်ရေတပ် လေ့ကျင့်ရေးတပ်သား ၇၀၀ခန့် ပါ၀င်လာမည်ဖြစ်ပြီး ယခု ခရီးစဉ် အသေးစိတ် အကြောင်းအရာများကို စက်တင်ဘာ ၃၀ရက် သင်္ဘော ဆိုက်ရောက်သည့်အချိန်တွင် ပြုလုပ်မည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားမည်ဖြစ်ကြောင်း သိရသည်။

ယင်းနှင့် ပတ်သက်၍ ဧရာ၀တီရေတပ်စခန်း ဌာနချူပ် အမှတ် (၁) ဗျူဟာ စစ်ရေယာဉ်စုမှ အရာရှိတစ်ဦးက “ပူးပေါင်းလေ့ကျင့်မယ့် အစီအစဉ်တော့ မရှိသေးဘူး။ အဓိက,ကတော့ လေ့လာရေးခရီးစဉ်ပါပဲ။ သူတို့စစ်သင်္ဘောပေါ် ကျွန်တော်တို့ လေ့လာမယ်။ ကျွန်တော်တို့ စစ်သင်္ဘောတွေကိုလည်း သူတို့လေ့လာမယ်။ အနီးကပ်မှ အစီအစဉ်ပြောင်းသွားရင်တော့ မသိပါဘူး”ဟု ပြောသည်။

ယခုလကုန်တွင် လာရောက်မည့် ဂျပန်လေ့ကျင့်ရေး စစ်သင်္ဘောမတိုင်မီ သြဂုတ်လအတွင်းကလည်း အာရှ အင်အားကြီး တရုတ်နိုင်ငံ၏ ရေတပ် ဆေးရုံသင်္ဘော လာရောက်ခဲ့သေးသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

One thought on “ဂျပန်လေ့ကျင့်ရေး စစ်သင်္ဘော မြန်မာပြည်လာမည်

  1. Thar Gyi says:

    ဘယ်တော့လဲ

Leave a Reply

Your email address will not be published. Required fields are marked *