Education

ဂျပန်ပညာရေး နှင့် အလုပ်အကိုင်အခွင့်အလမ်းဆိုင်ရာပြပွဲ (Japan Study & Career Fair)ကျင်းပမည်

ဂျပန်ပညာရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းဆိုင်ရာပြပွဲ ကို ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ (၂၉) ရက်၊ တနင်္ဂနွေနေ့တွင် ရန်ကုန်မြို့ PARKROYAL Yangon Hotelတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ပြပွဲစီစဉ်ပေးသည့် RVi Instituteမှ သိရှိရသည်။ ယခုပွဲကို ဂျပန်နိုင်ငံမှ အဖွဲ့အစည်းများ ဖြစ်ကြသော Asia Innovators’ Initiativeမှ ကြီးမှူးပြီး JAFSA (Japan Network for International Education)၊ JASSO (Japan Student Services Organization)နှင့် Fourth Valley Concierge Corporationတို့မှ ပူးပေါင်းစီစဉ်ကျင်းပခြင်း ဖြစ်ပါသည်။

တိုးတက်ပြောင်းလဲလာသော မျက်မှောက်ခေတ်ပညာရေးနှင့် အတူ နိုင်ငံရပ်ခြားတွင်သွားရောက် ပညာဆည်းပူးသော အခွင့်အလမ်းများလည်း များစွာ ပေါ်ထွန်းလျက်ရှိလာပြီ ဖြစ်သည်။ ယင်းတို့တွင် ဖွံ့ဖြိုးပြီး နိုင်ငံတစ်ခုဖြစ်သော ဂျပန်နိုင်ငံရှိ အထက်တန်းကျောင်းများနှင့် တက္ကသိုလ်ကျောင်းများသည်လည်း စိတ်၀င်စားဖွယ်ကောင်းသော ရွေးချယ်စရာ ပညာရေးလမ်းကြောင်း ထဲတွင် ပါ၀င်လျက်ရှိသည်။

ပညာရေးပြပွဲတွင် ဂျပန်နိုင်ငံ၏ ပညာရေးစနစ်နှင့် ပတ်သက်၍ သိကောင်းစရာများ၊ ဂျပန်နိုင်ငံဧ။် တက္ကသိုလ်ကျောင်းသားဘ၀၊ ဂျပန်တက္ကသိုလ်ကြီးများ၏ ပညာရေးဆွေးနွေးမှုများ၊ ဂျပန်နိုင်ငံတွင် ပညာသင်ကြားခဲ့သော နိုင်ငံတကာကျောင်းသားများ၏ မိတ်ဆက်ဆွေးနွေး အကြံပြုမှုများ၊ ပညာသင်ဆု လျှောက်ထားခြင်းနှင့် ကျောင်းလခဆိုင်ရာ သတင်းအချက်အလက်များ၊ ကျောင်းတက်ရင်းအချိန်ပိုင်းအလုပ် (Part time job) လုပ်ကိုင်နိုင်မည့် အခွင့်အလမ်းများအကြောင်းတို့ကို ပညာရေးဆွေးနွေးပွဲပုံစံ၊ အမေးအဖြေပုံစံတို့ဖြင့် ရှင်းလင်းတင်ပြသွားမည် ဖြစ်ပါသည်။

အလုပ်အကိုင်အခွင့်အလမ်း ဆိုင်ရာပြပွဲတွင်မူ ဂျပန်ကုမ္ပဏီကြီးများ၏ အလုပ်အကိုင် အခွင့်အလမ်းဆိုင်ရာ ဆွေးနွေးမှုများ၊ အလုပ်သင် အခွင့်အလမ်းများ၊ အချိန်ပြည့် (Full time position) အလုပ်အကိုင် အခွင့်အလမ်းများ၊ လူတွေ့မေးမြန်းခြင်း (Interview) နှင့် ပတ်သက်သည့် အကြံပြုချက်များအပြင် အလုပ်အကိုင်အခွင့်အလမ်းနှင့် ပတ်သက်၍ သိလိုသည်များကို တိုက်ရိုက်စုံစမ်းမေးမြန်းနိုင်ခွင့်ရရှိမည် ဖြစ်သည်။

အထက်တန်းနှင့် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ၊ ဂျပန်နိုင်ငံတွင် ပညာသင်ကြားလိုသူများ၊ ဂျပန်ဘာသာစကားကို လေ့လာနေသူများ၊ ဂျပန်ကုမ္ပဏီကြီးများတွင် ၀င်ရောက်လုပ်ကိုင်လိုသူများနှင့် ကျောင်းသားမိဘများ လာရောက်လေ့လာသင့်ပြီး နေရာအကန့်အသတ်ရှိပါသဖြင့် စိတ်၀င်စားသူများအနေဖြင့် RVi Institute ဖုန်း ၀၁-၅၃၅၄၃၃၊ ၂၄၂၄၁၀၊ ၅၄၁၈၈၆၊ ၀၉-၈၆၁၂၂၄၆ (သို့မဟုတ်) [email protected] သို့ စုံစမ်းမေးမြန်းကာ ကြိုတင် စာရင်းပေးသွင်း နိုင်ပါသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *